ဟာသအတိုအထွာ ရယ်မောစရာ (၂)
အမေ့တာဝန်
သမီး ။ ။ "ဒီလူနဲ့ သမီး လက်မထပ်ချင်ဘူး မေမေ၊
သူနဲ့သမီး အယူအဆချင်း မတူကြဘူး။
သူက ငရဲရှိတယ်ဆိုတာကို မယုံဘူးတဲ့ အမေရဲ့။"
အမေ ။ ။ "အမလေးတော် ... ယူသာယူလိုက်စမ်းပါ ငါ့သမီးရယ်၊
ငရဲရှိကြောင်း သိအောင်လုပ်ပေးဖို့က အမေ့တာဝန်သာထား"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