အဆိပ်

in HIVE-MYANMAR2 years ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

ဒီနေ့တော့ စိတ်ကူးပေါက်မိတာက စာပေတွေအကြောင်းပဲဖြစ်ပါတယ်... စာအုပ် စာပေ လူ့မိတ်ဆွေလို့ ရှေးကဆိုထားခဲ့ကြသော်ငြားလည်း အဆိပ်ဖြစ်စေသော စာများကိုသာ လူအများစုက စိတ်ဝင်စားနေကြသည်ကို မြင်ရတဲ့အခါမှာတော့ အကြီးအကျယ် စိတ်ပျက်မိပါတယ်... ကောင်းမွန်တဲ့စာပေများကိုမူ အများစုသောလူများက စိတ်မဝင်စားကြတော့ပါ...



ဘဝကိုတိုးတက်စေသောစာပေများ၊ စီးပွားရေးနှင့်သက်ဆိုင်သော စာပေများ၊ ဘာသာရေးနှင့်သက်ဆိုင်သောစာပေများက အကျိုးစီးပွားကိုဖြစ်စေတဲ့အတွက်ကြောင့် မိတ်ဆွေလို့မှတ်ယူနိုင်မည်ဖြစ်ပါတယ်... ဒါပေမယ့်လည်း မိတ်ဆွေစာပေများကို လူနည်းစုလောက်ကသာ စိတ်ဝင်စားကြပြီး မိတ်ဆွေအဖြစ်အသိအမှတ်ပြုထားကြသော်လည်း အများစုကမူ အဆိပ်သင့်စာပေများကိုသာ စွဲမက်လာကြတာကို တွေ့မြင်ရပါတယ်...

အဲသလိုဆိုရင် အဆိပ်သင့်စာပေတွေက ဘာတွေများလဲလို့ စဉ်းစားဖွယ်ရာဖြစ်လာကြပါမယ်... အဆိပ်သင့်စာပေဆိုတာတွေက ဘာသာ ဓလေ့ ယဉ်ကျေးမှုစတာတွေကို တိုက်ခိုက်ဖျက်ဆီးသွားတတ်ကြတဲ့စာပေတွေပဲဖြစ်ပါတယ်... ယခုကာလမှာဆိုလျှင် အရှေ့တိုင်းတွင် မိမိတို့၏ ဘာသာ ဓလေ့ ယဉ်ကျေးမှုများကို ထိခိုက်မှန်းမသိ တဖြည်းဖြည်းချင်း ဝါးမြိုဖျက်ဆီးနေသည်ကို သတိမှ ပြုမိကြပါစ... အရှေ့တိုင်းသားတွေက အနောက်တိုင်းက ဘာသာ ဓလေ့ ယဉ်ကျေးမှုစတာတွေကို သဘောကျနှစ်ခြိုက်လာကြသည်ကို အလွယ်တကူ မြင်တွေ့နိုင်ပါတယ်...

စာပေများတွင် မိမိတို့နှင့်သက်ဆိုင်ရာဘာသာ ဓလေ့ ယဉ်ကျေးမှုတို့ ပျောက်ကွယ်လုနီးပါးဖြစ်လာပါတယ်... အမှားတွေကို အမှန်လုပ်လာကြတဲ့အခါ ကမ္ဘာ့အရပ်ရပ်မှာ မဖြစ်သင့် မဖြစ်ထိုက်တဲ့အကြောင်းအရာများစွာ ဖြစ်ကုန်ကြပါတယ်... မောင်နဲ့အမိ သမီးနဲ့အဖ မသင့်မလျော်သောစာပေများကို များစွာနှစ်ခြိုက်လာကြသည့်စာပေများမှာ အဆိုးဆုံးဖြစ်လို့လာနေပါပြီ... အင်းစက်စာပေဟုအမည်တပ်ကာ Website မျိုးစုံမှ တစ်မျိုး ဗီဒီယိုများမှတစ်ဖုံ သိမ်းသွင်းနေကြခြင်းကို ကြိုက်နှစ်သက်လာကြသည်ကို အလွန်အံ့ဩစရာ တွေ့မြင်နေရပါပြီ...

