ဟာသအတိုအထွာ ရယ်မောစရာ (၆)
"တို့ဆရာ"
ပထမလူ ။ ။ "ပြောလို့ပြောတာမဟုတ်ဘူးဗျ၊ ကျွန်တော့်ဆရာက တစ်ခုခုကို ဆုံးဖြတ်ချက်မချခင်
သေသေချာချာ သုံးသပ်ပြီး စဉ်းစားလေ့ရှိတယ်ဗျ"
ဒုတိယလူ ။ ။ "အော် ... ဒါကြောင့်လည်း ဆုံးဖြတ်ချက်တွေ မမှားတာပေါ့နော်"
ပထမလူ ။ ။ "အင်း ... နောက်ဆုံး အဖြေတစ်ခုကို သေချာရွေးချယ်တော့မယ်ဆိုတဲ့ အချိန်ကျမှ ခေါင်းပန်းလှန်ပြီး အဖြေရွေးတယ်"
မှတ်ချက် ။ ။ 'ရယ်သောသူ အသက်ရှည်ပါသည်' 😄😄