မင်္ဂလာပါ
ဒီနေ့ မနက်တော့ တိမ်တွေ ခဏ နားပြီး သဘာဝတောပန်း
လေးတွေကို တင်ပါဦးမယ်။
ဟိုတစ်နေ့က ရွာတစ်ရွာ သို့ အသွား တောထဲမှာ
ပန်းပွင့်နေတာ မြင်ရတဲ့ အပင်လေးတွေကို ဓာတ်ပုံ
ရိုက်ယူခဲ့တာပါ။
တောထဲမှာ ပေါက်ပြီး သူ့ဘာသာ ပွင့်နေတာ ဘာပင်မှန်း
မသိသလို ဘာပန်းမှန်းလဲ မသိပါဘူး။
တောထဲမှာ ပေါက်ပြီး ပွင့်တဲ့ပန်း ဆိုတော့ တောပန်း
လို့ပဲ အလွယ်ခေါ်ရမယ်ပေါ့ဗျာ။
မိတ်ဆွေတို့ရော ဘာပန်းလဲ သိကြလားဗျ။
ကျွန်တော်ကတော့ မသိဘဲ ပို့စ် တင်လိုက်ပြီ။
ငဗစ်ကာလ ခရီး မထွက်ဖြစ်တော့လည်း ပုံလှလှလေးတွေ
မရပါဘူး။ ပုံလှလှ မရလို့ ပို့စ် မတင်လို့လည်း
မဖြစ်သေပါဘူး။
ပြင်ပအလုပ်က ဝင်ငွေ လျော့နေချိန်မှာ လိုင်းပေါ်ကလည်း
လျော့လို့ မဖြစ်ချေပါဘူး။
ဒါကြောင့် အားပေးကြပါဦးလို့။
မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ။
ပန်းဖြူဖြူ လှလှလေးတွေ
ချစ်စရာ ကောင်းပါတယ်
တောပန်းကလေးများနဲ့ လှချင်တိုင်းလှနေပါတယ်...
ပြင်ဦးလွင် အနီးစခန်း ဘက်မှာရော လှနေပြီလား
စိမ်းစိမ်းစိုစိုနဲ့ တကယ်ကို လှနေပြီဗျာ။
လာချင်သပါ့
ခရီးသွားလာခွင့် ကန့်သတ်နေကြပြီ
ဟုတ်ပေါ့ဗျာ။
ပြင်ဦးလွင် မှာလည်း နှစ်ယောက်ပိုးတွေ့လို့ အကုန်ပိတ်ကုန်ကြပြီ။
တောမှာပွင့်တဲ့ပန်းမို့ တောမှာပဲလန်းဆန်းစေချင်တယ်
ဟုတ် လောလောဆယ် မြို့ တက်မလာတော့ဘူးဗျာ😁