【 ​ေဆာင္းပါး 】 ငါးပြက္ရာငါးစာခ်ေနသူတို႔ အတုယူစရာ ေျမတိုင္ကန္ရြာ

in #facebook7 years ago

【 ​ေဆာင္းပါး 】 ငါးပြက္ရာငါးစာခ်ေနသူတို႔ အတုယူစရာ ေျမတိုင္ကန္ရြာ

ခင္ႏွင္းဦး

ပရဟိတမ်ားလုပ္ေနသည့္ လူငယ္တစ္ဦးႏွင့္ ၂၀၁၃ ခုႏွစ္ခန္႔ က စတင္ သိကၽြမ္း ခဲ့ပါသည္။ ထိုစဥ္က သူသည္ ေတာင္ကိုရီးယားသို႔ ၅ ႏွစ္ သြားေရာက္ အလုပ္လုပ္ၿပီး ျမန္မာျပည္သို႔ ျပန္လာစျဖစ္ပါသည္။ သူအမည္ ကိုမ်ိဳးဆိုပါစုိ႕။

ကိုမ်ိဳးက သူ႔ရြာတြင္ စာၾကည့္တိုက္ေထာင္ခ်င္၍၊ စာေပေဟာေျပာပြဲ လုပ္ခ်င္လို႔၊ မည္သည့္ စာအုပ္ကို ဝယ္သင့္ေၾကာင္း အႀကံေတာင္းခ်င္လုိ႔ စသျဖင့္ သူ႔ရြာကိစၥမ်ားျဖင့္ ကၽြန္မထံ ခဏ ခဏ ေရာက္လာေလရာ တစ္ေယာက္ႏွင့္ တစ္ေယာက္ ခင္မင္ရင္းႏွီးလာပါသည္။ တစ္ေန႔တြင္ ကၽြန္မက ကိုမ်ိဳးကို ေမးမိပါသည္။ ကိုရီးယားတြင္ ဝင္ေငြလမ္းေျဖာင့္ ေနပါ လ်က္၊ ဘာေၾကာင့္ ျမန္မာႏိုင္ငံသို႔ ျပန္လာသလဲဟု။ သူက တစ္ႏွစ္ခြဲ တစ္ခါေလာက္ျပန္လာရင္း တစ္ေခါက္ျပန္လာတိုင္း တစ္ေခါက္ သိသိ သာသာ သူ႔ရြာရွိ လူႀကီး လူလတ္ လူငယ္မ်ား အျဖစ္ဘက္ေရာက္မလာဘဲ အပ်က္ဘက္သို႔ ယိုင္လာသည္ ကိုေတြ႕၍ ကိုရီးယားတြင္ ရွာေဖြလာသည့္ ေငြျဖင့္ ရန္ကုန္တြင္ ရင္းႏွီးလုပ္ကိုင္စား ေသာက္၍ရၿပီျဖစ္ရာ၊ ရြာကို ျပန္ျပဳျပင္မည္ဆိုသည့္ စိတ္ဆုံးျဖတ္ခ်က္ အရ ျပန္ခဲ့ပါသတဲ့။

ကိုမ်ိဳးတစ္ေယာက္ ရန္ကုန္နဲ႔ သူ႔ရြာကို လြန္းထိုးသလို သြားလိုက္ ျပန္လိုက္လုပ္ေနသည္ကို ျမင္ေတြ႕ေန ရပါသည္။ သူ႔ရြာသည္ ရန္ကုန္တိုင္း ေဒသႀကီးထဲ၌ ကြမ္းၿခံကုန္းၿမိဳ႕နယ္အပိုင္တြင္ ပါဝင္ပါသည္။ ထို႔ျပင္ စီးပြားေရး ေကာင္းသည့္ ရြာလည္းျဖစ္ပါသည္။ စပါးစိုက္ၾကသည္။ ပဲစိုက္ၾကသည္။ ေရလုပ္ငန္းရွိသည္။ ကိုမ်ိဳးသည္ ရြာႏွင့္ ရန္ကုန္ ကူးသန္း ရင္း ကၽြန္မထံေရာက္လာတတ္ပါသည္။ ေရာက္လာတိုင္း သူ႕ရြာအေၾကာင္း ေျပာျပ ပါသည္။

“ ဆရာမေရ ကၽြန္ေတာ္ရြာက ငါးႏွစ္ခြာခဲ့တာ၊ အရင္တုန္းက အေျခခ်ေပးထားခဲ့တာေတြ အကုန္ပ်က္ေနတာ ျပန္လာေတာ့ေတြ႕ရတယ္။ ရြာဦးမွာ တည္ထားေပးခဲ့တဲ့ နာေရးကူညီမႈအသင္းလဲ ပ်က္ေနၿပီ။ ကၽြန္ေတာ့္အစ္ကို စာအုပ္ေတြနဲ႔ ေထာင္ထားေပးခဲ့တဲ့ စာၾကည့္တုိက္လည္း မရွိေတာ့ဘူး။ လူငယ္ေတြက အရက္ဂ်ိဳးေတြျဖစ္ေနတယ္။ လူလတ္ေတြက စီးပြားေရးအဆင္ေျပသူေတြက ဖဲနဲ႔ အငယ္အေႏွာင္းေတြနဲ႔။ လူႀကီးပိုင္း က လည္း ေဝေလေလျဖစ္ ေနၾကၿပီ။ အဲဒါေတြ အခုျပန္ျပင္ဖို႔ လုပ္ေနရတယ္ “

