How to Start-up Frame 6 Gas Turbine

in #gasturbine3 years ago

Gas Turbine မောင်းနှင် လည်ပတ်ပုံ အဆင့်ဆင့်

Heavy Duty Gas Turbine များ အနက် GE Mk V Speedtronic Control , Frame 6 Gas Turbune မောင်းနှင် လည်ပတ်ပုံ ဖြစ်ပါသည်။

Turbine အား စတင်မောင်းနှင်နိုင်ရန် အတွက် L3RS ခေါ်သည့် Ready to start logic pickup ဖြစ်နေရပါမည်။
L3RS မရခဲ့လျှက် Start Check Sequence များဖြစ်သည့် L3STCK 1, L3STCK 2 , L3STCK 3 logic များအား စစ်ဆေး၍ Fault Clear ပြုလုပ်ရန် လိုပါသည် ။ Ready to Start ဖြစ်နေလျှင် Turbine ကို Start Command ပေးပါ။ Starting Diesel Engine သည် Idel Speed ဖြင့် စတင် လည်ပတ်ပါမည်။တစ်ပြိုင်တည်း Stating Clatch လည်း engage ဖြစ်၍ torque convertor နှင့် Turbine Rotor တို့ ချိတ်ဆက်နေပါမည်။

Idel Speed ဖြင့် လည်ပတ်နေသော Starting Diesel ၏ Speed PN_RPM သည် ယင်း၏ သတ်မှတ်လည်အား ၏ အနည်းဆုံး 20% ခန့် လည်ပတ်ရပါမည်။မရရှိခဲ့ပါက Diesel Engine Sequence မပြည့်စုံ၍ L4DE အား On Command ထပ်ခါရရှိနေပြီး Diesel Engine Starter Motor သည် အကြိမ်ကြိမ် အလုပ်လုပ်နေမည် ဖြစ်ပါသည်။ပုံမှန်အားဖြင့် Diesel Engine ၏ Idel Speed မှာ 800 rpm ခန့် ရှိပါသည်။
Diesel Engine စတင်လည်ပတ်ပြီးနောက် L2DW Diesel Engine Warmup Timer စတင် အလုပ်လုပ်ပါသည်။Timer 2 min ပြည့်လျှင် Ratchet Stoke အားစောင့်လျှက် Hydraulic Ratchet အားဖြင့် Torque Convertor စတင်အလုပ်လုပ်ချိန်တွင် Diesel Engine ၏
Accelerate Solenoid များဖြစ်သည့် 20DA 1 နှင့် 20DA 2 တို့ကို အလုပ်လုပ်စေလျှက် Diesel Engine အား speed မြှင့်တင်ပြီး Main Turbine အား Jog Clatch ဖြင့် ချိတ်လျှက် စတင် လည်ပတ် စေပါသည်။ Turbine Speed သည် 14HR level ကျော်လွန်သွားသောအခါ 20 DA 2 သည် De energize ဖြစ်သွားပြီး DA 1 ဖြင့် Diesel Engine အား လည်ပတ်နေစေပြီး Turbine ကိုလည်း Speed 20% rpm 1000 ခန့် 14 HM level အထိ ဆွဲတင် သွားပါသည်။
Main Turbine Speed 14 HM level သို့ ရောက်သောအခါ Turbine Bearing များသို့ ပို့လွှတ်ထားသော Lubrication Oil များအား အအေးခံရန် အတွက် Lube Oil Cooling System စတင် အလုပ်လုပ်ပါသည်။ GE Frame 6 Gas Turbine များတွင်

Lube Cooling အတွက် Fin Fan Radiator 8 No. တပ်ဆင်ထားပါသည်။
တစ်ပြိုင်တည်း Turbine သည် မကြာခင် Combustion System စတင်တော့မည် ဖြစ်သဖြင့် Turbine Compartment Cooling Fan 88 BT လည်း အလုပ်လုပ်ပါသည်။
Purging Timer 3 min လည်း Count Down စတင်ရေတွက်ပါသည်

