Book

in #esteem6 years ago

ကာမပေါ်လစီ

ဒီနေ့အပျော်ဆုံးနေ့။ကျော်ဝင်းထောင်ကလွတ်ပြီမို့ ဒီနေ့သည်သူ့အဖို့အပျော်ဆုံးနေ့တစ်နေ့ဖြစ်ပါတော့သည်။သူထောင်ကျစဉ်က အသက်၂၀။ ထောင်ထဲမှာ ၄ နှစ်၅ လ နေခဲ့ရသည့်အတွက် အခုဆိုလျှင် အသက်၂၅နှစ်ထဲရောက်လာပြီ။သူထောင်ကျရ
သည့်ပြစ်မှူကမုဒိန်းမှု။မုဒိန်းမှူစစ်စစ်ကားမဟုတ်။
ထောင်ချောက်ဆင်ပြီးတရားဆွဲခံရသည့်မုဒိန်းမှူ။
“မောင်ကျော်ဝင်း ဘာအမှူနဲ့ကျသလဲ.မှူဒိန်းမှူပါဆရာ.အေး.ထောင်ကလွတ်သွားရင်ကိုယ့်ဘ၀ကို အသိတရားနဲ့ပြုပြင်ပြီးကောင်းကောင်းနေသွားပါ
ဒီထောင်ဆိုတဲ့နေရာမျိုးကိုဘယ်လိုအကြောင်းနဲ့ မှ ပြန်မရောက်ပါစေနဲ့ …..
……..ဟုတ်ကဲ့ပါဆရာ….
…..မင်းတို့ အကျဉ်းသားတွေ တန်းပိတ်တဲ့အခါတိုင်း အမြဲတမ်းသံပြိုင်ရွတ်ရွတ်နေကြတဲ့
မင်္ဂလာသံပေါက်နဲ့ အညီ အတတ်နိုင်ဆုံး နေပါလို့ ဆရာ အလေးအနက်မှာလိုက်ချင်တယ်…
…….ဟုတ်ကဲ့ပါဆရာ….
…….မင်းထောင်ထဲမှာ ဘာအလုပ်လုပ်ခဲ့သလဲ…
……ကျွန်တော်သန့်ရှင်းရေးအလုပ်နဲ့ ဘာယာကင်းစောင့်အလုပ်ပါဆရာ…
အေး….မင်းဟာ အလုပ်တာဝန်ကျေပွန်တဲ့အကျဉ်းသားတယောက်ဖြစ်ကြောင်း အကျဉ်းထောင်မှူးက တင်ပြထားတယ်
…အေး…ကင်းစောင့်တဲ့အလုပ်ဆိုတာ သတိနဲ့ စောင့်ကြည့်ရတဲ့ အလုပ်မဟုတ်လား…
…….ဟုတ်ပါတယ်ဆရာ….
….အဲဒီလိုပဲ ကိုယ့်ဘ၀ကိုမတိမ်းမစောင်း မလွဲချော်ရအောင်သတိနဲ့ နေပါ..
သတိနဲ့ ပြောဆိုပါ….သတိနဲ့ လုပ်ကိုင်ပါမောင်ကျော်ဝင်း….ီ သင်ခန်းစာကို အသုံးချတတ်ရင်မင်းအတွက်
အကျိုးရှိမှာပါ…
မင်း..ည အချိန်ကင်းစောင့်ရ တိုင်းသတင်းပို့ ရတဲ့သတင်းပို့ ချက်ကိုဆိုပြစမ်း…
……ဟုတ်ကဲ့ဆရာ…
ကျော်ဝင်းကအောက်ပါအတိုင်းဆိုပြလိုက်သည်။
……ကောင်းဗျ….(၉ x ၁၁ ) အချိန်ကျ ကင်းမှူး။ ၉၈၁၉ မျဉ်စောင်း စီ
ကျော်ဝင်း တန်းပိတ် အင်အား (၇၂) အကြောင်းထူးမရှိ…အားလုံးကောင်းဗျ
ကဲ….ကဲ…သွားနိုင်ပြီ…
ကျော်ဝင်းထောင်ပိုင်ကြီးကိုလေးလေးနက်နက်လက်အုပ်ချီဦးညွတ်ဂါရ၀ါပြုရင်း ထွက်လာခဲ့၏
ထိုနေ့ က သူနှင့်အတူလွတ်လာသူများမှာ ၁၈ ယောက်တိတိဖြစ်သည်။
သို့ သော်….တခြားဆိုက်တွေကမို့ ခင်မင်ရင်းနှီးသူတွေမပါ။
ထောင်ဗူးဝက ထွက်လိုက်သည်နှင့်တပြိုင်နက် အပြင်လောကကြီးကို အားပါးတရ တ၀ကြီးကြည့်လိုက်၏
လေကိုတ၀ကြီး ရှူလိုက်သည။ပြ်ီးတော့…ဟား…ကနဲ ပြန်ထုတ်လိုက်သည်။
တကိုယ်လုံး လန်းဆန်းပေါ့ပါးသွား၏
ထောင်အထွက်ဂိတ်တွင်လက်မှတ်ထိုး ပြီးသည်နှင့်ထောင်လောင်းရိပ်က အပြီးအပိုင်လွတ်မြောက်သွားတော့သည်။
သူနှင့်ခင်မင်ရင်းနှီးသော ထောင်ဝန်ထမ်းက ငွေ၅၀၀၀ထည့်ပေးလိုက်သဖြင့်
ထောင်နှင့်မျက်နှာချင်းဆိုင်ရှိလက်ဖက်ရည်ဆိုင်သို့ ဝင်ထုငိလိုက်သည်။
ဆိုင်ထဲအ၀င်ဒီဇိုင်းလှသော ဆိုင်းဘုတ်လေးကိုမော့ကြည့်ဖြစ်သည်။
……အတုမဲ့ပျော်ရွှင်ခြင်း…..တီးဟောက်(စ်)တဲ့…..
ကျော်ဝင်း နှစ်နှစ်ကာကာ ပြုံးလိုက်မိသည်။
၎ နှစ်ကျော်ကာလအတွင်း ပြောင်းလဲတိုးတက်နေသော မြင်ကွင်းသစ်များကိုသတိထားလိုက်မိသည်။