“ ဆရာမေရ ကၽြန္တို႔ရြာမွာ နာေရးကူညီမႈအသင္း ျပန္ဖြဲ႕ၿပီးၿပီ။ စာၾကည့္တိုက္ျပန္လုပ္မွာမို႔ လိုတာေတြ ေျပာျပပါဦး “

“ ကၽြန္ေတာ္တို႔ ရြာမွာ အေရးေပၚလူနာတင္ယာဥ္လည္းရွိၿပီဆရာမ။ ကၽြန္ေတာ္တို႔ရြာမွာ ေအာက္ဆီဂ်င္ဘူး ေတြ အဆင္သင့္ထားႏိုင္ၿပီ။ အသက္ရွဴ ဖို႔ ခက္ခဲေနတဲ့ သက္ႀကီးရြယ္အိုေတြကို အခမဲ့ေပးရွဴေနၿပီ။ အနီးအနားကရြာ ေတြက လူနာေတြ၊ ကိုလည္း အေရးေပၚလိုက္ပို႔ေပးေနၿပီ “ စသျဖင့္ ကိုမ်ိဳးထံမွ ေကာင္းသတင္းတစ္ခု မဟုတ္ တစ္ခု ၾကားရပါသည္။ သူ႔ရြာက လူေတြကို အသိတိုးေစခ်င္သည္။ စာေပေဟာေျပာပြဲလုပ္မည္။ လာေဟာေပးပါ ေတာင္းဆိုသျဖင့္ ဆရာေဒါက္တာခင္ေမာင္ညိဳ၊ ဆရာေကာင္းသန္႔ ႏွင့္ ကၽြန္မတို႔ သြားေရာက္ေဟာေျပာခဲ့ၾကပါသည္။ ဆရာေကာင္းသန္႔ က သူ႕ဘဝျဖတ္သန္းမႈအေၾကာင္း။ကၽြန္မကစာဖတ္ျခင္း
ႏွင့္ စာၾကည့္တိုက္။ ဆရာေဒါက္တာ ခင္္ေမာင္ညိဳက သဘာဝ ပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး။

ထို႔ေနာက္ ကိုမ်ိဳးအလာ ႀကဲသြားပါသည္။ သူႏွင့္ ကၽြန္မ လူခ်င္း အေတြ႕နည္းသြားေသာ္လည္း၊ သူသည္ သစၥာရွိစြာ ရြာမွ ငယ္ရည္းစားႏွင့္ လက္ထပ္တာ၊ ရြာတြင္ စိုက္ပ်ိဳးေရးလုပ္ေနတာ၊ မီးမဖြားႏိုင္သည့္ ကိုယ္ဝန္ ေဆာင္ကို အေရးေပၚလူနာတင္ယာဥ္ျဖင့္ရန္ကုန္ေဆးရုံႀကီးသို႔သယ္ေဆာင္ လာႏိုင္၍ ကေလးႏွင့္ မိခင္အသက္ကို ကယ္လိုက္ ႏိုင္ပုံ။ စုေပါင္းေသြး လွဴ ေနၾကပုံ။ ေအာက္ဆီဂ်င္ဘူးေတြ လိုက္လံေပးေနပုံ စသည့္ ကိုမ်ိဳး၏ လက္ရွိ လုပ္ကိုင္ ေဆာင္ရြက္ ေနပုံမ်ားကို ေဖ့စ္ဘုတ္မွ တဆင့္ ျမင္ေနရ သိေနရ ပါသည္။ သူတို႔ရြာတြင္ တရားပြဲမ်ားလုပ္ေၾကာင္းလည္း ေဖ့စ္ဘုတ္တြင္ တက္ လာပါသည္။ တစ္ခါတရံ ကၽြန္မႏွင့္သူ ေဖ့စ္ဘုတ္မွ တဆင့္ သို႔မဟုတ္ မက္ဆင္ဂ်ာမွ တဆင့္ စကားေျပာၾကပါသည္။ သာေရး နာေရး ေမးၾကပါသည္။

သည္ေနာက္ ေဖ့စ္ဘုတ္ေပၚတြင္ ကိုမ်ိဳးေပ်ာက္ေနသည္မွာ ကာလ အတန္ၾကာသြားပါသည္။ ကၽြန္မလည္း အေထြအထူးမေတြးဘဲ ကိုမ်ိဳး မိန္းမ မ်က္ႏွာျမင္ေနၿပီထင္ပါရဲ႕ ဟုသာေတြးရင္း သူ႔ကို မဆက္သြယ္မိေပ။ တေန႔ကမူ ကိုမ်ိဳးတစ္ေယာက္ ပရဟိတအဖြဲ႕မွ ထြက္ေတာ့မည္ဟု သူ႔ေဖ့စ္ဘုတ္တြင္ စာတက္လာပါသည္။ ကၽြန္မအံ့ၾသသြား သည္။ သည္မွ် သူ႕ရြာကို ျပန္ထူေထာင္ခ်င္သည့္လူ၊ သူ႔ရြာကိုတိုးတက္ေစခ်င္သူ၊ သူကိုယ္တိုင္ ေငြစိုက္ လူစိုက္ လုပ္ေနသည့္ ပရဟိတအဖြဲ႕မွ ဘာေၾကာင့္ ထြက္ရေလသနည္း။

