🍀 မပျင်းပါနဲ့~~~

in #esteem6 years ago

image
Credit;photo
ပျင်းရိနေတာက အချိန်ကုန်စေပါတယ် စိတ်ကူးယဉ်မနေပါနဲ့ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ~~~

🍀 ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့
ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမှာပါ~~~

🍀 တသမတ်တည်း မလျှောက်လှမ်းပါနဲ့
အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ
ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ~~~

🍀 အချိန်ကောင်းကို စောင့်မနေပါနဲ့
အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ် အချိန်ကောင်းကို စောင့်မနေပါနဲ့ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ~~~

🍀 ဟန်မဆောင်ပါနဲ့
လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး ပတ်ဝန်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ~~~

🍀 ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့
တစ်ခါတရံမှ ကျင့်ဝတ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ် ဒါက လူသားတွေရဲ့ သဘာဝပါ~~~

🍀 အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့
ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို
ရရှိမှာဖြစ်ပါတယ်~~~

🍀 အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ် ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ~~~

🍀 အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့
အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ ဘ၀မှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ် အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ~~~

🍀 ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့
အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ် တွေးပူမနေပါနဲ့~~~

🍀 အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့
ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ အကောင်းဆုံးပဲလုပ်ပါ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ ကျန်တာအားလုံးကို
မေ့ထားပါ~~~

🍀 ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့
ဘ၀က ပြောင်းလဲနေပါတယ် ဘယ်အရာမှမတည်မြဲဘူးဆိုတာ
အမှတ်ရပါ~

🍀 လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့
အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့~~~

🍀 အယူချည်းပဲမဖြစ်ပါစေနဲ့
ငွေကြေးဥစ္စာပစ္စည်းအရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ~~~

🍀 တစ်စုံတစ်ယောက်က
ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့
ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး ပြောစရာရှိတာပြောပါ လုပ်စရာရှိတာလုပ်ပါ အတွေးနဲ့ ခံစားချက်တွေကို
ဖုံးကွယ်မထားပါနဲ့~~~

🍀 အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့
အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ် တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက
နှလုံးအေးပါတယ်~~~

🍀 မသိသေးပဲ အကဲမဖြတ်ပါနဲ့
အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ
ပိုချစ်ခင်တတ်အောင် ကြိုးစားပါ~~~

🍀 အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့
တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်
မမုန်းပါနဲ့ ခွင့်လွှတ်လိုက်ပါ~~~

🍀 အချစ်ကိစ္စတွေမှာ အဓိပ္ပါယ်မဲ့တာတွေ သိပ်မတွေးပါနဲ့ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ် ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ အများကြီးမစဉ်းစားပါနဲ့ ပျော်ရွှင်မှုချင်းထပ်တူကျရင်
အချစ်စစ်ပါပဲ~~~

🍀 အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့
အမြဲတမ်းဆက်သွယ်နေပါ သူတို့အတွက် တိုက်ခိုက်ပါ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ် အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်~~~

🍀🍀အညာမြေကိုရင်🍀🍀