Purging Timer 3 min ပြည့်လျှင် SRV နှင့် GCV ( Speed Ratio Valve &Gas Cobtrol Valve ) စတင်ပွင့်ပြီး Combustion Chamber များ သို့ Gas Fuel ပို့လွှတ်ပါသည်။ တစ်ပြိုင်တည်း တွင် Combustion Chamber 10 လုံးအနက် No.1 နှင့် No.10 တို့တွင် တပ်ဆင်ထားသော Spark plug 2 လုံးသို့ ဗို့အား 15000 ရောက်ရှိပြီး Spark ထွက်ကာ Gas အား Compress Air နှင့် ပေါင်းစပ်၍ မီးလောင်စေပါသည်။
Gas Fuel မီးလောင်နိုင်ရန် အတွက် လိုအပ်သော Compress Air ရရှိစေရန် Combustion Chamber ရှေ့ပိုင်း Turbine Rotor တွင် 17 Stage Blades များတပ်ဆင်ထားသော Compressor တပ်ဆင်ထားပြီး လေ အဝင် Volume အား ထိန်းချုပ်နိုင်ရန် 34 deg , 57 deg , 84 deg 3 stage Inlet Guide Vane အား တပ်ဆင်ထားပါသည်။
Chamber No.1 နှင့် No.10 တို့အတွင်းရှိ မီးတောက်သည် ကျန်သော Chamber များသို့ Cross Fire Tube များမှ တဆင့် ကူးစက် လောင်ကျွမ်းစေပါသည်။ Chamber များအတွင်း မီးလောင်မှု ဖြစ်မဖြစ်အား သိရှိနိုင်ရန် Chamber No.3, 4, 7, 8 တို့တွင် Ultra Violet ကို Detect လုပ်နိုင်သည့် Flame Detector 28 FD များတပ်ဆင်ထားပါသည်။Flame Detector ၄ လုံးအနက် ၂ လုံးထံမှ Sense ရလျှင် Diesel Engine ၏ 20 DA 1 သည် Deenergize ဖြစ်သွားပြီး 20 DA 2 ဖြင့် Diesel Engine အား Full Speed ဖြင့် Main Turbine Speed အား ဆွဲတင်ပါသည်။ တစ်ပြိုင်တည်း မှာပင် Turbine Warn up Timer 1 min ပြည့်လျှင် SRV သည် TNR ( Turbine Speed Set Point ) သို့ ရောက်ရှိရန် Speed Ratio တစ်ခုဖြင့် တဖြည်းဖြည်း ဖွင့်လျှက် Gas Fuel အား Chamber များသို့ ပိုလွှတ်ပေးပါသည်။
Start Up အချိန်တွင် SRV သည် ဟန်ချက်ညီညီ အချိုးကျ ဖွင့်ပေးနေမည် ဖြစ်ပြီး GCV သည် % တစ်ခုဖြင့် ငြိမ်နေမည် ဖြစ်ပါသည်။
Turbine Speed အား သိရှိနိုင်ရန် First Bearing အနီးတွင် တပ်ဆင်ထားသော 77 NH Magnetic Pickup များတပ်ဆင်ထားပါသည်။ Valve များ % မည်မျှ ပွင့်နေသည် ကို သိရှိနိုင်ရန်လည်း SRV , GCV နှင့် IGV တို့တွင် LVDT ( Linear Voltage Differential Transformer ) များတပ်ဆင်ထားရှိပါသည်။ Actual Speed , SRV LVDT , TNH တို့၏ PID Control ဖြင့် SRV အား Speed Set Point သို့ ရောက်ရှိစေရန် အစဉ်အတိုင်း လိုက်ဖွင့် ပေးနေမည် ဖြစ်ပါသည်

SRV သည် Turbine Speed Set Point သို့လိုက်ရင်း Combustion Chamber ထဲသို့ Gas Fuel အား ပိုလွှတ်ပေးနေသည့် အတွက် Combustion Chamber အတွင်းရှိ Hot Gas Pressure သည်လည်း ပိုများ လာပါသည်။ Hot Gas Pressure သည် 3 Stage Turbine ၏ Stator ရှိ Nozzel နှင့် Rotor ရှိ Bucket များကို အရှိန်ဖြင့် ပွတ်တိုက်ပြီး Main Turbine အား လည်ပတ် စေပါသည်။ Combustion ဖြစ်ပြီးနောက်တွင် Main Turbine သည် Self Power အပြင် Diesel Engine ၏ Full Load လည်ပတ်အား အကူအညီ ကိုပါ ရယူထားပါသည်။
Main Turbine သည် Speed တက်လာသည့် အခါသည့် အခါတွင် Compressor ၏ Air Pressure များလာသည့် အလျောက် Turbine Component များ Combustion Chamber များ သို့ Compressor 11 Stage မှ Turbine Cooling & Sealing System အတွက် ပေးပို့ထားသော Air Pressure သည်လည်း များလာသည့် အတွက် Combustion System အစတွင် Chamber များသို့ Cross Fire Tube များမှ ကူးစက်ပြီး ယင်းတို့အတွင်း ၌ ရှိနေသော မီးတောက် သည်လည်း Sealind Air ၏ Chamber တစ်ခုနှင့် တစ်ခုကြား ဖြတ်တောက်မှုကြောင့် Cross Fire Tube အတွင်း ဆက်လက် မလောင်ကျွမ်း နိုင်တော့ပေ။
စက်စတင် လည်ပတ်စဉ် Ignition အတွက် အသုံးပြုသော Spark Plug 95 SP 2 No. ၏ Ignition Tap သည်လည်း အတွင်းမှ Hot Gas Pressure ၏ တွန်းကန် အားကြောင့် မူလ Fuel Nozzle ထိပ် နေရာမှ နေ၍ နောက်သို့ ( Combustion Chamber ) အပြင်ဘက်သို့ တိုးထွက်နေပါမည် ။