ကျော်ဝင်းက ထောင်ဖက်သို့ မျက်နှာမူထားသော စားပွဲတွင်ဝင်ထိုင်လိုက်ပြီးထောင်ကြီးကို
စူးစူးစိုက်စိုက်ကြည့်နေမိသည်။
…..အကို….ဘာမှာမလဲ…
သူ့ခေါင်းက ဆံပင်ပုံစံကို ကြည့်၍ စားပွဲထိုးကောင်လေးက လွတ်လူမှန်းသိသွားပုံရ၏ ပြုံးစိစိနှင့်။
……ချိုပေါ့ကျတခွက်နဲ့ ကြာဆံကြော်တပွဲ….Red Ruby..တပွဲချကွာ…
စားပွဲထိုးထွက်သွားသည့်တိုင်သူ့မျက်လုံးများက ထောင်ကြီးဆီသို့ စူးစိုက်ကြည့်နေဆဲ။
အကြည့်တွေကေ၀၀ါးသွား၏ အာ၇ုံတွေ ထွေပြားသွား၏
သူ့မျက်လုံးထဲ အဖြူရောင်ပိတ်ကားကြီးသဖွယ်ဖြစ်သွား၏
ထိုအဖြူရောင်ပိတ်ကားပေါ်တွင်မျက်နှာတခုသိသိသာသာပေါ်လာသည်။
သူ့ကိုမုဒိန်းမှူနှင့်တရားစွဲဆိုခဲ့သည့်မသောင်းခင်။
မသောင်းခင်က သူ့ကိုမြူဆွယ်သော ရမ္မက်မျက်လုံးတို့ ဖြင့်ရီဝေစွာ ကြည့်နေသည်။
ကျော်ဝင်းစိတ်တွေက အတိတ်ဆီသို့ ပျံသန်းသွား၏
ကျော်ဝင်းရေ….ဟေ့ကျော်ဝင်း…ဒီခဏလောက်
ကျော်ဝင်း မြောက်ဖက်က တောင်ကမ်းပါးယံတွင်ထင်းခုတ်နေစဉ်တောင်ဘက်ကမ်းပါးယံရှိ
ဝါးရုံတော အခြေမှမသောင်းခင်လှမ်းခေါ်သည်။ အမြင်နီးသော်လည်း ကြားထဲတွင်တောင်ကျချောင်းကခံနေသဖြင့်
တကယ်သွားလျှင် အနည်းငယ်လှမ်း၏။ ချောင်းထဲမှာ ရေအနည်းငယ်သာရှိ၏။ ချောင်းဘေးတွင်မူသမုန်းပင်တွေ၊
တောရှောက်ပင်တွေက် တောထအောင်ပေါက်နေကြသည်။
…ခဏ…ခဏ…လာခဲ့မယ်…ဒီအပင်လက်စသတ်အောင်ခုတ်လိုက်အုံးမယ်…
ကျော်ဝင်းက…မသောင်းခင်ကြားအောင်ပြန်အော်လိုက်၏ မသောင်းခင်က အသက်၃၅ ၀န်းကျင်လောက်ရှိပြီ။
တောသူဆိုပေမယ့်မြို့ မှာနေထိုင်သည့်အတွက်သူမ အသားအရေက ၀င်းဝါ စိုပြေနေ၏ ။ အမို့ အမောက်
အရှိုက်အဟိုက် အစွင့်အကား အင်္ဂါရပ်တွေနှင့်စွဲမက်နှစ်သက်စရာကောင်း၏။ အလွယ်ဆုံး ပြောရလျှင်
ရွှေဘိုမင်းကြိုက်လုံးကြီးပေါက်လှစတိုင်။
လွန်ခဲ့သောသုံးလခန့်ကမှတတိယမြောက်ယောက်ျားနှင့်
တရားဝင်ကွာရှင်းခဲ့ပြီး သမီးတယောက်နှင့်ရွာသို့ ခေတ္တပြန်ရောက်လာသည်။ ပထမယောက်ျားနှင့်သားသမီးမရခဲ့။ ယခု
ရထားသော သမီးမှာ ဒုတိယမြောက်ယောက်ျားနှင့်ရထားသော သမီးဖြစ်သည်။

Written..@phyothethtar
Ref. googleFB_IMG_1523048447080.jpg

Sort:  

World of Photography
>Visit the website<

Thank you for participating in #smartphonephotography

You have earned 5.05 XP for sharing your photo!

Daily Stats
Daily photos: 1/2
Daily comments: 0/5
Multiplier: 1.01
Server time: 23:13:08
Account Level: 0
Total XP: 10.10/100.00
Total Photos: 2
Total comments: 0
Total contest wins: 0
When you reach level 1 you will start receiving up to two daily upvotes

Follow: @photocontests
Join the Discord channel: click!
Play and win SBD: @fairlotto
Daily Steem Statistics: @dailysteemreport
Learn how to program Steem-Python applications: @steempytutorials
Developed and sponsored by: @juliank