Book

in #esteem6 years ago

FB_IMG_1523048447080.jpgရှမ်းပြည်နယ်၊တောင်ကြီးမြို့ ။ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး
“လုံခြုံရေးလမ်းကြောင်းတွေအားလုံးစီစဉ်ပြီးပါပြီရဲမှူး”ခြေစုံဆွဲ အလေးပြုကာ ပြောလိုက်တဲ့ ဒုရဲအုပ် ဆွေဆွေထွန်း ကို လက်တော့ပ် နဲ့ အလုပ်များနေတဲ့ ရဲမှူး
ဦးမင်းလတ် တချက်မော့ကြည့်သည် ။
“ အေး .. ကောင်းတယ် .. ရှေ့ဆုံးက ပွိုင့်ကားမှာအရာရှိ ဘယ်သူပါလဲ ...”
“ ရဲအုပ် ကျော်မောင်မောင် ပါ ရဲမှူး ....”
“ အေး ကောင်းတယ် .. ယဉ်ယဉ်နွယ် ကို ခဏ ခေါ်လိုက် ...”
“ ဟုတ် .. ရဲမှူး ....”
ဒုရဲအုပ် ဆွေဆွေထွန်း သူ့ရှေ့က ထွက်အသွား သူ တချက်ကြည့်လိုက်သည် ။ အပြာရင့်ရောင်
ယူနီဖေါင်း စကပ် အောက်က တင်ပါးကြီးတွေက ထယ်ထယ်ဝါ၀ါ ၀င့်ဝင့် ကြွားကြွား နဲ့ မသိမသာ
တုန်ခါနေသည် ။ သက်ပြင်းချရင်း ... အင်း ဒီသူငယ်မ ကျန်းမာရေး တော်တော် ကောင်းတယ်..လို့ သူ့
စိတ်ထဲက မှတ်ချက် ချလိုက်သည် ။
ရဲအုပ်ယဉ်ယဉ်နွယ် ရောက်လာသည် ။
သူ့ကို အလေးပြုရင်း ..“ ရဲမှူး...ဘာလိုပါလဲ ...” လို့ မေးသည် ။
“ အဖိုးကြီးကော .. ဘယ်တော့ ထွက်မယ်တဲ့လဲ ...” လို့ သူ မေးလိုက်သည် ။
ယဉ်ယဉ်နွယ်က..“ ခုထိတော့ ဒုတိုင်းမှူးနဲ့ စကား ကောင်းနေတယ် ရဲမှူး .. ထွက်မယ့်သဘော
မရှိသေးဘူး ရှင့် ..” လို့ ပြုံးပြုံးလေး ပြောသည် ။
“ ဒါ..ချနေကြလား ...”
လက်မကို ပါးစပ်နား ထိုးပြရင်း မေးသည် ။
ယဉ်ယဉ်နွယ်က ..“ ဟုတ်..ရဲမှူး..” လို့ ဖြေသည် ။
ဒုရဲအုပ် ဆွေဆွေထွန်း နဲ့ ရဲအုပ် ယဉ်ယဉ်နွယ်တို့က သူနဲ့ အတူ ရဲချုပ်ရဲ့ ရုံးအဖွဲ့အဖြစ် တောင်ကြီး
ခရီးစဉ်မှာ လိုက်လာကြတာ ..။
ညရနာရီအထိ ရဲချုပ်က မပြန်သေး ။ သူ အဆောက်အဦး အပြင်ဖက်ကို ထွက်ခဲ့သည် ။ လေအေးအေး
က သူ့ကို အိပ်ချင်စိတ်တွေ ပ ပျောက်သွာစေသည် ။ နှင်းမှုံတွေ ကြားထဲ ကင်းစောင့် နေကြတဲ့
သူ့လူတွေကို တွေ့လိုက်သည် ။ အမှောင်ရိပ်မှာ အပြာရင့်ရောင် ဂျာကင် နဲ့ အမ်၁၆ ကို ပိုက်ရင်း ရပ်နေတဲ့
ရဲတပ်သားလေး ကို သူ သေသေချာချာ ကြည့်လိုက်သည် ။
သက်ဦးဆန်း ...။ ဒီကောင်လေးသည် မျက်နှာထားလေး ကောင်းပြီး ဖင်ပေါ့ပြီး ခိုင်းကောင်းလို့
ရန်ကုန်ကနေ သူ ခေါ်ခဲ့သည် ။ သက်ဦးဆန်းက ..“ ရဲမှူး ... ဘာလိုပါလဲ ခင်ဗျ ...” လို့ သူ့
