မာန မင်းသမီးလေး ရဲ့ ဒဏ္ဍာရီ (အပိုင်း ၁)

in #happy6 years ago

မာန မင်းသမီးလေး ရဲ့ ဒဏ္ဍာရီ (အပိုင်း ၁)

"ဖြန်း" ဆိုတဲ့ ဒက်ဒီရဲ့ ရိုက်ချက်ပြင်းတော့ အသံနဲ့ အတူ မဟော်ကိုယ့်လေး အနောက်မှာရှိတဲ့ ဆိုဖာပေါ် ပြုတ်ကျသွားတယ်
မဟော်အတွက် ဒါတွေမရိုးတော့ပါဘူး ဒါကြောင့်ဖြစ်မယ် မျက်ရည်တွေလည်းမထွက်တော့ဘူး
ဒါပေမယ် မဟော် အသည်းမှာတော့
သွေးစိမ်းတွေလျှံထွက်နေပါတယ် ဆိုတာ
မဟော် ကလွဲလိုဘယ် သူမ မသိနိုင်ဘူး၊
မဟော်တစ်ယောက်တည်း ရှင်လျက်နဲ့ သေနေတာကြာခဲ့ပါပြီ

"ကိုယ့်ညီမကိုကိုယ် အဲ့လိုလုပ်စရာလား
မယ်မဟော်!" ဒက်ဒီ အသံက သမီးရင်ထက်ဆိုင်ရင် မယားပါသမီး ကိုစိုရိမ်းပိုနေပါတယ်၊ ဒီကစ္စနဲ့ ပတ်သက်ပြီးတော့
မဟော် ဘာမှရှင်းပြမို့ စိတ်ကူမရှိဘူး။
ဟိုတစ်ယောက်ကတော့ ဒက်ဒီရှေ့မှာ
မျက်နှာငယ်လေးနဲ့ ငိုပြနေပါတယ်
အနားမှာတော့ မဟော်ရဲ့ မိထွေးတော်ပါ

"မဟော် မှာ ဘာညီမမှမရှိဘူး ဒက်ဒီ! မယ်မဟော် ဆိုတာ ဒီမဟော် စံအိမ်ကြီးရဲ့ အရှင်သခင်မ ဒေါ်မယ်နှင်းဖြူရဲ့ တစ်ဦးတည်းတော့ သမီး အဲ့ဒါကို ဒက်ဒီ သိပါတယ် ။ မာမီ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေအားလုံ မဟော် နာမည်နဲ့လွဲပြီးတာ စံအိမ်ကြီး အပါအဝင်ပေါ့ အဲ့ဒါကို တချို့က ရမလားဆိုပြီ အိမ်ကြီးရဲ့ အရှင်သခင်မ နေရာကိုဝင်လုတာလေ ဒီမှာ အပျက်ပြောလိုက်မယ် ဒေါ်မာလာခင် ရှင်တို့ အခုလိုသုံးဖြုန်းနေတာ ဘယ်သူပိုက်ဆံတွေလဲဆိုတာ အရင်စဉ်းစားပါ။ ရှင်တို့ ဒီလောက်သုံးဖြုန်းနေတာ မဟော်မသိဘူး မထင်နဲ့"

မဟော် ဒက်ဒီရှေ့မှာပဲပြောနေတာပါ။
မဟော်မျက်နှာပြင်တစ်ခုလုံးကတော့
သံမဏိနဲ့ နင်လား ငါ့လားပါပဲ မဟော်
ဒေါသတွေအခုမှပေါက်ကွဲတာမို့ ဒက်ဒီကတော့ ပြောစရာစကားရှာမတွေသေးဘူးထင်တယ်

"ဒီမှာ ဒေါ်မာလာခင်နဲ့ မာယာခင်။နာမည်နဲ့ လူနဲ့လိုက်ပါတယ်။ မဟော်လွက်ထားတယ်ဆိုတာ အခုရှင်တို့ သုံးနေတာတွေက
မဟော် shopping တစ်ခါထွက်တဲ့စရိတ်တောင်မရှိဘူး"
အနိုင်နဲ့ပိုင်ပြီ ကိုယ်အခန်းဆီကိုတတ်ခဲ့လိုက်တယ်
ဒေါ်မာလာခင်ကတော့
"ကိုကို သမီးက အရမ်ရိုင်းတာပဲ"
မျက်ရည်တွေနဲ့ပေါ့။ ဒက်ဒီကတော့
အဲ့ဒီမျက်ရည်တွေကို သာယာနေခဲ့တာကြာပါပြီ

မဟော် အခန်းတံခါပိတ်ပြီတော့
ကိုယ်ကိုအိပ်ရာပေါ့ ပစ်လဲချလိုက်မှာ
ချေထောက်နှာနေတာကိုပြန်သတိထားမိတော့
မဟော်ရဲ့ အတွေးတွေ လွန်ခဲ့တဲ့ တစ်နာရီဝက်ဆီပြန်ရောက်သွားတယ်