အင်းစက်စာပေဆိုသည်မှာ အပြာစာပေဟုလူအများအမည်တပ်ခဲ့ပြီးဖြစ်သော ညစ်ညမ်းစာပေများသာဖြစ်ပါတယ်... ညစ်ညမ်းစာပေဖြစ်သည့်အပြင် ဆွေမျိုး မိသားစုအတွင်းတွင် မှားယွင်းသော လိင်ဆက်ဆံမှုများကို ဖော်ပြပေးသောစာပေများဖြစ်ပါတယ်... အမေနဲ့သား အဖေနဲ့သမီး မောင်နှမအချင်းချင်း လိင်ဆက်ဆံကြရန်အားပေးအားမြှောက်ပြုနေသော စာပေများဖြစ်ပါတယ်... စဉ်းစားဆင်ခြင်မဲ့သော စာပေများဖြစ်နေပါတယ်... တိရစ္ဆာန်အမူအကျင့်များကို အကောင်းထင်လာကြခြင်းက မည်သို့ဆက်ဖြစ်နိုင်သည်ကို တွေးတောဆင်ခြင်သင့်ပါတယ်...

ထိုကဲ့သို့ စာပေများ ဗီဒီယိုများက မီဒီယာများမှတဆင့် ကမ္ဘာ့အနှံ့အပြားသို့ လျင်မြန်စွာ ရောက်ရှိနေခဲ့တာက ဆယ်စုနှစ်လောက်ပင် မကလောက်တော့ဟု ထင်ပါတယ်... လူသားတို့က လူတို့ရဲ့ကျင့်ဝတ်များကို ဖောက်လွဲဖောက်ပြန်လုပ်‌နေခြင်းက လူ့လောကကြီးကို ပျက်စီးအောင် ဖန်တီးနေကြခြင်းလို့လည်း ထင်ပါတယ်... ဒီလိုအဆိပ်တွေကို သိသိနဲ့ပဲဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် သုံးစွဲနေကြတာ လူ့လောကကြီးအတွက် အလွန်ပင် ရင်လေးမိပါကြောင်း ရေးသားလိုက်ပါတယ်... အဆိပ်သင့်စာပေများ အဆိပ်သင့် ဗီဒီယိုများရန်မှ အသိရှိရှိဖြင့် ရှောင်ရှားနိုင်ကြပါစေ...


အားလုံးကို လေးစားလျှက် -


@ansoe

Sort:  

Youtubeက ပညာရပ်​တွေလည်း ရသလို က​လေးသူငယ်​တွေနဲ့ မစပ်အပ်တာ​တွေလည်းရှိတယ် ကျမ​တော့ သားသားကို ​စောင့်ကည့်​နေရတယ်
!PGM
!LUV

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


ယူကျူ့မှမဟုတ်ပါဘူး နေရာအနှံ့ဖြစ်နေတာဆိုတော့ ထိန်းသိမ်းနိုက်ဖို့ ခက်ခဲပါတယ်။ သူတို့ကိုယ်တိုင်က မှန်မှန်ကန်ကန်သိဖို့ သင်ထားပေးနိုင်ရင် အကောင်းဆုံးပါပဲ !LUV

အပြာ နှင့် ဟာသ ကိုသာ လူတွေ စိတ်ဝင်စားမှု ပိုနေကြ။
!lol

Two men stole a calender
They each got six months.

Credit: vcclothing
@ansoe, I sent you an $LOLZ on behalf of @golden.future

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/2)

အမှန်ပါပဲ နောင်လာမယ့်မျိုးဆက်တွေအတွက် ရင်လေးစရာတွေများလှပါတယ် !LOL

I used to run an origami company.
But it folded.

Credit: reddit
@golden.future, I sent you an $LOLZ on behalf of @ansoe

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)

မကောင်းမှုကို ‌ေကာင်းမှုလို့ ထင်လာ
မြင်လာနေကြတယ်။
!pizza

‌အမှန်ပါပဲ ကောင်းမှုကို မကောင်းမှုလို့မြင် မကောင်းမှုကို ကောင်းမှုလို့မြင်လာကြတဲ့အတွက် လူ့လောကကြီး ပျက်စီးလာတာ မကြာမီ ကာလမှာ မျက်ဝါးထင်ထင် မြင်ကြရပါလိမ့်မယ် 😔 !PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@ansoe(1/5) tipped @htwegyi (x1)

Join us in Discord!