အခန်း.၂.၁၂.
မောလိုက်တာ ရန်ရာ...ဟိုဘက် နည်းနည်း တိုးထိုင်စမ်းပါဟ..ထိုင်ရအောင်..နင်ကလည်း မကစားပဲ ဘာထိုင်လုပ်နေတာလဲ´´ ကြက်တောင်ကစားအပီး လင်းလင်းက သူ့ နားလာထိုင် ရင်းပြောသည်..ရန်က ဘေးဘက် နည်းနည်းရွှေ့ပေးရင်း
မနက်က အတော်ပင်ပန်းတယ် လင်းလင်းရ
ငါ လှုပ်ကို မလှုပ်ချင်ဘူး..တနေ့ ခင်းလုံးအိပ်နေတာ´´
ဒါနဲ့များ ဘာဖြစ်လို့ ဆင်းလာတာလဲ´´ ရန်က ရယ်၍...
နင် ကစားပီးရင် ဆာမယ်မှန်း သိလို့  အအေး
တိုက်မလို့  လာစောင့်ပေးနေတာ´´
အောင်မာ..အပိုတွေရန်ရာ......နင်အအေး သွားသောက်မလို့ ဟာ အဖော်မရှိလို့  ငါ့စောင့်နေတာ မ ဟုတ်လား´´
အော်..လင်းလင်းရယ်...အအေးဆိုင်သွား
ပီး အအေးသောက်ဖို့  ငါက အဖော်ပါမှလားဟ..နင်ကစား
ပီးရင် အအေးသောက်ချင်မှာပဲလေ ဆိုပီး တမင်စောင့်နေ
တာ´´
လင်းလင်းက ရယ်လျက်...
အေးပါ...အေးပါ ဘယ်လိုပဲဖြစ်ဖြစ် ထားပါ တော့..ငါကလည်း အအေးသောက် ချင်နေတာ... ဒါဖြင့် သွားကြစို့ လေ´´
အမောမဖြေတော့ဘူးလား´´
မဖြေတော့ပါဘူး..နင် မဟုတ်ကဟုတ်က လာချွဲနေတာနဲ့ အမောပြေသွားပါပီ..ကျေးဇူးတင်တဲ့အ နေနဲ့ တခွက်နဲ့မဝရင် နှစ်ခွက်သောက်ဖို့  ဆုံးဖြတ်လိုက် ပီ..လာ´´ နှစ်ယောက်သား လမ်းထိပ်တွင် ဖွင့်ထားသည့် `ချိုမြအေး´ အအေးဆိုင်ဘက် ထွက်လာကြသည်..ဟိုရောက်တော့ ကြံရည်ပဲ သောက်ဖြစ်သည်..သို့ သော်လင်းလင်းကတော့ နည်းနည်းပိုသည်...
အဒေါ် ကျမခွက်ထဲကို သံပုရာသီးလေးတ
စိတ်လောက် ညှစ်ပေးပါ..ရန် နင်ကောထည့်ဦးမလား´´
ရန်က ခေါင်းခါသည်..သည်လောက် ကွာခြားမှုလေးကို
တော့ ပြင်စရာ မလိုဟုလည်း စိတ်ထဲတွင် တယောက်ထဲ
မှတ်ချက်ပြုနေမိသည် ။
Good တယ် bro