မျှော်​လင့်​​သောလမ်း​လေး

in #esteem6 years ago

image ငါနားလည်​ပါတယ်
ပညာမတက်​တဲ့ငါကို
နင်​အ​လေးထားပြီး
ဒီလမ်းက​လေးကို
ဘယ်​တွဲ​လျှောက်​ချင်​ပါမလည်း
ငါရိပ်​မိပါတယ်
ဥစ္စာမရှိတဲ့ငါကို
နင်​တန်​ဖိုးဘယ်​ထားချင်​ပါမလည်း
ငါကိုယ်​ချင်းစာပါတယ်
အမြဲနုံခြာ​နေတဲ့ငါကို
နင်​ကရုဘယ်​စိုက်​ချင်​ပါမလည်း
ငါ​တွေးမိပါတယ်
ရုပ်​မ​ချောတဲ့ငါကို
နင့်​လက်​တွဲ​ဖော်​အဖြစ်
ဘယ်​ချစ်​ချင်​ပါမလည်း
ဒါ​ပေမဲ့လည်း
ဒို့နှစ်​ယောက်​ရဲ့ဘ၀လမ်းကို
သာယာ​နေ​သောရှုခင်း
လှပ​သောဒီလမ်း​လေးလို
အေးချမ်းလှတဲ့မင်းနဲ့
ပျော်​ရွှင်​ကြင်​နာစွာ
အတူလက်​တွဲ​လျှောက်​ဖို့
ရင်​ထဲမှာ​တော့ငါ​မျှော်​လင့်​မိပါတယ်​။
SMT68@mumushein
Photo from facebook