လ.ဝ.က

in #esteem6 years ago

မှတ်ပုံတင်ပျောက်လို့ ပြန်လျောက်တာ နဲ့ ၁၈ နှစ်ပြည့်လို့ အသစ်လှဲ တာတွေ လုပ်တဲ့ အခါ ခုထိ လ. ဝ . က က ပြည်သူတွေဆီကနေ လည်ပင်ညစ်ပြီး ငွေတွေတောင်းစားနေတုန်းပါဘဲ !

မိုးမိတ်မြို့ မှာလည်း တိုင်းရင်းသား ရှမ်း ပလောင် စတာတွေနဲ့ နိုင်ငံသား တရုတ် အိန္ဒိယ ( ဗုဒ္မဘာသာဝင် ) တွေ
အသက် ၁၈ နှစ်ပြည့်လို့ မှတ်ပုံတင် အသစ်ပြန်ထုတ် တာကို ၂ နှစ် ၃ နှစ် ကြာတာတောင် မလုပ်ပေးဘဲ ငွေတွေ ခွတောင်းစား နေကြပါတယ် !
မိုးမိတ်က အသိတယောက် မှတ်ပုံတင် အမှတ် ၁၃/မမတ(နိုင်) 0536 _ _ ဆိုရင် ၁၈ နှစ်ပြည့် လို့ မှတ်ပုံတင်အဟောင်းအပ်ပြီး အသစ်ထုတ်ဖို့တင်ထားတာ ၃ နှစ် ဝန်းကျင် ရှိနေပြီး သူတို့ခွက်ထဲ ထည့်နေရတဲ့ ငွေကလည်း သုံးသိန်းကျော်နေပြီလို့ ဆိုလာပါတယ် !

မိတ်ဆွေရဲ့ သမီး တစ်ဦး မိုးကုတ်ကနေ မုံရွာ ကို အိမ်ထောင်ကျသွားတာ ပုံစံ ၁၀ လိပ်စာပြောင်းတာ ၁ နှစ်ကျော် ၂ နှစ်နီးပါး ရှိနေပါပြီ ! မိုးကုတ် လ ဝ က က နေ မိတ်ဆွေဖြစ်သူဆီက မိုးကုတ်မှာ လုပ်စရာ ရှိတာတွေ လုပ်ပြီးသား စာရွက်စာတမ်းတွေကို မုံရွာ ပို့ပေးမယ် ဆိုပြီး ပိုက်ဆံတောင်းပြီး စာရွက်စာတမ်း တွေပါ အကုန် ဖျောက်ပစ်လိုက်ပါတယ် ! ဒါမှ ထပ် လုပ်စားလို့ရမှာလေ !

ပြည်သူတွေကို ဒီလို ဒုက္ခ ပေးနေတဲ့ လ. ဝ . က က စားဖားတွေကို ရန်ကုန် ဗဟန်း ဝင်ဒါမီယာ မှာနေတဲ့ မိတ်ဆွေ တစ်ဦးက မှတ်ပုံတင် ပျောက် အသစ်လျောက်တာကို ၂ နှစ်ကျော်သွားတာတောင် မရသေးလို့ ဗဟန်း လ. ဝ . က ရုံး က ဦးစီး မှူး ဆီ သွားတွေပြီး စားဖားတွေကို ပညာပြလိုက်တဲ့ သူ့ရဲ့ အတွေ့အကြုံ ကို အောက်ပါအတိုင်း ဝေမှထားပါတယ် !

ဗဟန်း မှ မိတ်ဆွေ တစ်ဦး ရဲ့ ပြောင်မြောက်တဲ့ ပညာပေးလေး !


တပြားမှ မကုန်ခဲ့ ပါဘူး ! မှတ်ပုံတင်ပျောက်သွားတာကို မလုပ်ပေးဘဲ အကြားကြီး အချိန်ဆွဲထားတယ် !
အဲဒါကို ရုံးက လဝက ဗိုလ်မှုး ဆီသွားပြီး ဒါ တိုင်းပြည်ငွေတွေဖြောင် ပြည်သူ့ငွေတွေ လည်ပင်းညစ်ယူနေကြတဲ့ ၄ တန်း မအောင်တဲ့ တပ်က ကောင် လုပ်ချင်ရာ လုပ်လို့ ရတဲ့ ခေတ်မဟုတ်တော့ဘူး ! မင်းတို့ လစာတွေ က ငါတို့ ပြည်သူတွေ ဆီက အခွန်ကနေ ရနေတာ ! ရှင်းရှင်း ပြောရင် မင်းတို့ က ပြည်သူ့ ကျွန်တွေဘဲ !
လုပ်ပေးမှာလား မလုပ်ပေးဘူးလား မလုပ်ပေးရင် ခုဘဲ ဖုန်းဆက်ပြီး Media အားလုံး ကို ခေါ်လိုက်မယ် လို့ ပြောမှ ၂ ပတ်ထဲနဲ့ ထွက်လာပါတယ် !
တအား လိုချင်နေရင် ခွက်ကိုင်ပြီး ဒူးထောက် ထိုင်လိုက် ပါ ! စေတနာ ရှိသလောက် စွန့် ပေးမယ်လို့ ပြောလိုက်တယ် !

သူ အဲ့ လို ပြောလိုက်တော့မှ ၂ ပတ်နဲ့ မှတ်ပုံတင် ကျလာပါတယ် တဲ့ !
image
Credit:photo
××××××××××××××××××××××××××××

မှတ်ပုံတင် ဆိုတာ နိုင်ငံသားတိုင်း ရဲ့ ရပိုင်ခွင့် လူ့အခွင့်အရေး ပါ ! အဲဒါကို ကြောင်နေပြီး ခေါင်းငုံ့ ပြီး တောင်းသမျှပေးပြီး တောင်းနေစရာ မလိုပါဘူး !
လိုအပ်တဲ့ အထောက်အထား အကုန်ပြည့်စုံပြီး နိုင်ငံသားမှန်တယ် ဆိုရင် အပေါ်က မိတ်ဆွေလို ရဲရဲဝံ့ဝံ့ ရင်ကော့ပြီး တောင်းကြဖို့ ဒီ POST လေးကို ဝေမျှလိုက်ရပါတယ် !

အားလုံး သိသွားအောင် ဝိုင်းပြီး SHARE ပေးကြပါ !