Passion : စွဲမက်မြတ်နိုးတတ်ပါစေ

in #freewrite4 years ago

စွဲမက်မြတ်နိုးမှုဟာ အောင်မြင်မှုရဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ စွဲမက်မြတ်နိုးမှုဟာ အောင်မြင်ဖို့ လုပ်ဆောင်ရာမှာ စွမ်းအင်လောင်စာ ဖြစ်လို့ပါပဲ။
သင့်ကိုယ်သင်၊ သင့်အလုပ်၊ သင့်အတတ်ပညာ၊ သင့်ထုတ်ကုန်၊ စသည်တို့ကို စွဲမက်မြတ်နိုးရပါမယ်။

img_0.86812900949632.jpg
သင့်ကိုယ်သင် စွဲမက်မြတ်နိုးမှု မရှိပါလျှင် သင့်ကိုယ်သင်
တန်ဖိုးထားတတ်မှာ မဟုတ်သလို သင် ကောင်းစားရေး၊
သင့်ဘဝ မြင့်မားဖို့ အတွင် သင် ကြိုးစားဖြစ်မှာ
မဟုတ်ပါဘူး။

သင့်အလုပ်ကို စွဲမက်မြတ်နိုးမှု မရှိပါလျှင် သင် အလုပ်မှာ
မပျော်ပိုက်နိုင်သလို စွဲစွဲမြဲမြဲ အားစိုက်လုပ်ဆောင်မှာလည်း
မဟုတ်ပါဘူး။

သင့်အတတ်ပညာကို စွဲမက်မြတ်နိုးမှု မရှိပါလျှင် သင်
တန်ဖိုးထားတတ်မှာ မဟုတ်သလို ကောင်းကောင်းလည်း
အသုံးချတတ်မှာ မဟုတ်ပါဘူး။

သင့်ထုတ်ကုန်ကို စွဲမက်မြတ်နိုးမှု မရှိပါလျှင် သူတစ်ပါး
ကြိုက်နှစ်သက်အောင် ဆွဲဆောင်နိုင်မှာ မဟုတ်သလို
အရောင်း အစွံထုတ်နိုင်မှာလည်း မဟုတ်ပါဘူး။

ဒီလိုတွေသာဆို သင့်ဘဝဟာ လှုပ်ရှားနေပေမယ့် အရွေ့
မရှိတဲ့ ရှင်လျက် သေနေခြင်းသာ ဖြစ်ပါလိမ့်မည်။

ဒါကြောင့် သင်နှင့် သက်ဆိုင်သမျှတွေကို စွဲမက်မြတ်နိုး
တတ်ပါစေဟု အကြံပြု ဆွေးနွေး တင်ပြလိုက်ရပါတယ်။

@golden.future

Sort:  

စွဲမက်မြတ်နိုး တွယ်တာ တက်အောင် ကြိုးစားပါ့မယ်ဗျ။💪💪💪

စွဲလမ်း လုပ်ဆောင် အောင်မြင်