တစ်နေ့မှာ သူဌေးတစ်ဦးက သူ့ရဲသားကို ဆင်းရဲတဲ့ ကျေးလက်ရွာလေးတစ်ရွာကို ခရီးတစ်ခုအနေနဲ့ ခေါ်သွားခဲ့တယ်။
ရည်ရွယ်ချက်ကတော့ ဆင်းရဲသားတွေက ဘယ်လိုနေထိုင်ရလဲဆိုတာ သားဖြစ်သူ သိမြင်လာစေပြီး သူ့ရဲ့ ချမ်းသာမှုကံကို ကျေးဇူးတင်မိစေဖို့ပေါ့။
သူတို့က ရက်တော်တော်ကြာ အဲ့ဒီဆင်းရဲသားလယ်သမားမိသားစုအိမ်မှာ နေခဲ့ပြီး အိမ်ကို ပြန်လာခဲ့ကြတယ်။
အပြန်လမ်းမှာ သူဌေးကြီးက သူ့သားကို မေးတယ် _
"ကဲ ... ဘယ်လိုလဲသား ... ဒီခရီးက ဘယ်နှယ့်လဲ"
"အရမ်းကောင်းပါတယ် အဖေ" လို့ သားဖြစ်သူက ပြန်ဖြေတယ်။
"ဆင်းရဲရင် ဘယ်လိုဖြစ်မလဲ တွေ့ပြီမလား" လို့ သူဌေးကြီးက ဆက်မေးလိုက်တယ်။
သားဖြစ်သူက _
"ဟုတ်ကဲ့ အဖေ" လို့ ပြန်ဖြေလိုက်တယ်။
"ဒါဖြင့် ဒီခရီးမှာ မင်း ဘာတွေ အသိတရားရခဲ့လဲ ငါ့သား" လို့ သူဌေးကြီးက ထပ်မေးတယ်။
သားဖြစ်သူက _
"ကျွန်တော်တွေ့ခဲ့တာတော့ ကျွန်တော်တို့မှာ ခွေး၁ကောင်ပဲရှိတယ်၊ သူတို့မှာတော့ ၄ကောင်တောင်ရှိတယ်။
ကျွန်တော်တို့မှာ ခြံဝန်းရဲ့ အလယ်နားထိပဲရောက်တဲ့ ရေကူးကန်ရှိတယ်၊ သူတို့မှာတော့ အစအဆုံးမမြင်နိုင်လောက်အောင် ကျယ်ပြောတဲ့ ရေကူးဖို့ ပင်လယ်ပြင်ကြီးရှိတယ်။
ကျွန်တော်တို့မှာ နိုင်ငံခြားကနေ ဝယ်လာတဲ့ မီးတိုင်တွေ ခြံထဲထွန်းထားတာရှိတယ်၊ သူတို့မှာတော့ မီတာခအပိုမကုန်ရဘဲ အလင်းပေးမဲ့ ကောင်းကင်ပေါ်ကကြယ်တွေရှိတယ်။
ကျွန်တော်တို့ရဲ့ ပေါ်တီကိုက အိမ်ရှေ့ခြံအစပ်ထိပဲဆိုပေမဲ့ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်းစွန်းထိ အစအဆုံးမဲ့တယ်။
ကျွန်တော်တို့မှာ နေစရာနေရာ အကန့်အသတ်နဲ့ရှိပေမဲ့ သူတို့မှာတော့ မြင်မြင်ရာ လဲအိပ်ပြီးနေလို့ရအောင် ပြေးလွှားဆော့ကစားလို့ရအောင် သဘာဝမြေလွတ်မြေရိုင်းတွေ ရှိတယ်။
ကျွန်တော်တို့မှာ ကျွန်တော်တို့ကို ပြုစုပေးမဲ့ အိမ်အကူတွေရှိပေမဲ့ သူတို့မှာ သူတို့အချင်းချင်း အပြန်အလှန်ပြုစုပေးတဲ့ အလေ့အကျင့်ရှိတယ်။
ကျွန်တော်တို့က စားဖို့ ဝယ်ရတယ်၊ သူတို့ကတော့ စားဖို့ ကိုယ်တိုင် စိုက်ပျိုးနိုင်တယ်။
ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ကာကွယ်ဖို့ နံရံတွေ အကာအကွယ်တေနဲ့ ရတက်မအေး ကျွန်တော်တို့နေရတယ်၊ သူတို့ကတော့ သူတို့ပိုင်ဆိုင်မှုတွေကို မိတ်ဆွေသူငယ်ချင်းတွေက စောင့်ရှောက်ပေးကြတယ်" လို့ ဖြေလိုက်တယ်။
သူဌေးကြီးက ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်ကျသွားခဲ့တယ်။
သားဖြစ်သူက နောက်ထပ် စကားတစ်ခွန်းထပ်ပြောလိုက်တယ်။
"ကျွန်တော်တို့ ဘယ်လောက်ဆင်းရဲနေသလဲ သိခွင့်ပေးလို့ ကျေးဇူးပါအဖေ"
ချမ်းသာခြင်း အစစ်အမှန်ကို ရှာဖွေတွေ့ရှိပြီး ပိုင်ဆိုင် ပျော်ရွှင်နိုင်ကြပါစေ ဆုတောင်းပေးရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu