Advantages of banana

in #health7 years ago

FB_IMG_1504112256707.jpgငွက္ေပ်ာသီးဟာ သေရစာ အျဖစ္ စားၾကၿပီး ကေလးငယ္ေတြ က်န္းမာၿပီး အာဟာရျပည့္၀ေစဖို႔ အဓိက ေကြ်းတဲ့အသီးတစ္မ်ိဳးပါ။ သူရဲ႕ လူသိနည္းတဲ့ အေၾကာင္းအရာ အခ်ိဳ႕ကို ျပန္လည္ၿပီး မွ်ေ၀လိုက္ပါတယ္။

အသားအေရနဲ႔ ဆံေကသာအတြက္

အီဂ်စ္နဲ႔ ေရာမလူမ်ိဳးမ်ားဟာ သူတို႔ရဲ႕ အလွအပဆိုင္ရာ နည္းပညာေတြထဲမွာ ငွက္ေပ်ာသီးအသံုး လည္း ပါပါတယ္။ ငွက္ေပ်ာသီးထဲမွာ အမီႏို အက္ဆစ္ပါဝင္ေၾကာင္း အထက္မွာ ေဖာ္ျပၿပီးသြားပါၿပီ။ အမီႏို အက္ဆစ္ဟာ အသားအေရနဲ႔ ဆံေကသာအတြက္ အရမ္းအက်ိဳး ရွိေစပါတယ္။ ဆံသားကို ေပ်ာ့ေျပာင္းေစၿပီး ဗီတာမင္ေအ၊ ဘီ၊ စီ တို႔လည္း ပါဝင္တဲ့အတြက္ ဆံပင္ႏွစ္ခြ ျဖစ္ျခင္းမွ ကာကြယ္ေပးပါတယ္။ငွက္ေပ်ာသီး သက္သက္ကို အခံြခြာၿပီး ဆံပင္ကို ပြတ္ေပးပါ။ ၿပီးရင္ ခဏေစာင့္ၿပီး မွ ေရနဲ႔ ျပန္ေလွ်ာ္ေပးပါ။ Conditioner သံုးစရာမ လိုေအာင္ ဆံပင္ဟာ ေတာက္ေျပာင္၊ ႏူးညံ့ ႐ႊန္းစိုေစပါတယ္။

အေရျပားအတြက္

ငွက္ေပ်ာသီးအခြံ သက္သက္ကို အေရျပားေပၚတြင္ ပြတ္သပ္လိမ္းေပးျခင္းဟာလည္း အေရျပားအတြက္ ေကာင္းေစပါတယ္။ ဝက္ၿခံရွိတယ္ဆိုရင္ မ်က္ႏွာကို ငွက္ေပ်ာသီးအခြံနဲ႔ပြတ္ေပးပါ။ ခဏတာအတြင္း ဝက္ၿခံေတြ ေပ်ာက္ကင္းသြားပါလိမ့္မယ္။ ငွက္ေပ်ာသီးကို ေခ်ၿပီး မ်က္ႏွာကို လိမ္းေခ်ေပးပါ။ ၿပီးရင္ ၁၀- ၁၅ မိနစ္ေလာက္ေစာင့္ၿပီး ေရနဲ႔ ျပန္သစ္ေပးပါ။ အခ်ိန္မွန္မွန္လုပ္ေပးလာတာနဲ႔အမွ်အသား အေရကို ဝင္းပလာေစပါတယ္။ မ်က္ႏွာေပၚက အညစ္အေၾကးေတြ ကင္းစင္ေစပါတယ္။ အမာ႐ြတ္ေတြ ေပ်ာက္ေစပါတယ္။ ၾကြက္ႏို႔ကိုသတ္တဲ့အခါမွာလည္း သံုးႏိုင္ပါေသးတယ္။ ငွက္ေပ်ာသီး အတြင္းသားနဲ႔ ႂကြက္ႏို႔ကို ဖံုးေပးၿပီး သတ္ႏိုင္ပါတယ္။

အေရျပားကို ႏူးညံ့ေစေအာင္

ေထာပတ္သီး တစ္လံုး၊ ငွက္ေပ်ာသီး တစ္လံုး၊ ႏြားႏို႔စစ္စစ္ ၂ ဇြန္း နဲ႔ ဗီတာမင္ အီးအဆီ ၂ ဇြန္းတို႔ကို ယူပါ။ ေထာပတ္သီးနဲ႔ ငွက္ေပ်ာသီးကိုေခ်ၿပီး သမေအာင္ နယ္ေပးပါ။ ၿပီးမွ ႏြားႏို႔ကို ထည့္ေပးပါ။ ၿပီးရင္ အဲဒီ့အရည္ကို မ်က္ႏွာနဲ႔ အသားအေရအတြက္ လိမ္းေပးပါ။ ဆယ္မိနစ္ေလာက္ အေျခာက္ခံၿပီး မွျပန္ၿပီးေရနဲ႔ေဆးေၾကာေပးရမွာ ျဖစ္ပါတယ္။ ေကာင္းက်ိဳးေတြကေတာ့အရည္ျပားကို ႏူးညံ့႐ႊန္းစိုေစပါတယ္။

ကေလးမ်ားအတြက္

ငွက္ေပ်ာသီးဟာ ပ်ိဳေမတို႔အတြက္သာမက ကေလးသူငယ္အတြက္ပါ အက်ိဳးရွိေစတဲ့ သစ္သီး တစ္မ်ိဳး ျဖစ္ပါတယ္။ အစာအလြယ္ တကူေခ်ဖ်က္ေစႏိုင္ၿပီး အဆီလည္း မပါတဲ့အတြက္ ကေလးေတြနဲ႔ လိုက္ဖက္တဲ့ အစားအစာမ်ိဳး ျဖစ္ပါတယ္။ ငွက္ေပ်ာသီးနဲ႔ မတည့္တဲ့ ကေလး ရွားပါတယ္။ ေနာက္ၿပီး ခႏၶာကိုယ္ ႀကီးထြားေစဖို႔အတြက္လည္း ငွက္ေပ်ာသီးဟာ လိုအပ္တဲ့ သစ္သီး တစ္မ်ိဳး ျဖစ္ပါတယ္။

အဆံုးသတ္ေျပာရရင္ ပ်ိဳေမတို႔အတြက္ ငွက္ေပ်ာသီးဟာ အသားအေရအတြက္ေရာ၊ ဆံပင္အတြက္ သာမက ကိုယ္တြင္း က်န္းမာေရးနဲ႔ ေနာင္ေရးအာေရာပ်ံအတြက္ပါ အက်ိဳးရွိေစတာမို႔ အစာလည္းေဆး၊ ေဆးလည္း အစာအျဖစ္ သံုးေဆာင္ရင္း လွသထက္ လွႏိုင္ၾကပါေစလို႔ ဆုေတာင္းလိုက္ရပါတယ္။

Credit : amyokaungtarr

Unicode Version

လူသိနည်းတဲ့ ငှက်ပျောသီးရဲ့ ကောင်းကျိုးအချို့

ငှက်ပျောသီးဟာ သရေစာ အဖြစ် စားကြပြီး ကလေးငယ်တွေ ကျန်းမာပြီး အာဟာရပြည့်ဝစေဖို့ အဓိက ကျွေးတဲ့အသီးတစ်မျိုးပါ။ သူရဲ့ လူသိနည်းတဲ့ အကြောင်းအရာ အချို့ကို ပြန်လည်ပြီး မျှဝေလိုက်ပါတယ်။

အသားအရေနဲ့ ဆံကေသာအတွက်

အီဂျစ်နဲ့ ရောမလူမျိုးများဟာ သူတို့ရဲ့ အလှအပဆိုင်ရာ နည်းပညာတွေထဲမှာ ငှက်ပျောသီးအသုံး လည်း ပါပါတယ်။ ငှက်ပျောသီးထဲမှာ အမီနို အက်ဆစ်ပါဝင်ကြောင်း အထက်မှာ ဖော်ပြပြီးသွားပါပြီ။ အမီနို အက်ဆစ်ဟာ အသားအရေနဲ့ ဆံကေသာအတွက် အရမ်းအကျိုး ရှိစေပါတယ်။ ဆံသားကို ပျော့ပြောင်းစေပြီး ဗီတာမင်အေ၊ ဘီ၊ စီ တို့လည်း ပါဝင်တဲ့အတွက် ဆံပင်နှစ်ခွ ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ငှက်ပျောသီး သက်သက်ကို အခွံခွာပြီး ဆံပင်ကို ပွတ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီး မှ ရေနဲ့ ပြန်လျှော်ပေးပါ။ Conditioner သုံးစရာမ လိုအောင် ဆံပင်ဟာ တောက်ပြောင်၊ နူးညံ့ ရွှန်းစိုစေပါတယ်။

