ပိန်းပန်းနီ

in #flower3 years ago

ဒီနေ့မနက် အအေးဓာတ် ကို ခံစားမိရပါပြီ။
ရာသီဥတု က မှိုင်းနေတာ မိုးတိမ်တောင်တွေ
ကျန်နေသေးလို့လား၊ မြူခိုး ဝေလာတာကြောင့်လား၊
မသဲကွဲပါ။

အိမ် အပြင် မျက်နှာဝ ထွက်ကြည့်တော့ အိုးနဲ့ စိုက်ပျိုး
ထားတဲ့ ပိန်းပန်းပင် က နီနီရဲရဲ အာလို့ အပွင့် တစ်ပွင့်
ကောင်းကောင်း ပွင့်နေတာ မြင်ရပါတယ်။

img_0.806865506341769.jpg

အဲ ဒီနေ့မှ စမြင်ရတာတော့ မဟုတ်ပါဘူး။ ပိန်းပန်းပွင့်
ဆိုတာ တဖြည်းဖြည်း ပွင့်လွှာ ကြီးကားလာတဲ့ ပွင့်လွှာ
တစ်ခုတည်းသာ ရှိသော ပန်း ပါ။
အများစု ကတော့ ပိန်းပန်း ကို ခူးဆွတ်ပြီး ဘုရားပန်း
လှူကြတာထက် အပင်မှာပဲ အလှကြည့် ထားကြတာ
များပါတယ်။ အပင်ပေါ်မှာ မှလည်း အကြာကြီး ခံတာကိုး။

ခု ဒီပိန်းပန်း မျိုးက မြေပြန့်မျိုး ရိုးရိုးပါ။ ပြင်ဦးလွင်
ဘက်က ပိန်းပန်းနီတွေ ကတော့ ပိုလှကြပါတယ်။
သို့သော်လည်း စစ်ကိုင်းဘက်မှာ သိပ်မဖြစ်ထွန်းကြပါဘူး။

မိတ်ဆွေများ ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေ။

@walarhein

Sort:  

Yay!
Your post has been boosted with Ecency Points. Keep up the good work!
Dear reader, Install Android: https://android.ecency.com, iOS: https://ios.ecency.com mobile app or desktop app for Windows, Mac, Linux: https://desktop.ecency.com
Learn more: https://ecency.com
Join our discord: https://discord.me/ecency

Thank you