Myanmar Traditional Food : မုန့်ပျားသလပ်

in #food4 years ago

ဒီနေ့ အစားအစာပို့စ်လေး တင်ပါဦးမယ်။
ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။ ကျွန်တော့်
အကြိုက် မြန်မာ့ရိုးရာ အစားအစာ တစ်ခုပါ။

တစ်နေ့က နေ့လည်ခင်းမှာ အဆာပြေ အဖြစ် အိမ်မှာ
လုပ်စားဖြစ်ခဲ့တဲ့ မုန့်ပျားသလပ် လေးများပါ။
အိမ်မှာ လုပ်တာ ဆိုတော့ ဆိုင်မှာလို လှချင်မှ လှမှာပါ။
သို့ပေမယ့် ရွာမှာ မုန့်ပျားသလပ် လုပ်ရောင်းတဲ့ဆိုင်
မရှိလေတော့ အဖြစ် လုပ်စားရတာပါ။ ကြိုက်လည်း
ကြိုက်တာကိုးဗျ။

မုန့်ပျားသလပ် ထဲ ပါဝင်ပစ္စည်းတွေကတော့ ....
ဆန်မှုန့် ၊ ဆား ၊ ရေ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီး ၊
နံနံပင် နှင့် ဆီ တို့ ဖြစ်ပါတယ်။

မုန့်ပျားသလပ် လုပ်တဲ့ မြေဒယ်အိုးသေး မရှိတာကြောင့်
သံဒယ် ဖြင့်ပဲ ပြုလုပ်ခဲ့တာပါ။ ပထမ တစ်ခု နှစ်ခု
လောက်တော့ မကောင်းပါဘူး။ နောက်အခုတွေမှ
မီးအပူပေးမှု ချိန်ညှိနိုင်ကာ စားဖြစ်တဲ့ မုန့်ပျားသလပ်
ရပါတော့တယ်။
7ht4x8.jpg
ဒီတော့မှ ကိုယ့်အကြိုက် မြန်မာ့ရိုးရာ မုန့်ပျားသလပ်
လေးများကို ဓာတ်ပုံရိုက်ယူကာ အဝစားပစ်လိုက်ပါတော့တယ်။

လာစားကြဦးမလားဗျ။

@golden.future

Sort:  

စားချင်စရာလေး

ကောင်းမှကောင်း