အရင် post မှာ ရေးတဲ့ pooltogether က ငွေကြေး အနည်းအကျဥ်းပဲ ထည့်လိုသူတွေအတွက် အဆင်မပြေနိုင်ပါဘူး။ pooltogether က ethereum blockchain မှာ အလုပ်လုပ်တာကြောင့် ethereum gas fees or transaction fees က အရမ်းများပါတယ်။ ethereum က 2.0 version မြင့်လာလည်း transaction fees မတရားပေးနေရတဲ့ ပြဿနာက အဆင်မပြေသေးပါဘူး။
ဟိုတစ်နေ့က uniswap မှာ coin တစ်ခုကနေ တစ်ခုကို exchange သွားလုပ်တာ transaction fees ဒေါ်လာ 60 ကျော် ပေးလိုက်ရတယ်။ အခုပြောတဲ့ lucktogether lottery က huobi ecological chain or heco chain မှာ လုပ်တာ ဖြစ်တဲ့အတွက် gas fees or transaction fees က USD နဲ့ဆို 1 cent သာသာလောက်ပဲ ကျမှာပါ။ တော်တော်ကို ကွာပါတယ်။ ကိုယ် lottery ticket ဝယ်ပြီး စုမယ့် ပမာဏက အနည်းအကျဥ်းပဲဆို lucktogether က ပိုအဆင်ပြေပါတယ်။
Lucktogether က heco peg USDT ကိုစုရမှာပါ။ သဘောတရားကတော့ pooltogether လိုပါပဲ။ လူအများကြီးက စုထားတဲ့ USDT တွေကို lendhub ဆိုတဲ့ ငွေချေး protocol မှာ ချေးထားပြီး ရလာတဲ့ အတိုးကို တစ်ပတ်ကို တစ်ယောက် ထီဆုအဖြစ် ထုတ်ပေးတာပါ။
လိုအပ်တာကတော့ heco network က huobi token HT လိုပါတယ်။ သူက ethereum gas fees လိုပဲ heco chain ပေါ်မှာ အလုပ်လုပ်ဖို့ transaction fees အဖြစ် အနည်းအကျဥ်း ရှိနေရမှာပါ။ HT ရဖို့က huobi pro account တစ်ခု လိုပါတယ်။ huobi exchange မှာ အကောင့် ဖွင့်ထားရမှာပါ။ အကောင့်ဖွင့်ပြီးရင် website က သိပ်သုံးမကောင်းပါဘူး။ huobi pro app ကို google play က download ဆွဲရပါမယ်။ ပြီးရင် အကောင့် password နဲ့ app ထဲကို ဝင်ရပါမယ်။
ပြီးရင် ကိုယ်မှာရှိတဲ့ တခြား crypto တစ်ခုခု အဆင်ပြေတာကတော့ litecoin သို့မဟုတ် dogecoin က ပိုအဆင်ပြေပါတယ်။ အဲဒီ crypto တစ်ခုခုကို huobi exchange မှာ deposit လုပ်ရပါမယ်။ minimum deposit amount ကို တစ်ချက်ကြည့်ပါ။ deposit အနည်းဆုံး ဘယ်လောက်လက်ခံလဲ ကြည့်ပါ။ ပြီးရင် deposit လုပ်ပြီး လုပ်ထားတဲ့ coin ကို HT အဖြစ် လဲလိုက်ပါ။
HT တွေ ရပြီဆိုရင်တော့။ withdraw လုပ်ဖို့ huobi wallet သို့မဟုတ် token pocket wallet လိုပါမယ်။ play store က နေ ကြိုက်တာတစ်ခုကို download ဆွဲပါ။ ပြီးရင်း create wallet လုပ်ပါ။ heco wallet ရှိ ပြီးသား ဆိုရင်တော့ import လုပ်ပေါ့။ wallet create လုပ်ရာမှာ mnemonics seed phrase ကို ရေးပြီး မှတ်ထားရပါမယ်။ ဒါက wallet ရဲ့ password ပါပဲ။ ဒီ mnemonics ကို သိတဲ့သူက သင့် ပိုက်ဆံတွေကို အကုန်ထုတ်သုံးလို့ ရပါတယ်။ ဘယ်သူကိုမှ မသိပါစေနဲ့။ လုံခြုံအောင် သိမ်းထားရပါမယ်။