အရေပြားအတွက်

ငှက်ပျောသီးအခွံ သက်သက်ကို အရေပြားပေါ်တွင် ပွတ်သပ်လိမ်းပေးခြင်းဟာလည်း အရေပြားအတွက် ကောင်းစေပါတယ်။ ဝက်ခြံရှိတယ်ဆိုရင် မျက်နှာကို ငှက်ပျောသီးအခွံနဲ့ပွတ်ပေးပါ။ ခဏတာအတွင်း ဝက်ခြံတွေ ပျောက်ကင်းသွားပါလိမ့်မယ်။ ငှက်ပျောသီးကို ချေပြီး မျက်နှာကို လိမ်းချေပေးပါ။ ပြီးရင် ၁၀- ၁၅ မိနစ်လောက်စောင့်ပြီး ရေနဲ့ ပြန်သစ်ပေးပါ။ အချိန်မှန်မှန်လုပ်ပေးလာတာနဲ့အမျှအသား အရေကို ဝင်းပလာစေပါတယ်။ မျက်နှာပေါ်က အညစ်အကြေးတွေ ကင်းစင်စေပါတယ်။ အမာရွတ်တွေ ပျောက်စေပါတယ်။ ကြွက်နို့ကိုသတ်တဲ့အခါမှာလည်း သုံးနိုင်ပါသေးတယ်။ ငှက်ပျောသီး အတွင်းသားနဲ့ ကြွက်နို့ကို ဖုံးပေးပြီး သတ်နိုင်ပါတယ်။

အရေပြားကို နူးညံ့စေအောင်

ထောပတ်သီး တစ်လုံး၊ ငှက်ပျောသီး တစ်လုံး၊ နွားနို့စစ်စစ် ၂ ဇွန်း နဲ့ ဗီတာမင် အီးအဆီ ၂ ဇွန်းတို့ကို ယူပါ။ ထောပတ်သီးနဲ့ ငှက်ပျောသီးကိုချေပြီး သမအောင် နယ်ပေးပါ။ ပြီးမှ နွားနို့ကို ထည့်ပေးပါ။ ပြီးရင် အဲဒီ့အရည်ကို မျက်နှာနဲ့ အသားအရေအတွက် လိမ်းပေးပါ။ ဆယ်မိနစ်လောက် အခြောက်ခံပြီး မှပြန်ပြီးရေနဲ့ဆေးကြောပေးရမှာ ဖြစ်ပါတယ်။ ကောင်းကျိုးတွေကတော့အရည်ပြားကို နူးညံ့ရွှန်းစိုစေပါတယ်။

ကလေးများအတွက်

ငှက်ပျောသီးဟာ ပျိုမေတို့အတွက်သာမက ကလေးသူငယ်အတွက်ပါ အကျိုးရှိစေတဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။ အစာအလွယ် တကူချေဖျက်စေနိုင်ပြီး အဆီလည်း မပါတဲ့အတွက် ကလေးတွေနဲ့ လိုက်ဖက်တဲ့ အစားအစာမျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ မတည့်တဲ့ ကလေး ရှားပါတယ်။ နောက်ပြီး ခန္ဓာကိုယ် ကြီးထွားစေဖို့အတွက်လည်း ငှက်ပျောသီးဟာ လိုအပ်တဲ့ သစ်သီး တစ်မျိုး ဖြစ်ပါတယ်။

အဆုံးသတ်ပြောရရင် ပျိုမေတို့အတွက် ငှက်ပျောသီးဟာ အသားအရေအတွက်ရော၊ ဆံပင်အတွက် သာမက ကိုယ်တွင်း ကျန်းမာရေးနဲ့ နောင်ရေးအာရောပျံအတွက်ပါ အကျိုးရှိစေတာမို့ အစာလည်းဆေး၊ ဆေးလည်း အစာအဖြစ် သုံးဆောင်ရင်း လှသထက် လှနိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

Credit : amyokaungtarr

FacebookTwit