ဘုန်းကြီး​ကျောင်းသား​ရေးတဲ့ ရည်းစားစာ

in #esteem6 years ago

image
Credit:photo
♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡
ဘုန်းကြီး​ကျောင်းသားဆို​ပေသည့်
အထင်​​တော့မ​သေးနဲ့ 
တောက်​မယ့်​ ဂတ်​စ်​မီး တရွှီးရွှီးဆိုသလို
(အခု​ခေတ်​က ​ဂတ်​စ်​မီးသုံး​နေကြပြီ)၊
ငယ်​ငယ်​ထဲက စာ​ပေဝါသနာပါတာ။

ဒါ​ပေမယ့်​ ဒီ​ကောင်​စာ​ရေး​တော့ 
တော်​​တယ်
လူပျို​ပေါက်​အရွယ်​​ရော​က်​​တော့
ဒီ​ကောင်​စိတ်​ကလှုပ်​ရှား​နေပြီ
ရည်းစားစာ​တွေဘာ​တွေ ​ရေးတတ်​​နေပြီ ....

တစ်​​နေ့​တော့ ရပ်​ကွက်​ထဲ
ကောင်​မ​လေးတစ်​​ယောက်​ကို
ရည်​စားစာ​ပေးလိုက်​တာ
ဟို​ကောင်​မ​လေးက ဘုမသိ ဘမသိနဲ့
သူ့အ​မေသွားပြလို့ သူ့အ​မေက
ဆရာ​တော်​ကိုလာ​လျှောက်​တယ်​။
ဆရာ​တော်​ကို​လျှောက်​​တော့
ဆရာ​တော်​က ​အေး​အေး
ငါဆုံးမထားလိုက်​မယ်​ဆိုပြီး
စာရွက်​ကိုသက်​​သေအဖြစ်
ယူထားလိုက်​တယ်​။

ညဘုရားဝတ်​ပြုပြီး​တော့
သြဝါဒ​ပေးတယ်
လိမ်​လိမ်​မာမာ​နေဖို့နဲ့
စာကြိုးစားဖို့ပါပဲ 
ခဏ​နေ​တော့ ဆရာ​တော်​က
ကျောင်းသားကြီးတစ်​​ယောက်​ကို
အထခိုင်းပြီး
အေး အောင်​မျိုး ရပ်​ကွက်​ထဲက 
ကောင်​မ​လေးတစ်​​ယောက်​ကို
စာ​ပေးတယ်​လို့ သူ့အ​မေက
ငါ့ကို လာ​လျှောက်​တယ်
ဘာ​တွေ ​ရေးထားလည်း
အားလုံးကြား​အောင်
ဖတ်​ပြလိုက်​စမ်း ကျောင်းသားကြီး
အားလုံးကြား​အောင်
အသံ​နေအသံထားဖြင့်
အသံကိုမြှင့်​၍ ဖတ်​​လေသည်​။

အားလုံးတိတ်​ဆိတ်​ငြိမ်​သက်​​နေရာ
ထို​ကျောင်းသား အသံမှာ
ဟိန်းထွက်​​နေ​လေသည်​။ 
ကျောင်းသားကြီးမှ
အောက်​ပါအတိုင်း စ၍ဖတ်​လိုက်​သည်​။

#ကောင်းကင်​ဆိုတာ အာကာသ
တောင်​ပြင်​ဆိုတာ ဒက္ခိဏ
ကိုယ့်​ရင်​ထဲမှာ မင်းရှိမှ။

ဟိုက် တယ်​ဆိုတဲ့စာပါလား
ဘုန်းကြီး​ကျောင်းသားလို့မ​ပြောရဘူး
ပါဠိလို​တွေ​ရောပါသဟ :)၊
ဆက်​ဖတ်​တယ်​။

#စတုဒိသာ ​လေးမျက်​နှာ
အဋ္ဌဒိသာ ရှစ်​မျက်​နှာ
ကိုယ့်​ရင်​ထဲမှာ မင့်​မျက်​နှာ။

အလဲ့ မသိရင်​ ​မေတ္တာပို့လိုလိုဘာလိုလိုနဲ့
လက်​အုပ်​ပဲချီရ​တော့မလိုလို
စာသား​တွေက သူနဲ့နီးစပ်​တဲ့ 
ကြေးစည်​ရနံ့​ရောနေပါ​နေတယ်
အားလုံး အူနှိပ်​ပြီးရယ်​​နေကြပြီ။
ဆရာ​တော်​က ယပ်​​တောင်​ကွယ်​၍
ဣ​နြေ္ဒဆယ်​​တော်​မူ၏ ဆက်​ဖတ်​​လေ။

#အကြင်​သူသည်​ ​ယော
ထိုသူဆိုတာ ​သော
ငါ့ကိုချစ်​ရင်​ ပြန်​၍ ​ပြော။

ဟိုက်
ဟားး ဟားးး
အားလုံးမျက်​ရည်​​တွေထွက်​ကုန်​ပြီ
ရယ်​ကြတာ....

င​အောင်​မျိုး ခမျာ မှာ
မျက်​လုံးကလယ်​ကလယ်​နဲ့
သူပါ ရှက်​ပြီး လိုက်​ရယ်​တယ်​။
အဲလိုပါဆို 

ဦးသာ

ဘဝအမောတွေ ပြေပျောက်နိုင်ကြပါစေ

Sort:  

Hi, I just followed you
Follow back and we can help each other succeed! @hatu