I want to Fly through the sky

By Upstreaming the wind's momentum,Flying far away,
By crossing the clouds, towards the sky.

This is a Burmese lyrics.
Just as I often sing this lyrics when I look up at the clouds, I also often sing this lyrics when I see birds flying in the sky.

We have all wanted to fly like birds in the sky.
We don't want to be birds, but we want to have the ability to fly like birds.
We want to experience the feeling of flying towards our destination.
It's also nice to see the whole world from a height, isn't it?

Today, it's not about birds, but about my emotional nature about birds.
I wonder if you've had this kind of emotional nature before.

လေဟုန်ကို ဆန် အဝေးဆုံးကို ပျံ၊
တိမ်တွေကို ကျော်ကာဖြတ်လို့ မိုးကောင်းကင်ယံ။

ဒါက မြန်မာသီချင်းစာသားလေးပါ။
တိမ်တွေကို မျှော်ငေးကြည့်မိသောအခါ၌ ဒီသီချင်းစာသားလေးကို ဆိုညည်းမိတတ်သကဲ့သို့ ကောင်းကင်၌ ပျံဝဲနေသော ငှက်တွေကို ကြည့်မြင်မိလျှင်လည်း ဒီသီချင်းစာသားကို ရွတ်ဆိုမိတတ်ပါတယ်။

ကောင်းကင်၌ ငှက်တွေ ကဲ့သို့ ပျံဝဲချင်သော စိတ်တွေ မိတ်ဆွေတို့ ဖြစ်ဖူးကြမှာပါ။
ကျွန်တော်တို့သည် ငှက်မဖြစ်ချင်ကြပေမယ့် ငှက်တွေ ကဲ့သို့ ပျံသန်း‌နိုင်သော အစွမ်းကိုတော့ ရချင်ကြပါတယ်။
မိမိ လိုရာခရီးသို့ လေဟုန်စီးကာ ပျံသန်းသွားချင်တဲ့ ခံစားမှုအရသာလေး ရချင်မိတာပါ။
အမြင့်ကနေ မြေပြင်တစ်ခွင်ကို ကြည့်မြင်ရသည့်အရသာကလည်း ကောင်းလှတယ် ဟုတ်တယ်မလား။

ဒီနေ့ကတော့ ငှက်တွေအကြောင်း အဓိက မဟုတ်ပေမယ့် ငှက်တွေနှင့်ပတ်သက်လို့ ကျွန်တော်၏ စိတ်ခံစားမှု သဘောသဘာဝလေးပါ။
မိတ်ဆွေတို့ရော ဒီလို ခံစားမှု သဘောသဘာဝ ရှိဖူးကြတယ် မဟုတ်လား။

Sort:  


!LOLZ
!MEME