SRV သည် Turbine Speed အား 0.1 % / sec နှုန်းဖြင့် တိုးလာစေရန် ထိန်းညှိထားပါသည် ။ ထိုသို့ Turbine Speed တက်လာရင်း 68 % 3500 rpm ခန့်တွင် Turbine သည် Diesel Engine ၏ Speed ထက် သာလွန်လာသောအခါ Diesel Engine နှင့် Turbine Rotor တို့ ချိတ်ဆက်ထားသော Jog Clatch အား ဗဟိုခွာအား Centrifugal Force ဖြင့် ခွာထုတ်ပစ်လိုက်ပါသည်။ ထိုသို့ ခွာထုတ်စဉ် Jog Clatch engage / disengage ကို ပြသော Limit Switch 33CS ၏ Contact Input မှတဆင့် Diesel Engine ၏ High Speed Solenoid 20DA 2 ကို De energize လုပ်ခိုင်းပြီး Diesel Engine အား Idel Speed အဖြစ်သာ Cool Down 5 min လည်ပတ်စေပါသည်။
Diesel Engine အား ခွာထုတ်ပစ်ပြီးနောက် Turbine သည် High accleration 0.3% / sec နှုန်းဖြင့် SRV အား အလုပ်လုပ်စေပြီး Full Speed 5100 rpm သို့ ဆွဲတင်သွားပါသည်။
Speed 100 % မရောက်မှီ 96.4 % Speed Level 14 HS အရောက်တွင် Over Shoot ဖြစ်ခြင်းမှ ကာကွယ်ရန် 0.1% / sec သို့ ပြန်လည် လျှော့ချပါသည်။
14HS Level တွင် Exhaust Frame Cooling Fan 88 TK 1 စတင် လုပ်ဆောင်ပြီး 10 sec အကြာတွင် 88 TK 2 ထပ်မံ လုပ်ဆောင်ပါသည်။ Assessories Gear ရှိ Lubrication Oil Pump နှင့် Hydraulic Oil Pump များသည်လည်း လုံလောက်သော Oil Pressure ကို Accessories Gear များရှိ Mechanical Pump များမှ ရရှိနိုင်ပြီ ဖြစ်သဖြင့် 88 QA Lube Oil Pump Motor နှင့် 88 HQ Hydrauluc Oil Pump Motor တို့ ရပ် သွားမည် ဖြစ်ပါသည်။
14 HS Level တွင် Generator ကို Field ကျွေးသော 41 EX Excitation System လည်း စတင်ပြီး Generator မှ 11 kV ဗို့အား ထွက်ပေါ်စေပါသည်။
Turbine Full Speed 100 % ရောက်ရှိလျှင် Generator အထွက် နှင့် Synchronizing Circuit Breaker ထိပ်ရှိ 11 kV PT တို့အား ကြည့်၍ ဓာတ်အားစနစ်၏ Voltage နှင့် Frequency အား ချိန်ညှိပြီး Synchronization ပြုလုပ်ကာ Generator အား ဓာတ်အားစနစ် အတွင်း ဝင်ရောက်ကာ ဓာတ်အား ထုတ်လုပ်စေပါသည်။
Generator နှင့် ဓာတ်အားစနစ် ချိတ်ဆက်ပြီးချိန်တွင် Turbine Start Command သည် Active မဖြစ်တော့ပါ။
Turbine အား မောင်းနှင် လည်ပတ်နေစဉ်တွင်
Exhaust Temperature , Bearing များတွင် တပ်ဆင်ထားသည့် 39V များ၏ Vibration , Compressor Discharge Pressure 96CD ( CPD ) Lube Oil Pressure , Lube Oil Temperature , Exhaust Temperature Spread , Turbine ၏ Abnormal Sound တို့အား ဂရုစိုက် စောင့်ကြည့် စစ်ဆေးနေရန် လိုအပ်ပါသည်။

img_0.5053793561089528.jpg