မနက်ဖန်

in #flction4 years ago

ဒါတွေဘာကြောင့်ဖြစ်လာသလဲဆိုရင် ကိုယ်တွေနှစ်ဦးဟာ ဘဝအဖော်အစစ်တွေမဖြစ်ခဲ့လို့ပါ။ ဘဝအဖော်စစ်တွေ မဟုတ်ခဲ့လို့ ဒီအိမ်ထောင်ကရုန်းထွက်ရင် ကောင်းမလားလို့ အတွေးမဝင်ပါနဲ့။ သူ့ရွေးချယ်မှုပဲမှားမှား ၊ ကိုယ့်ရွေးချယ်မှုပဲမှားမှား တည်ထောင်ပြီးသားအိမ်ထောင်တခုဟာ ကိုယ်တွေဆုံးဖြတ်ချက်ကြောင့် ဖြစ်လာခဲ့တယ်ဆို ဒီအိမ်ထောင် ပျော်ပျော်ရွှင်ရွှင်တည်မြဲအောင် ကြိုးစားသင့်ပါတယ်။ ကိုယ်ကချစ်လို့ ပေါင်းခဲ့သူနဲ့ ဒီအိမ်ထောင်မြဲမြံပျော်ရွှင်အောင် ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားလိုက်ပါ။ သည်းခံနိုင်တာထက် ပိုသည်းခံလို့ လိုက်လျောနိုင်တာထက် ပိုလိုက်လျောလို့မှ ရှေ့ဆက်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး ၊ မနက်ဖန်တွေကို သူနဲ့ရှေ့ဆက်ရမှာ ကြောက်နေပြီဆိုတဲ့အတွေးဝင်လာရင် မနက်ဖန်တွေမှာပျော်ရွှင်ဖို့ ဒီနေ့မှာဆုံးဖြတ်ချက်ပြတ်သားရတော့မှာပေါ့။