မက္ဆင္ဂ်ာမွ တဆင့္ ဘာျဖစ္လို႔လဲဟု ေမးလိုက္ပါသည္။ သူက ရွည္လ်ားစြာရွင္းျပသည္။ သူတို႔ရြာလို ရြာငယ္ေလးတစ္ရြာတြင္ နာေရး ကူညီမႈ အသင္းတစ္ခုရွိလွ်င္ လုံေလာက္သည္။ အေရးေပၚ လူနာတင္ယာဥ္ လည္း တစ္စီး ႏွစ္စီးရွိလွ်င္ လုံေလာက္သည္။ သို႔ေသာ္ ပရဟိတျဖင့္ နာမည္ ရလိုလာၾကရာ၊ နာေရးကူညီမႈအသင္းမ်ား ထပ္ေပၚလာ ျပန္သည္။ တျခားလူမႈေရး အသင္းအဖြဲ႕မ်ားလည္း အလွ်ိဳလွ်ိဳ ေပၚလာၾကသည္။ အသင္းတိုင္းက သူ႔ကို ပါေစခ်င္ သည္။ သည္ကဲ့သို႔ ပရဟိတအသင္းမ်ား ေဖာင္းပြလာသည္ကို ကိုမ်ိဳးမႀကိဳက္။ ပရဟိတ အမည္တပ္ၿပီး ေပၚလာ သည့္ အသင္းမ်ားက သုံးေနသည့္ကားအမ်ားစုမွာ လိုင္စင္မဲ့ ကားမ်ား ျဖစ္ေနသည္ကိုလည္း ကိုမ်ိဳးမႀကိဳက္။ သို႔ျဖင့္ အထပ္ ထပ္အခါခါ စဥ္းစားၿပီး ပရဟိတအဖြဲ႕မွ ထြက္ရန္ဆုံးျဖတ္ရသည္တဲ့။

သည္တြင္ ႏိုင္ငံျခားတြင္ အၾကာႀကီးေနခဲ့ၿပီး၊ ျပန္လာသည့္ သူငယ္ခ်င္းတစ္ေယာက္ေျပာဖူးသည့္စကားမ်ားကို ျပန္သတိရမိပါသည္။ သူကဆို၏။“ ႏိုင္ငံျခားမွာ ငါတို႔ႏိုင္ငံက ဘုန္းႀကီးေတြလာရင္ တစ္ပါးလာ တစ္ေနရာထားေပးရတာ၊ ဟိုမွာျဖင့္ ခရစ္ယာန္ ေတြၾကည့္ရင္ ခ်တ့္ခ်္ တစ္ခုတည္းမွာပဲ ခရစ္ယာန္ဘုန္းႀကီးေတြ အလုပ္လုပ္သြားတာပဲ။ ႏိုင္ငံျခားမွာ မဟာယန ဘုန္းႀကီးေတြကမွ အတူတူ စုေပါင္း သီတင္းသုံး တာေတြ႕ရေသးတယ္။ ျမန္မာဘုန္းႀကီးေတြမွာ စုေပါင္းသီတင္းသုံးတယ္။ စုေပါင္းေက်ာင္းေထာင္ေနထိုင္တယ္ဆိုတာ မေတြ႕ရဘူး။ ဘာေၾကာင့္ စုေပါင္းမေနႏိုင္ၾကတာလဲ ဆိုတဲ့ ေမးခြန္း ျမန္မာျပည္ျပန္လာေတာ့လည္း ဆက္ေမးခ်င္စိတ္ေပၚတာပဲ။ ဒီမွာလည္း စုေပါင္းသီတင္းသုံးတယ္ဆိုတာ သိပ္မေတြ႕ရဘူး။ ေက်ာင္းထိုင္တစ္ပါးရွိရင္ ေက်ာင္းတစ္က်ာင္း လိုေနတာ ပဲေနာ္” လို႔ ေျပာဖူးတာျပန္သတိရ လာ ပါသည္။

ျမန္မာေတြ ပရဟိတအသင္းေတြ ၿမိဳ႕တိုင္း ရပ္ကြက္တိုင္း ထူေထာင္ လာၾကသည္။ တခ်ိဳ႕ေနရာမ်ားတြင္ ေငြေၾကးကိစၥ အခင္းမ်ားၾကသည္။ နာေရးကူညီမႈအသင္း ႏွစ္ျခမ္းကြဲသည့္ ၿမိဳ႕နယ္မ်ားလည္းရွိပါသည္။ ေခတ္အစား ဆုံးကေတာ့ နာေရးကူသည့္အသင္း။ နာေရးအေလာင္းသယ္ သည့္ ယာဥ္။ ေအာက္ဆီဂ်င္အခမဲ့ငွားသည့္ လုပ္ငန္း။ ေသြးလွဴရွင္အသင္း။ အေရးေပၚလူနာတင္ယာဥ္မ်ားသည္ ေခတ္အစားဆုံး ရပ္ကြက္တုိင္း ေနရာ တိုင္းက လိုက္လုပ္သည့္ ပရဟိတလုပ္ငန္းမ်ားျဖစ္ၾကေပသည္။

