Myanmar Traditional Food : မုန့်ကြီးပေါင်း

in #food4 years ago

မြန်မာ့ ရိုးရာ အစားအစာ လို့ပဲ ပြောရဦးမယ်။
တစ်နေ့က ခယ်မ တစ်ယောက် သူ့ယောက်ျား ၏
ရွာ မှ မုန့် ဝယ်ပို့ ပေးခဲ့ပါတယ်။
ရွာဓလေ့ ရိုးရာ မုန့် ဆိုပေမယ့် အရွယ်ကြီးသည့် အတွက်
တစ်ခု ကို တစ်ထောင်ကျပ် ပေးရတာပါ။
အမည် ကတော့ မုန့်ကြီးပေါင်း လို့ ခေါ်ပါတယ်။
t05y0x.jpg
အပေါ်က ပုံဟာ မုန့်ကြီးပေါင်း တစ်ခု ကို လေးစိတ်
စိတ်ထားတဲ့ ပုံ ဖြစ်ပါတယ်။
အောက်မှ ပုံကတော့ မုန့်ကြီးပေါင်း သုံးခုပေါင်း
စတီးအိုး ထဲ ထည့်ယူလာတဲ့ ပုံပါ။
xfyt3h.jpg
အရသာ ကတော့ ထန်းလျက် ပါသည့် အတွက် အချို
ဖြစ်ပါတယ်။ အီဆိမ့်ချိုတဲ့ အရသာ မဟုတ်သည့် အတွက်
စားလို့ ကောင်းပါတယ်။

ကျွန်တော် ကတော့ မြန်မာ လူမျိုး တောသား မို့ပဲလား
မသိ၊ မြန့မာ့ ရိုးရာ တောမုန့် တွေကို ခေတ်မုန့်တွေ ထက်
ပိုကြိုက်မိပါတယ်။
သို့ကြောင့်လည်း တောဓလေ့ ရိုးရာ မုန့်လေးများ ကို
ရလျှင် ရသလို စားလေ့ ရှိတတ်ပါတယ်။

မိတ်ဆွေတို့ရော စားဖူးကြလားဗျ။

@golden.future

Sort:  

စားချင်စရာဗျာ သွားရည်ကျ😁

ကျွေးချင်ပါတယ်လေ