ကို မေးသည် ။ “ မလိုပါဘူးကွာ .. မင်း အရမ်းချမ်းနေလား ...” လို့ ပြန်မေးရင်း သူ့လက်က နာရီကို
ကြည့်သည် ။
“ မချမ်းပါဘူး .. ရဲမှူး ...” လို့ သက်ဦးဆန်း ဖြေသည် ။ သက်ဦးဆန်း ကင်းစောင့်နေတာကို ကြည့်ပြီး
တချိန်က သူလဲ ဒီလိုဆောင်းကာလ ဒီ တောင်ကြီးမြို့မှာပဲ ကင်းစောင့်ခဲ့ရတာ လေးတွေကို သူ ပြန်ပြောင်း
သတိရ မိသွားသည် ..။
အဲဒီတုန်းက ...။
အဲဒီတုန်းက သူသည် သက်ဦးဆန်းလိုပဲ ရဲတပ်သားလေးတယောက် ဖြစ်ခဲ့သည် ။ ဒီလို ဆောင်းအခါ
သမယ တွေမှာ အပြင်ဖက်မှာ ကင်းတာဝန်ကျခဲ့ဘူးသည် ။ ရဲမှူးကြီးရဲ့ အက်စကော့ လုံခြုံရေး
လိုက်ခဲ့ရဘူးသည် ။ ဒီလို ရဲမှူးကြီး ရဲ့ အက်စကော့ လုပ်ရင်း ..မမပွင့်နဲ့ ဆုံခဲ့ရသည် ။ မမပွင့် သည် သူတို့
ရဲမှူးကြီးရဲ့ သမီး ဖြစ်သည် ။ ရဲမှူးကြီးရဲ့ သမီး နဲ့ ရဲတပ်သားလေး တို့ရဲ့ အချစ်ဇာတ်လမ်းတပုဒ် က
ထိုခေတ် ထိုအခါမှာ လူပြောများတဲ့ နံမည်ကြီး ဇာတ်လမ်း ဖြစ်ခဲ့ရသည် ။
မမပွင့်သည် သူ့လို အညတြ ရဲတပ်သားလေးကို ပြန်ချစ်ခဲ့သည် ။ တဏှာကို အရင်းခံသည်ပဲ ဆိုဆို ..
မမပွင့်သည် သူ့ကို ချစ်ကြောင်း သူ့မိဘတွေ အရှေ့မှာ ရဲရဲဝန့်ဝန့် ပြောခဲ့ ၀န်ခံခဲ့သည် ။ မမပွင့်ကြောင့်လဲ
သူသည် ယခု လက်ရှိ အခြေအနေကို ရောက်ရှိခဲ့ရတာပါ ။
မမပွင့် နဲ့ သူ ချစ်ခဲ့ကြပြီး အချစ်တွေ လွန်ခဲ့တာ အကြိမ်ကြိမ် ဖြစ်လာသည် ။ မိဘတွေ မရှိချိန်
အိမ်ပေါ်မှာ ချစ်စခန်း ဖွင့်ခဲ့ကြသလို သူငယ်ချင်း အိမ်တွေမှာလဲ ချိန်းတွေ့ခဲ့ကြသည် ။ မြို့ပြင်
တောထဲမှာလည်း ဆုံပြီး အချစ်လွန်ခဲ့ကြသည် ။ တနေ့မှာ မမပွင့် နဲ့ သူ အိမ်ကြီးပေါ်မှာ အချစ်
တလင်းခေါ်နေတုန်း မမပွင့်ရဲ့ အမေ သူတို့ကို မိသွားသည် ။
ထိုအချိန်က သူသည် သူတော့ အချုပ်ထဲရောက်ပြီ ... အလုပ်လဲ ပြုတ်ပြီ လို့ တထစ်ချ ထင်ခဲ့မိသည် ။
မမပွင့်ကို ချစ်ခဲ့ရလို့ ဖြစ်ချင်ရာ ဖြစ်ပါစေတော့ လို့ သူ ဆုံးဖြတ်ချက်ချပြီး မမပွင့် ရဲ့ အဖေ ရှေ့
“ဟုတ်မှန်ကြောင်း ” ၀န်ခံ လိုက်သည် ။
ရဲမှူးကြီး က သူ့ကို အိမ်မှာ လုံခြုံရေး အနေနဲ့ နေတုန်းက ရုပ်ရည်သန့်ပြန့်သည်.. မျက်နှာချိုသည်..
အကင်းပါး ဖျတ်လပ်သည် ဆိုပြီး သဘောကျခဲ့သည် ။

Written..@phyothethtar