၇.၈.၂၀၁၇ တြင္ ႏိုင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ႏွင့္ ဝမ္းတြင္းၿမိဳ႕နယ္ အတြင္းရွိ ေျမတိုင္ကန္ ေက်းရြာ တြင္ ရြာသူရြာသားမ်ားႏွင့္ ၿငိမ္းခ်မ္းေရးစကားဝိုင္း လုပ္မည္သတင္း မ်ား စပါလာ စဥ္က ဘာ ေၾကာင့္ သည္လိုေနရာတြင္ စကားဝိုင္း သြားလုပ္ သနည္းေတြးေနမိပါသည္။ ယေန႔ နံနက္ က်င္းပသြားသည့္ စကား ဝိုင္းကို ျမင္ရ ၾကားရေသာအခါ ေဒၚေအာင္ဆန္းစုၾကည္၏ တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ ပညာေပးသြားသည္ကို နားလည္လိုက္ပါသည္။

ေျမတုိင္ကန္ရြာတြင္ ထူးျခားခ်က္ႏွစ္ခ်က္ရွိပါသတဲ့။ ရြာတြင္ အရက္ဆိုင္ မရွိျခင္းႏွင့္ ရြာသူရြာသားမ်ား တျခားေဒသသို႔ ထြက္ၿပီး အလုပ္လုပ္ သူမရွိျခင္းပါတဲ့။ တီဗီံတြင္ ျမင္လိုက္ရသည္ကေတာ့ အညာရြာ စစ္စစ္ ရြာေလးတစ္ရြာပါ။ အရက္ဆိုင္မရွိဆုိသျဖင့္ ရြာသားမ်ား ကိုယ္က်င့္ သီလေကာင္းမည္ျဖစ္ေၾကာင္း သိရွိလိုက္ရပါသည္။ အရက္ ေသစာ ေသာက္စား သူသည္ လူစိတ္ေပ်ာက္လ်က္ တျခားျပစ္မႈမ်ိဳးစုံကို လြယ္လင့္ တကူ က်ဴးလြန္ႏိုင္ပါသည္။ သည္ရြာသည္ အရက္ကင္းစင္ရြာျဖစ္ၿပီ ဆို ကတည္း က မူးယစ္ေဆးလည္း အနားကပ္ မရသည့္ရြာျဖစ္ေၾကာင္း ထင္ရွားေနၿပီ။

ရြာသူ ရြာသားမ်ားသည္ တျခားေဒသသို႕ ထြက္ခြာ စီးပြားရွာသူ မရွိ ဆိုသျဖင့္ သူတို႔ရြာ၌ပင္ အသက္ေမြး ဝမ္းေက်ာင္းႏိုင္ၾကသည္ဆိုသည့္ အေျဖေပၚထြက္ေနပါသည္။ အေမစုက သည္လိုရြာ ျမန္မာတြင္ ရွိေနသည္ ဟု တိုင္းျပည္ကို လွစ္ျပလိုက္ျခင္းျဖစ္ပါသည္။ ထစ္ခနဲရွိ ထိုင္းဘက္ကူး ေနသူမ်ား၊ ထစ္ခနဲရွိ တရုတ္၊ မေလးဘက္ တိုးဝင္ ေနသူမ်ား၊ ျပည္တြင္း၌ ပင္ လုပ္ကိုင္စားမည္ဆိုပါက နည္းလမ္းမ်ားရွိေၾကာင္း ျပသလိုက္ျခင္းျဖစ္ ပါသည္။

ထင္ေပၚခ်င္သူမ်ား ေနာက္ဆုံးေပၚဖက္ရွင္ အျဖစ္ မိမိရပ္ကြက္၊ ေက်းရြာကို အရက္ကင္းစင္နယ္ေျမအျဖစ္ ႀကိဳးပမ္းသင့္ၾကပါသည္။ ထို႔ျပင္ ေျမတိုင္ကန္ထက္သာလိုပါက မူးယစ္ေဆးကင္းစင္ နယ္ေျမျဖစ္ေၾကာင္းျပသႏိုင္လွ်င္၊ အေမစုသာမက ႏိုင္ငံေတာ္ သမၼတႀကီး ကိုယ္တိုင္ပင္ ၾကြလာႏိုင္ပါသည္။ အမ်ားအက်ိဳးေဆာင္သည္ဟု နာမည္ႀကီး လုိသူမ်ား ေျမတိုင္ကန္ရြာကို နမူနာယူလ်က္ ကိုယ့္ရပ္ကိုယ့္ေဒသတြင္ မည္သည့္ အသက္ေမြးဝမ္းေက်ာင္းမႈျပဳလ်က္ ရပ္တည္ႏိုင္ၾကေၾကာင္း ၿပိဳင္ဆိုင္ သင့္ပါသည္။ ပရဟိတျဖင့္ ထင္ေပၚလိုသူမ်ားအတြက္ နာေရးကူယာဥ္၊ လူနာတင္ ယာဥ္၊ ေသြးလွဴအဖြဲ႕ စသည္တို႔မွာ နည္းနည္းရိုးသြားပါၿပီ။ ငါးပြက္ရာ ငါးစာလိုက္ခ်ေနသည့္ ပရဟိတ အမည္ခံသမား မ်ား ေျမတုိင္ကန္ရြာ ကို အတုယူလုပ္ကိုင္သင့္လွပါေပသည္။

