🎶မိုး တိမ်ယံက မှိုင်း 🎶 မှိုင်းခဲ့လေပြီ ...🎵 သက်ထား
🎶ဘယ်သောခါများ 🎵နီးရပါမည် ... 🎶ထာဝစဉ် မေ့လို့
🎵မရနိုင်ပါပြီ ... 🎶မျက်စိထဲမှာ 🎵ဝဲကာ ပေါ်လာသည် ...
🎶မေ့လို့တော့ မရနိုင်ပါပြီ ...🎵
မှုန်မှိုင်းနေသော မိုးကောင်းကင်ကို ငေးကြည့်မိရင်း
အလွမ်းသီချင်းလေး ဆိုညည်းမိပါတယ်။
အလွမ်းဓာတ်ခံ ရှိသူတို့ အဖို့ တစ်ယောက်တည်း
တစ်ကိုယ်တည်း အထီးကျန်နေချိန် မိုးသားတိမ်လိပ်တို့
မှိုင်းတက်လာလေသောအခါ တကယ် လွမ်းရပါတယ်ဗျာ။
လွမ်းရ ဆို လွမ်းစရာကလည်း ရှိပေတာကိုး။
ငဗစ်ကာလ Home Stay နှင့် ခရီးမထွက်ရ ဆိုတာထက်
အစိုးရဝန်ထမ်း ရုံး/အိမ်ရာတွေမှာ ပြင်ပလူများ
အဝင်အထွက် မပြုရ ဆိုလေသောအခါ
သား၊မယား နှင့် ကိုယ်က ဧရာဝတီမြစ်ကြီး စည်းခြား
ထားလေပြီကော။
ဒီတော့လည်း ငဗစ် ခြေရှုတ်နေစဉ်မှာတော့ ဝေးဝေးကပဲ
မိုးတိမ်တွေ ငေးကြည့်ရင်း အလွမ်းသီချင်းလေးပဲ
ဆက်ညည်းရပေဦးမပေါ့ဗျာ။
🎶မိုး တိမ်ယံက မှိုင်း 🎶 မှိုင်းခဲ့လေပြီ ...🎵 သက်ထား
🎶ဘယ်သောခါများ 🎵နီးရပါမည် ... 🎶ထာဝစဉ် မေ့လို့
🎵မရနိုင်ပါပြီ ... 🎶မျက်စိထဲမှာ 🎵ဝဲကာ ပေါ်လာသည် ...
🎶မေ့လို့တော့ မရနိုင်ပါပြီ ...🎵
လွမ်းစရာရှိတော့ လွမ်းရပေမယ်ပေါ့
လွမ်းသူမှာ မျက်ရည်စတွေနဲ့