Weekdays alive Again

ဒီတပတ် Weekdays တွေမှာတော့ ဥရောပလိဂ် ပွဲစဉ်များ တဖန်ပြန်လည် ကစားကြပြီ ဖြစ်၏။ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ယူရိုပါကွန့်ဖရင့်လိဂ် ပွဲစဉ်များ ကစားကြမည် ဖြစ်၏။ ချန်ပီယံလိဂ်က ၁၆ သင်း အဆင့် ရှုံးထွက်၊ ယူရိုပါနှင့် ယူရိုပါကွန့်ဖရင့်လိဂ်တွေကတော့ ၃၂ သင်း အဆင့် ရှုံးထွက် ကစားကြမည် ဖြစ်၏။ ဒီတပတ်မှာတော့ ပထမကျော့ အဖြစ် ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။ ချန်ပီယံလိဂ်ကတော့ ၁၆ သင်းမှာ ၈ သင်းသာ ဒီတပတ်မှာ ပထမကျော့ အဖြစ် ကစားကြမည် ဖြစ်၏။

ဒီနေ့ မနက်အစောမှာတော့ ကိုဟေပင်နှင့် မန်စီးတီး၊ လိုက်ဇစ်နှင့် ရီးရဲမက်ဒရစ်တို့ ယှဉ်ပြိုင် ကစားကြ၏။ ဧည့်သည် အသင်းတွေကသာ အနိုင်ရယူသွားခဲ့၏။ မန်စီးတီးက (၁-၃) ဂိုး၊ ရီးရဲက (၀-၁) ဂိုးဖြင့် အနိုင်ရသွားခဲ့၏။ နက်ဖြန် မနက်မှာတော့ လာဇီယိုနှင့် ဘိုင်ယန်မြူးနစ်၊ ပီအက်စ်ဂျီနှင့် ရီးရဲဆိုစီဒက်တို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်၏။

ဒီဘရိုင်းပါဝင်လာသည့် မန်စီးတီးက ယခင်ထက် ပိုကောင်းလာသည်ဟု ဆိုလို့ရ၏။ ဒီဘရိုင်း ဒဏ်ရာ ရပြီး ကစားခွင့် မရခင်တုန်းက စီးတီးထက်စာရင် အခု စီးတီးက ပိုပြီး ကောင်းလာသည်ကတော့ အမှန်ပင်။ ထို့ကြောင့် ဒီဘရိုင်းကို football master ဟုလည်း ခေါ်ကြသည်ကိုး။ မန်ယူဖန် ‌ဖြစ်ပေမယ့် ဒီဘရိုင်းနှင့် ဟာလန်းကိုတော့ အတော်လေး သဘောကျ၏။ သူတို့ မတိုင်ခင်ကတော့ အဂူရိုကို သဘောကျ၏။

မန်ယူနိုက်တက်တို့ အနေနှင့်ကတော့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေသာ လှည့်ပြန်ခဲ့ရသဖြင့် ဘာရှုံးထွက်ပွဲမှ ကန်စရာ မရှိပေ။ ယူရိုပါလိဂ် ဆင်းကန်ခွင့်ပါ ရအောင် မယူနိုင်သဖြင့်လည်း ကျေးဇူးတင်ရပါ၏။ တော်နေကြာ အိပ်ရေး ထပ်ပျက်နေရပေလိမ့်ဦးမည်။ တော်နေကြာ ဥရောပပွဲတွေ အာရုံစိုက်နေရလို့ EPL မှာ ရလဒ် မကောင်းတာပါတွေ ဘာတွေ လုပ်နေဦးမည်။

လောလောဆယ်မှာတော့ ယူနိုက်တက်တို့ ပုံမှန်လေး နိုင်ပွဲတွေ ရနေ၏။ EPL ချန်ပီယံ ဖြစ်ဖို့က မဖြစ်နိုင်တော့ ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက်တော့ အခွင့်အရေး ရှိနေသေး၏။ ဖလား မျှော်လင့်ချက် အနေနဲ့ကတော့ FA ဖလားလေးတော့ ကျန်နေသေး၏။ ခု ခြေစွမ်းနဲ့ မန်စီးတီး၊ လီပါပူးတို့ကို ကျော်ဖြတ်နိုင်ဖို့ ခဲယဉ်းနေပေမယ့် ဒီထက်များ ခြေစွမ်းလေး တည်ငြိမ်လာရင်တော့ မျှော်လင့်လို့ ရတန်ကောင်းပါရဲ့။ မနှစ်က EFL ဖလားရယူနိုင်ခဲ့ပြီး ဒီနှစ်မှာသာ FA ဖလားလေး ရယူနိုင်မယ် ဆိုရင်တော့ မဆိုးပါဘူးဟု ပြောရပေလိမ့်မည်။

(photos from Champion League Facebook page)

Sort:  

PIZZA!

$PIZZA slices delivered:
@walarhein(2/10) tipped @donjaun