Huobi wallet က heco chain တစ်ခုတည်းကို ထောက်ပံ့ပေမယ့် token pocket ကတော့ တခြား chain တွေ အများအပြားပါ ရှိနေတဲ့အတွက် heco chain wallet address ကို ရှာရပါမယ်။ မီးတောက်ပုံလေးက heco chain logo ပါ။ wallet address ရပြီဆိုရင် huobi pro exchange app မှာရှိတဲ့ HT တွေကို ထို wallet address ထဲ withdraw လုပ်ရပါမယ်။ minimum withdraw amount ကို ကြည့်ပြီး အနည်းဆုံး အဲဒီပမာဏထက် ပိုပြီးထုတ်ပါ။ withdraw ထုတ်ရမှာ network chain ကို heco ကို ရွေးထားရပါမယ်။ network မှားပြီး ထုတ်ရင် ထုတ်မယ့် HT တွေ ဆုံးပါမယ်။
HT တွေ huobi wallet သို့မဟုတ် token pocket wallet မှာ ရပြီဆိုရင်တော့ lucktogether မှာ ငွေစု lottery ticket ဝယ်ဖို့ USDT အဖြစ် ပြောင်းရပါမယ်။ သိထားရမှာက heco chain မှာ interact လုပ်ဖို့ HT က အမြဲလိုအပ်နေမှာ ဖြစ်တဲ့အတွက် မိမိ wallet ထဲမှာ HT အနည်းအကျဥ်း အမြဲ ရှိနေရပါမယ်။ app ထဲမှာ ပြထားတဲ့ exchange တစ်ခုခုနဲ့ မိမိရဲ့ HT ကို မိမိစုချင်သလောက် USDT ပြောင်းလိုက်ပါ။ MDEX exchange က အဆင်ပြေပါတယ်။
USDT ရပြီဆိုရင်တော့ wallet ရဲ့ ပေါ်ဆုံးက search bar မှာ အောက်က link ကို copy ကူးပြီး ထည့်ရှာလိုက်ပါ။
The first no loss lucky draw mining protocol on Heco chain. Deposit to get LUCK tokens and the chance to win thousands U as reward. Don't hesitate, mine with me! Link:
https://www.lucktogether.com/?inviteCode=eyd7va
ဒါဆိုရင် lucktogether dapp site ကို ရောက်သွားပါပြီ။ ပြီးရင် USDT pool မှာ deposit လုပ်ပါ။ ကျန်တဲ့ အဆင့်တွေကတော့ pooltogether နဲ့ သိပ်မကွာပါဘူး။
Warning
ဤဆောင်းပါးသည် ဘဏ္ဍာရေး အကြံပေးချက် မဟုတ်ပါ။ အွန်လိုင်းတွင် ငွေကြေး ရင်းနှီးမြုပ်နှံခြင်းသည် ဆုံးရှုံးနိုင်ခြေ ရှိပါသည်။ နည်းပညာ ဗဟုသုတအတွက်သာ ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ မိမိ ဆုံးရှုံးခံနိုင်သော ပမာဏဖြင့်သာ လုပ်ဆောင်စေလိုပါသည်။ ဖတ်ရှုသည့်အတွက် ကျေးဇူးတင်ရှိပါသည်။
Congratulations @hive.phyowinkoko! You have completed the following achievement on the Hive blockchain and have been rewarded with new badge(s) :
Your next target is to reach 200 upvotes.
Your next target is to reach 100 upvotes.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Support the HiveBuzz project. Vote for our proposal!