( unicode )

【 ဆောင်းပါး 】 ငါးပွက်ရာငါးစာချနေသူတို့ အတုယူစရာ မြေတိုင်ကန်ရွာ

                                                               ခင်နှင်းဦး

ပရဟိတများလုပ်နေသည့် လူငယ်တစ်ဦးနှင့် ၂၀၁၃ ခုနှစ်ခန့် က စတင် သိကျွမ်း ခဲ့ပါသည်။ ထိုစဉ်က သူသည် တောင်ကိုရီးယားသို့ ၅ နှစ် သွားရောက် အလုပ်လုပ်ပြီး မြန်မာပြည်သို့ ပြန်လာစဖြစ်ပါသည်။ သူအမည် ကိုမျိုးဆိုပါစို့။

ကိုမျိုးက သူ့ရွာတွင် စာကြည့်တိုက်ထောင်ချင်၍၊ စာပေဟောပြောပွဲ လုပ်ချင်လို့၊ မည်သည့် စာအုပ်ကို ဝယ်သင့်ကြောင်း အကြံတောင်းချင်လို့ စသဖြင့် သူ့ရွာကိစ္စများဖြင့် ကျွန်မထံ ခဏ ခဏ ရောက်လာလေရာ တစ်ယောက်နှင့် တစ်ယောက် ခင်မင်ရင်းနှီးလာပါသည်။ တစ်နေ့တွင် ကျွန်မက ကိုမျိုးကို မေးမိပါသည်။ ကိုရီးယားတွင် ဝင်ငွေလမ်းဖြောင့် နေပါ လျက်၊ ဘာကြောင့် မြန်မာနိုင်ငံသို့ ပြန်လာသလဲဟု။ သူက တစ်နှစ်ခွဲ တစ်ခါလောက်ပြန်လာရင်း တစ်ခေါက်ပြန်လာတိုင်း တစ်ခေါက် သိသိ သာသာ သူ့ရွာရှိ လူကြီး လူလတ် လူငယ်များ အဖြစ်ဘက်ရောက်မလာဘဲ အပျက်ဘက်သို့ ယိုင်လာသည် ကိုတွေ့၍ ကိုရီးယားတွင် ရှာဖွေလာသည့် ငွေဖြင့် ရန်ကုန်တွင် ရင်းနှီးလုပ်ကိုင်စား သောက်၍ရပြီဖြစ်ရာ၊ ရွာကို ပြန်ပြုပြင်မည်ဆိုသည့် စိတ်ဆုံးဖြတ်ချက် အရ ပြန်ခဲ့ပါသတဲ့။

ကိုမျိုးတစ်ယောက် ရန်ကုန်နဲ့ သူ့ရွာကို လွန်းထိုးသလို သွားလိုက် ပြန်လိုက်လုပ်နေသည်ကို မြင်တွေ့နေ ရပါသည်။ သူ့ရွာသည် ရန်ကုန်တိုင်း ဒေသကြီးထဲ၌ ကွမ်းခြံကုန်းမြို့နယ်အပိုင်တွင် ပါဝင်ပါသည်။ ထို့ပြင် စီးပွားရေး ကောင်းသည့် ရွာလည်းဖြစ်ပါသည်။ စပါးစိုက်ကြသည်။ ပဲစိုက်ကြသည်။ ရေလုပ်ငန်းရှိသည်။ ကိုမျိုးသည် ရွာနှင့် ရန်ကုန် ကူးသန်း ရင်း ကျွန်မထံရောက်လာတတ်ပါသည်။ ရောက်လာတိုင်း သူ့ရွာအကြောင်း ပြောပြ ပါသည်။

“ ဆရာမရေ ကျွန်တော်ရွာက ငါးနှစ်ခွာခဲ့တာ၊ အရင်တုန်းက အခြေချပေးထားခဲ့တာတွေ အကုန်ပျက်နေတာ ပြန်လာတော့တွေ့ရတယ်။ ရွာဦးမှာ တည်ထားပေးခဲ့တဲ့ နာရေးကူညီမှုအသင်းလဲ ပျက်နေပြီ။ ကျွန်တော့်အစ်ကို စာအုပ်တွေနဲ့ ထောင်ထားပေးခဲ့တဲ့ စာကြည့်တိုက်လည်း မရှိတော့ဘူး။ လူငယ်တွေက အရက်ဂျိုးတွေဖြစ်နေတယ်။ လူလတ်တွေက စီးပွားရေးအဆင်ပြေသူတွေက ဖဲနဲ့ အငယ်အနှောင်းတွေနဲ့။ လူကြီးပိုင်း က လည်း ဝေလေလေဖြစ် နေကြပြီ။ အဲဒါတွေ အခုပြန်ပြင်ဖို့ လုပ်နေရတယ် “

“ ဆရာမရေ ကျွန်တို့ရွာမှာ နာရေးကူညီမှုအသင်း ပြန်ဖွဲ့ပြီးပြီ။ စာကြည့်တိုက်ပြန်လုပ်မှာမို့ လိုတာတွေ ပြောပြပါဦး “

