မုန်း၍မဟူ အပိုင်း(၅၁)

in #esteem6 years ago

မုန်း၍မဟူ အပိုင်း(၅၁)

ဝေ​ဝေ၁၂နှစ်​သမီးအရွယ်​ထိ မိခင်​နှင့်​ အတူတကွ ​နေခဲ့ရသဖြင့်​ ဖြီးပုံ လိမ်းပုံ၊ ဝတ်​ပုံ စားပုံ၊ ​ပြောပုံ ဆိုပုံ၊ ​နေပုံ ထိုင်​ပုံပါမကျန်​ အစခပ်​သိမ်း တ​ရေး​ရေး ပြန်​​ပေါ်လာ​လေသည်​။

လေးငါး​ခြောက်​နှစ်​ မှတ်​မိသ​လောက်​ အရွယ်​က​လေးကပင်​ မိခင်​သည်​ ဝါတွင်းအခါ၌ စစ်​ကိုင်း​ချောင်​သို့ သွားတတ်​ကာ တစ်​လ ကိုးသီတင်း ဥပုသ်​ရက်​ရှည်​ ​စောင့်​​လေ့​စောင့်​ထရှိခဲ့သည်​။

စစ်​ကိုင်း​ချောင်​သို့ သွားလျှင်​ တစ်​​ယောက်​တည်း မသွား​ပေ။
ဖခင်​က အမြဲ လိုက်​ပို့ရသည်​။
အဓိဋ္ဌာန်​ ရက်​မ​စေ့ခင်​ ဥပုသ်​မထွက်​မီ ပြန်​မည့်​ရက်​ကို စာကြိုတင်​​ပေးသည်​။
ဖခင်​ကပင်​ သွားကြိုရသည်​။

image