ဟာသအတိုအထွာ ရယ်မောစရာ (၁၅)
စေတနာကို မစော်ကားသင့်ပါ
လင်မယားနှစ်ဦး ကွာရှင်းပြတ်စဲရန်အတွက် တရားသူကြီးရှေ့မှောက် ရောက်စဉ် ...
တရားသူကြီး ။ ။ "အင်း ... ခင်ဗျားတို့က ဆယ်နှစ်ကျော်တောင် ပေါင်းသင်းလာခဲ့ ပြီးပြီပဲ၊
ဘယ်သူကစကွာရှင်းချင်တာလဲ"
အမျိုးသမီး ။ ။ "ကျွန်မပါ တရားသူကြီးမင်း"
တရားသူကြီး ။ ။ "အင်း ... ဘာအတွက်ကြောင့် ကွာရှင်းချင်တာလဲ ... သူက ဆိုးလို့ နှိပ်စက်လို့လား"
အမျိုးသမီး ။ ။ "မဟုတ်ပါဘူးရှင့်"
တရားသူကြီး ။ ။ "ဒါဆို အမြှောင်မယားထားလို့ ပွေရှုပ်နေလို့လား"
အမျိုးသမီး ။ ။ "မဟုတ်ပါဘူးရှင့်"
တရားသူကြီး ။ ။ "ဒါဖြင့် မူးရူးပြီး ခင်ဗျားကို ရိုက်နှက်လို့ပေါ့"
အမျိုးသမီး ။ ။ "မဟုတ်ပါဘူးရှင့်"
တရားသူကြီး ။ ။ "အဲ့ဒါဆို ခင်ဗျားက ဘာလို့ ကွာရှင်းချင်ရတာလဲ"
အမျိုးသမီး ။ ။ "ဒီလိုပါ တရားသူကြီးမင်း ... ကျွန်မသူစားဖို့ သီးသန့်ချက်ပေးတာမှန်သမျှ ကျွန်မကို အရင်စားခိုင်းလို့ပါ"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