“ ကျွန်တော်တို့ ရွာမှာ အရေးပေါ်လူနာတင်ယာဉ်လည်းရှိပြီဆရာမ။ ကျွန်တော်တို့ရွာမှာ အောက်ဆီဂျင်ဘူး တွေ အဆင်သင့်ထားနိုင်ပြီ။ အသက်ရှူ ဖို့ ခက်ခဲနေတဲ့ သက်ကြီးရွယ်အိုတွေကို အခမဲ့ပေးရှူနေပြီ။ အနီးအနားကရွာ တွေက လူနာတွေ၊ ကိုလည်း အရေးပေါ်လိုက်ပို့ပေးနေပြီ “ စသဖြင့် ကိုမျိုးထံမှ ကောင်းသတင်းတစ်ခု မဟုတ် တစ်ခု ကြားရပါသည်။ သူ့ရွာက လူတွေကို အသိတိုးစေချင်သည်။ စာပေဟောပြောပွဲလုပ်မည်။ လာဟောပေးပါ တောင်းဆိုသဖြင့် ဆရာဒေါက်တာခင်မောင်ညို၊ ဆရာကောင်းသန့် နှင့် ကျွန်မတို့ သွားရောက်ဟောပြောခဲ့ကြပါသည်။ ဆရာကောင်းသန့် က သူ့ဘဝဖြတ်သန်းမှုအကြောင်း။ကျွန်မကစာဖတ်ခြင်း
နှင့် စာကြည့်တိုက်။ ဆရာဒေါက်တာ ခင်မောင်ညိုက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး။

ထို့နောက် ကိုမျိုးအလာ ကြဲသွားပါသည်။ သူနှင့် ကျွန်မ လူချင်း အတွေ့နည်းသွားသော်လည်း၊ သူသည် သစ္စာရှိစွာ ရွာမှ ငယ်ရည်းစားနှင့် လက်ထပ်တာ၊ ရွာတွင် စိုက်ပျိုးရေးလုပ်နေတာ၊ မီးမဖွားနိုင်သည့် ကိုယ်ဝန် ဆောင်ကို အရေးပေါ်လူနာတင်ယာဉ်ဖြင့်ရန်ကုန်ဆေးရုံကြီးသို့သယ်ဆောင် လာနိုင်၍ ကလေးနှင့် မိခင်အသက်ကို ကယ်လိုက် နိုင်ပုံ။ စုပေါင်းသွေး လှူ နေကြပုံ။ အောက်ဆီဂျင်ဘူးတွေ လိုက်လံပေးနေပုံ စသည့် ကိုမျိုး၏ လက်ရှိ လုပ်ကိုင် ဆောင်ရွက် နေပုံများကို ဖေ့စ်ဘုတ်မှ တဆင့် မြင်နေရ သိနေရ ပါသည်။ သူတို့ရွာတွင် တရားပွဲများလုပ်ကြောင်းလည်း ဖေ့စ်ဘုတ်တွင် တက် လာပါသည်။ တစ်ခါတရံ ကျွန်မနှင့်သူ ဖေ့စ်ဘုတ်မှ တဆင့် သို့မဟုတ် မက်ဆင်ဂျာမှ တဆင့် စကားပြောကြပါသည်။ သာရေး နာရေး မေးကြပါသည်။

သည်နောက် ဖေ့စ်ဘုတ်ပေါ်တွင် ကိုမျိုးပျောက်နေသည်မှာ ကာလ အတန်ကြာသွားပါသည်။ ကျွန်မလည်း အထွေအထူးမတွေးဘဲ ကိုမျိုး မိန်းမ မျက်နှာမြင်နေပြီထင်ပါရဲ့ ဟုသာတွေးရင်း သူ့ကို မဆက်သွယ်မိပေ။ တနေ့ကမူ ကိုမျိုးတစ်ယောက် ပရဟိတအဖွဲ့မှ ထွက်တော့မည်ဟု သူ့ဖေ့စ်ဘုတ်တွင် စာတက်လာပါသည်။ ကျွန်မအံ့သြသွား သည်။ သည်မျှ သူ့ရွာကို ပြန်ထူထောင်ချင်သည့်လူ၊ သူ့ရွာကိုတိုးတက်စေချင်သူ၊ သူကိုယ်တိုင် ငွေစိုက် လူစိုက် လုပ်နေသည့် ပရဟိတအဖွဲ့မှ ဘာကြောင့် ထွက်ရလေသနည်း။

မက်ဆင်ဂျာမှ တဆင့် ဘာဖြစ်လို့လဲဟု မေးလိုက်ပါသည်။ သူက ရှည်လျားစွာရှင်းပြသည်။ သူတို့ရွာလို ရွာငယ်လေးတစ်ရွာတွင် နာရေး ကူညီမှု အသင်းတစ်ခုရှိလျှင် လုံလောက်သည်။ အရေးပေါ် လူနာတင်ယာဉ် လည်း တစ်စီး နှစ်စီးရှိလျှင် လုံလောက်သည်။ သို့သော် ပရဟိတဖြင့် နာမည် ရလိုလာကြရာ၊ နာရေးကူညီမှုအသင်းများ ထပ်ပေါ်လာ ပြန်သည်။ တခြားလူမှုရေး အသင်းအဖွဲ့များလည်း အလျှိုလျှို ပေါ်လာကြသည်။ အသင်းတိုင်းက သူ့ကို ပါစေချင် သည်။ သည်ကဲ့သို့ ပရဟိတအသင်းများ ဖောင်းပွလာသည်ကို ကိုမျိုးမကြိုက်။ ပရဟိတ အမည်တပ်ပြီး ပေါ်လာ သည့် အသင်းများက သုံးနေသည့်ကားအများစုမှာ လိုင်စင်မဲ့ ကားများ ဖြစ်နေသည်ကိုလည်း ကိုမျိုးမကြိုက်။ သို့ဖြင့် အထပ် ထပ်အခါခါ စဉ်းစားပြီး ပရဟိတအဖွဲ့မှ ထွက်ရန်ဆုံးဖြတ်ရသည်တဲ့။

