Book

in #esteem6 years ago

FB_IMG_1523048447080.jpgဒေါ်တင်မမ၏မျက်လုံးအကြည့်များကသူ့ရှေ့မှာထိုင် နေသည့်မျိုးမင်းသူ၏တစ်ကိုယ်လုံးဆီသို့တရစ်ဝဲဝဲ ရောက်ရှိနေကြသည်။မျိုးမင်းသူကအသက် ၃၀ဝန်းကျင်အရွယ်သူမထက်ဆယ်နှစ်နီးပါးလောက်ငယ်ပြီး တောင့်တင်းကြံ့ခိုင်သောကိုယ်လုံးကိုယ်ထည်နှင့် အားကစားလိုက်စားသူတစ်ယောက်၏ကိုယ်ခန္ဓာ အဆက်အပေါက်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။
အသားဖြူဖြူ အရပ်အမောင်းမြင့်မားပြီးကုတ်ထောက်နေသောဆံပင်ကိုပိုနီတေးပုံစံစည်းနှောင်ထားကာစနစ်တကျရိတ်သင်ထားသည့်နှုတ်ခမ်းမွေးရေး ရေး၊ပါးမြိုင်းမွေး၊မုတ်ဆိတ်မွေးစိမ်းစိမ်းများဖြင့်မျိုးမင်းသူ၏ဟန်အမူအယာမှာဒေါ်တင်မမအဖို့စိတ်ကူးယဉ်အိပ်မက်ထဲကရွှေမင်းသားလေးတစ်ပါးအလား ဘယ်လိုကြည့်ကြည့်ကြည့်လို့မဝနိုင်အောင်ဘဲရှိနေ လေသည်။မျိုးမင်းသူကမန္တလေးမြို့မှဒေါ်တင်မမ၏ မိတ်ဆွေတစ်ဦးဖြစ်သူ ဒေါ်ဝင်းမင်းသန်း၏သားဖြစ်ပြီး နိုင်ငံခြား သင်္ဘောလိုင်းတစ်လိုင်းမှာ သင်္ဘောသားအဖြစ်အလုပ်လုပ်ကိုင်နေသူလည်းဖြစ်ကာ လွန်ခဲ့သည့် တစ်ပတ်ကျော်ကျော်လောက်ကမှ သင်္ဘောနား၍ အိမ်ကိုခေတ္တခဏပြန်လာခဲ့သူဖြစ်သည်။

မိဘအိမ်မှာ သုံးလေးရက်ခန့်နေပြီးနောက် ကုမ္ပဏီနှင့် ပြန်လည်ဆက်သွယ်ဖို့အကြောင်းပြပြီး ဒေါ်တင်မမရှိရာ ရန်ကုန်ကို တစ်နေ့ကမှ ဆင်းချလာခဲ့သည်။

သူနှင့် ဒေါ်တင်မမမှာ ယခင်ကတည်းက အဆက်အသွယ်များရှိကြပြီး ဂျီတော့ပ် စသည့် အင်တာနက်လိုင်းများမှ တဆင့်လည်း မကြာခဏတွေ့ဆုံ၍ ဒိတ်လုပ်လေ့ရှိကြကာ အတော်အတန်ပင် ခရီးရောက်နေကြပြီဟု ဆိုနိုင်ပါသည်။

ဒေါ်တင်မမမှာ လင်ဖြစ်သူ ဒေါက်တာဦးကိုကိုဇော်ဆုံးပြီးကတည်းက အထက်တန်းလွှာမှ သူမနှင့် စိတ်သဘောချင်း တိုက်ဆိုင်သည့် အရင်းနှီးဆုံးမိတ်ဆွေ တချို့နှင့်သာ သွားအတူလာအတူလုပ်ပြီး ငါ့မြင်းငါစိုင်းဆိုသကဲ့သို့ ထင်တိုင်းကြဲ နေသူတစ်ယောက်ဖြစ်လေရာ သူမမှာ နောက်ဆံတင်းရမည့်သူလည်း မရှိပါချေ။ မိမိတွဲလိုသူကို ငွေကြေးမည်မျှကုန်ပစေ ပုံအော၍ သဘောရှိတွဲနိုင်သူလည်းဖြစ်ပါသည်။

ဒေါ်တင်မမ ဧည့်ခန်းရှိဆက်တီခုံမှာထိုင်၍ မျိုးမင်းသူနှင့်အတူ ရောက်တတ်ရာရာ စကားစမြည်ပြောဆို နေကြရာက မျိုးမင်းသူကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်ပြီး …

"ကဲ ငါ့မောင်လည်း သွားရလာရတာနဲ့ခရီးပန်းနေပြီ အနားယူချင်ရင်ပြော အပေါ်ထပ်ကို သွားကြမယ်လေ "

ဆိုပြီး ပြောလိုက်တော့ မျိုးမင်းသူလည်း သူမကိုမော့ကြည့်လိုက်ကာ ခေါင်းကိုအသာညိတ်ပြလိုက်ပြီး …

"ဟုတ်ကဲ့ မမ … သွားကြတာပေါ့ … "

ဟုဆိုကာ နှစ်ယောက်သား အိမ်အပေါ်ထပ်ရှိ အိပ်ခန်းဖက်ဆီကို သူမကပင်ဦးဆောင်၍ နှစ်ယောက်အတူတကွ လှမ်းတက် လာခဲ့ကြလေသည်။

ဒေါ်တင်မမ၏အိပ်ခန်းမှာ အတော်ပင်ကျယ်ဝန်းပြီး လေဝင်လေထွက်လည်း ကောင်းမွန်သည်။

မျိုးမင်းသူ အခန်းထဲရောက်သည်နှင့် သူ့ အပေါ်ဝတ်ရှပ်အင်္ကျီကို ကြယ်သီးများဖြုတ်၍ ချွတ်လိုက်သည်။ အတွင်းခံ စွပ်ကျယ်လက်ပြတ်အောက်မှ ကြွက်သားအမြှောင်းမြှောင်းထနေသော သူ့ခန္ဓာကိုယ်အား ဒေါ်တင်မမ၏ လက်များက သွေးတိုးစမ်းသည့်နှယ် ဖွဖွရွရွကလေး စမ်းသပ်ကိုင်တွယ်လာသည်။