ဒက်ဒီရဲ့ သူငယ်ချင်း ဦးမင်နိုင်ရဲ့ ဧည့်ခန်းပွဲမှာပေါ့

"လာ သူငယ်ချင်းရေ ငါ့မင်းကိုစောင့်နေတာ"
ဦးမင်းနိုင်က မဟော်တို့ ကိုသတိထားမိပြီ

"ဒါမင်း သမီတွေလား နေရိန်"

"အင်း ဟုတ်တယ် မယ်မဟော်နဲ့ မာယာခင်တဲ့"

ဦးမင်းနိုင်က သားရေ ခဏလိုပြောတော့ မိန်းကလေး လှလှတွေကြားကနေ ခက်မိုက်မိုက်
အသားဖြူဖြူနဲ့ လူတစ်ယောက်ထွက်ခဲ့ပြီ

"သား ဒီအန်ကယ်ကို မှတ်မိလား?"

"အန်ကယ် ရိန်မဟုတ်လား"
ဦနေရိန်ပြူံးလိုက်တယ်

"ဟုတ်တယ် သား ဒါက သားအန်ကယ်ရဲ့
သမီးတွေလေ မယ်မဟော်နဲ့ မာယာခင်တဲ့။
သမီး ဒါသမီးတို့ရဲ့ ကိုကို သတိုးမင်းတဲ့ မှတ်ထားနော်"

"သား မယ်မဟော်ဆိုတဲ့ နာမည်ကိုတော့ကြားဘူး ဒက်ဒီ လူကိုတော့ အခုမှတွေဘူးတယ်"

ကြားဖူးမှာပေါ မယ်မဟော်ဆိုတာ
သူမရဲ့ အလှနဲ့ကြွယ်ဝမူကြောင့် ဂုဏ်သတင်းတွေပျံ့လွင့်နေတာ

သတိုး ကိုယ့်အရှေ့က ကောင်းမလေးနှစ်ယောက်ကိုကြည့်မိတယ် နှစ်ယောက်စလုံးလှပါတယ် ဒါပေမယ်
မယ်မဟော်ဆိုတဲ့ တစ်ယောက်ကပိုလှပါတယ်
တစ်ခုရှိတာက သူမ မျက်နှာက တစ်လောကလုံး
သူမလုပ်စာထိုင်စားနေသလို သူကြားရတဲ့ သတင်းနဲ့ လုံးဝကွက်သိပဲ

မဟော် ကိုယ်ကို မျက်လုံးပြူကြီတွေနဲ့
စိုက်ကြီးနေတဲ့ သူကို မျက်စောင်းထိုးပစ်လိုက်ပြီး
ရေကန်ဘေးက စာပွဲလွတ်မှာ ဝင်ထိုင်လိုက်တယ်

သတိုး အသည်းနှလုံးခုန်သံတွေ သံစဉ်ဖြစ်သွားတယ်
ဒါပေမယ် မကြာလိုက်ပါဘူး သူမရဲ့ စိတ်ဓာတ်ကို
သူသိခွင့်ရလိုက်တယ် မာယာဆိုတဲ့
ကောင်းမလေးဝင်ထိုင်တော့ သူမ ချက်ချင်ထရပ်ပြီ
ကန်ထဲတွန်းချလိုက်တော့ သူမျက်လုံးပြူးသွားတယ်

မာယာ လာထိုင်လိုထတယ်ဆိုတာ မှန်တယ် ဒါပေမယ်
မဟော်မတွန်းချတာမဟုတ် သူမဘာသာသူမခြေလိမ်ပြီကျသွားတာ
ဒါကို မရွှေချော်က ဒက်ဒီရှေ့ရောက်မှငှိပနေလိုက်တာ အားလုံးရဲ့ သနားကြင်နာမူကိုရယူလိုက်ပါတယ်။ ဒါပေမယ် မဟော် ဂရုမစိုက်ပါဘူး

တံခါးခေါက်သံနဲ့ အတူ သူမတွေးတွေရပ်သွားတယ်

"ဒေါက်!ဒေါက်! မမလေး! အောက်မှာ ရှေ့နေကြီးရောက်နေလိုပါ"

"ငါအခုလာခဲ့မယ်လိုပြောလိုက်"

"သမီး အိပ်နေတာလား? ခေါင်းတွေကိုက်နေအုံးမယ်။ ဒီမှာ သမီးအတွက် ဒီလစာ"

မဟော်အရှေ့က ငွေတွေကိုကြည့်ပြီ

"မအိပ်ပါဘူး လေးလေးရဲ့" ရှေ့နေကြီးဆိုပေမယ် မဟော် မာမီရဲ့ တစ်ဝမ်းကွဲမောင်ပါ

လေးလေးပြန်သွားတော့ မဟော်
ပိုက်ဆံတွေပိုက်ပြီ အပေါ်ကနေဆင်းလာတဲ့
ဟိုသားအမိနဲ့တွေ့ပါတယ် နှစ်ယောက်စလုံး
မျက်လုံးတွေက ပိုက်ဆံအိပ်ပေါ်မှာ
မဟော်သိတယ် မကြာခင်
ဒက်ဒီဆီ သတင်းရောက်တော့မယ်ဆိုတာ။


Soon 2