သည်တွင် နိုင်ငံခြားတွင် အကြာကြီးနေခဲ့ပြီး၊ ပြန်လာသည့် သူငယ်ချင်းတစ်ယောက်ပြောဖူးသည့်စကားများကို ပြန်သတိရမိပါသည်။ သူကဆို၏။“ နိုင်ငံခြားမှာ ငါတို့နိုင်ငံက ဘုန်းကြီးတွေလာရင် တစ်ပါးလာ တစ်နေရာထားပေးရတာ၊ ဟိုမှာဖြင့် ခရစ်ယာန် တွေကြည့်ရင် ချတ့်ချ် တစ်ခုတည်းမှာပဲ ခရစ်ယာန်ဘုန်းကြီးတွေ အလုပ်လုပ်သွားတာပဲ။ နိုင်ငံခြားမှာ မဟာယန ဘုန်းကြီးတွေကမှ အတူတူ စုပေါင်း သီတင်းသုံး တာတွေ့ရသေးတယ်။ မြန်မာဘုန်းကြီးတွေမှာ စုပေါင်းသီတင်းသုံးတယ်။ စုပေါင်းကျောင်းထောင်နေထိုင်တယ်ဆိုတာ မတွေ့ရဘူး။ ဘာကြောင့် စုပေါင်းမနေနိုင်ကြတာလဲ ဆိုတဲ့ မေးခွန်း မြန်မာပြည်ပြန်လာတော့လည်း ဆက်မေးချင်စိတ်ပေါ်တာပဲ။ ဒီမှာလည်း စုပေါင်းသီတင်းသုံးတယ်ဆိုတာ သိပ်မတွေ့ရဘူး။ ကျောင်းထိုင်တစ်ပါးရှိရင် ကျောင်းတစ်ကျာင်း လိုနေတာ ပဲနော်” လို့ ပြောဖူးတာပြန်သတိရ လာ ပါသည်။

မြန်မာတွေ ပရဟိတအသင်းတွေ မြို့တိုင်း ရပ်ကွက်တိုင်း ထူထောင် လာကြသည်။ တချို့နေရာများတွင် ငွေကြေးကိစ္စ အခင်းများကြသည်။ နာရေးကူညီမှုအသင်း နှစ်ခြမ်းကွဲသည့် မြို့နယ်များလည်းရှိပါသည်။ ခေတ်အစား ဆုံးကတော့ နာရေးကူသည့်အသင်း။ နာရေးအလောင်းသယ် သည့် ယာဉ်။ အောက်ဆီဂျင်အခမဲ့ငှားသည့် လုပ်ငန်း။ သွေးလှူရှင်အသင်း။ အရေးပေါ်လူနာတင်ယာဉ်များသည် ခေတ်အစားဆုံး ရပ်ကွက်တိုင်း နေရာ တိုင်းက လိုက်လုပ်သည့် ပရဟိတလုပ်ငန်းများဖြစ်ကြပေသည်။

၇.၈.၂၀၁၇ တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ဝမ်းတွင်းမြို့နယ် အတွင်းရှိ မြေတိုင်ကန် ကျေးရွာ တွင် ရွာသူရွာသားများနှင့် ငြိမ်းချမ်းရေးစကားဝိုင်း လုပ်မည်သတင်း များ စပါလာ စဉ်က ဘာ ကြောင့် သည်လိုနေရာတွင် စကားဝိုင်း သွားလုပ် သနည်းတွေးနေမိပါသည်။ ယနေ့ နံနက် ကျင်းပသွားသည့် စကား ဝိုင်းကို မြင်ရ ကြားရသောအခါ ဒေါ်အောင်ဆန်းစုကြည်၏ တစ်ချက်ခုတ် နှစ်ချက်ပြတ် ပညာပေးသွားသည်ကို နားလည်လိုက်ပါသည်။

မြေတိုင်ကန်ရွာတွင် ထူးခြားချက်နှစ် ချက်ရှိပါသတဲ့။ ရွာတွင် အရက်ဆိုင် မရှိခြင်းနှင့် ရွာသူရွာသားများ တခြားဒေသသို့ ထွက်ပြီး အလုပ်လုပ် သူမရှိခြင်းပါတဲ့။ တီဗီံတွင် မြင်လိုက်ရသည်ကတော့ အညာရွာ စစ်စစ် ရွာလေးတစ်ရွာပါ။ အရက်ဆိုင်မရှိဆိုသဖြင့် ရွာသားများ ကိုယ်ကျင့် သီလကောင်းမည်ဖြစ်ကြောင်း သိရှိလိုက်ရပါသည်။ အရက် သေစာ သောက်စား သူသည် လူစိတ်ပျောက်လျက် တခြားပြစ်မှုမျိုးစုံကို လွယ်လင့် တကူ ကျူးလွန်နိုင်ပါသည်။ သည်ရွာသည် အရက်ကင်းစင်ရွာဖြစ်ပြီ ဆို ကတည်း က မူးယစ်ဆေးလည်း အနားကပ် မရသည့်ရွာဖြစ်ကြောင်း ထင်ရှားနေပြီ။

ရွာသူ ရွာသားများသည် တခြားဒေသသို့ ထွက်ခွာ စီးပွားရှာသူ မရှိ ဆိုသဖြင့် သူတို့ရွာ၌ပင် အသက်မွေး ဝမ်းကျောင်းနိုင်ကြသည်ဆိုသည့် အဖြေပေါ်ထွက်နေပါသည်။ အမေစုက သည်လိုရွာ မြန်မာတွင် ရှိနေသည် ဟု တိုင်းပြည်ကို လှစ်ပြလိုက်ခြင်းဖြစ်ပါသည်။ ထစ်ခနဲရှိ ထိုင်းဘက်ကူး နေသူများ၊ ထစ်ခနဲရှိ တရုတ်၊ မလေးဘက် တိုးဝင် နေသူများ၊ ပြည်တွင်း၌ ပင် လုပ်ကိုင်စားမည်ဆိုပါက နည်းလမ်းများရှိကြောင်း ပြသလိုက်ခြင်းဖြစ် ပါသည်။

ထင်ပေါ်ချင်သူများ နောက်ဆုံးပေါ်ဖက်ရှင် အဖြစ် မိမိရပ်ကွက်၊ ကျေးရွာကို အရက်ကင်းစင်နယ်မြေအဖြစ် ကြိုးပမ်းသင့်ကြပါသည်။ ထို့ပြင် မြေတိုင်ကန်ထက်သာလိုပါက မူးယစ်ဆေးကင်းစင် နယ်မြေဖြစ်ကြောင်း
ပြသနိုင်လျှင်၊ အမေစုသာမက နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်ပင် ကြွလာနိုင်ပါသည်။ အများအကျိုးဆောင်သည်ဟု နာမည်ကြီး လိုသူများ မြေတိုင်ကန်ရွာကို နမူနာယူလျက် ကိုယ့်ရပ်ကိုယ့်ဒေသတွင် မည်သည့် အသက်မွေးဝမ်းကျောင်းမှုပြုလျက် ရပ်တည်နိုင်ကြကြောင်း ပြိုင်ဆိုင် သင့်ပါသည်။ ပရဟိတဖြင့် ထင်ပေါ်လိုသူများအတွက် နာရေးကူယာဉ်၊ လူနာတင် ယာဉ်၊ သွေးလှူအဖွဲ့ စသည်တို့မှာ နည်းနည်းရိုးသွားပါပြီ။ ငါးပွက်ရာ ငါးစာလိုက်ချနေသည့် ပရဟိတ အမည်ခံသမား များ မြေတိုင်ကန်ရွာ ကို အတုယူလုပ်ကိုင်သင့်လှပါပေသည်။

#credit original uploader

image

Sort:  

copy post ေတြ မတင္ပါနဲ့ bro ေရ!
cheetah comment ဝင္လာလိမ့္မယ္။
original content ေတြနဲ့ပဲ ထိုးေဖာက္ပါ။
post မ်ားမ်ားတင္ဖို့က အဓိက မက်ပါဘူး။

thanks bro

ဟုတ္ပါတယ္ဗ်ာ @thantzin ေက်းဇူးပါ အကို ေျပာသလိုပါဘဲ original ေတြေရးေစခ်င္ပါတယ္ credit ကို သိပ္အားမေပးႀကလို႔ပါ သိရွိလိုသည္မ်ားကိုfacebook group တြင္ ဖတ္နိုင္ပါတယ္ ထို group ထဲမွ friend မ်ားအားလည္း နားမလည္တာကိုေမးနိုင္ပါတယ္ဗ်ာ tag လဲ မွန္ကန္ေအာင္ထည့္နိုင္ပိုေကာင္းပါတယ္ဗ်ာ

ၾကဳိးစားေရးပါ၊ အားေပးပါမယ္၊ ကၽြန္ေတာ္ နမူနာေတြေရးျပထားပါတယ္၊ မသိရင္ေမးပါ၊ အခ်ိန္မေရြးကူညီပါ့မယ္၊ ကၽြန္ေတာ္လည္း မသိခင္က Copy တစ္ခုပါခဲ့ပါတယ္၊ ခု ကုိယ္တုိင္စံျပျဖစ္ေအာင္ေန ေနရပါတယ္၊ ထပ္ႀကဳိးစားပါ အားေပးပါ့မယ္။ တတ္ႏုိင္သမွ် ေတြးမိသမွ်ခ်သာေရးလုိက္ပါ။copy မလုပ္ပါနဲ႔ ေစတနာနဲ႔ေျပာတာပါဗ်ာ။

Congratulations @soeminphyo! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @soeminphyo! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!