မရလို့ပါ

in HIVE-MYANMAR2 years ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

လွန်ခဲ့သော နှစ်အနည်းငယ်ကပေါ့ဗျာ... ကျုပ်တို့ကိုးကွယ်နေတဲ့ ဘုန်းကြီးကျောင်းမှာ အလှူပွဲတစ်ခုရှိလို့ ကိုယ် တတ်နိုင်တဲ့အလှူထည့်ဖို့ ငွေအနည်းငယ်လောက် လှူဖို့အတွက် သွားခဲ့တယ်... ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကို ဝပ်ချပြီးတော့ အလှူငွေကပ်လိုက်တယ်... ချက်ချင်းပြန်လို့မဖြစ်တော့ ဘုန်းကြီးနဲ့စကားစမြည်ပြောနေရတာပေါ့... စကားစမြည်ပြောနေတယ်ဆိုပေမယ့်လည်း ဘုန်းကြီးက ပြောနေတဲ့စကားမှာ အာရုံမရပဲ ကျောင်းတံခါးဝကို မျှော်မျှော်ကြည့်နေတယ်...



ကြာတော့ မနေနိုင်ပဲ "ဘုန်းဘုန်း ဘာမျှော်နေတာတုံးဘုရား" လို့မေးကြည့်လိုက်မိတယ်... ဆရာရင်း ဒကာရင်းတွေ ဖြစ်တော့ ကူညီနိုင်တာရှိရင်လည်း ကူညီရအောင်လို့ မေးလျှောက်ကြည့်လိုက်တယ်... "ကပ္ပိယကြီးကို မျှော်နေတာပါ ဒကာကြီးရယ်"လို့ပြန်မိန့်တယ်... "ကပ္ပိယကြီးက ဘယ်သွားလို့တုံးဘုရား" လို့ထပ်လျှောက်တော့ "အလှူမှာတရားပွဲပါလို့ ခွင့်ပြုမိန့် သွားတောင်းခိုင်းလိုက်လို့ပါ ဒကာကြီး" လို့ပြန်မိန့်တယ်...

အချိန်တန်ရင်တော့ပြန်လာမှာဖြစ်တာကို ဘုန်းကြီးလည်းသိနေတာပဲဆိုတော့ ခိုင်းစရာတစ်ခုခုများ ရှိနေလို့လားဆိုပြီးတော့ "ဘာများခိုင်းစရာရှိလို့လည်းဘုရား... တပည့်တော်လုပ်နိုင်တာဆို တပည့်တော်လုပ်ပေးပါမယ်"လို့လျှောက်လိုက်တယ်... "ခိုင်းစရာရှိလို့ရယ်မဟုတ်ပါဘူး... ကပ္ပိယကြီးသွားတာ အတော်ကြာနေလို့ မျှော်နေမိတာပါ ဒကာကြီးရယ်" လို့မိန့်တယ်... "ကပ္ပိယကြီးက စိတ်ချရတဲ့သူပဲဘုရာ့ အလုပ်မပြီးပြတ်သေးလို့ ကြာနေတာဖြစ်မှာပါ မျှော်မနေပါနဲ့ဘုရား"လို့ လျောက်လိုက်တယ်တဲ့အချိန်မှာပဲ ကျောင်းထဲကို ဘုန်းကြီးကျောင်းကကား ဝင်လာတာကို တွေ့လိုက်ရတယ်...

ကပ္ပိယကြီးလည်း ဘုန်းကြီးရှေ့ ဒရောသောပါးနဲ့ အပြေးအလွှားလာရောက် ဦးချတယ်... "ဟဲ့ ကပ္ပိယကြီး တရားပွဲကျင်းပခွင့်အမိန့် ရလာခဲ့ပြီးလား"လို့ ချက်ချင်းပဲ မေးလိုက်တယ်... "အဲဒါပြောတာပေါ့ဘုရား"လို့ကပ္ပိကြီးက ဘာမှန်းမသိတဲ့စကားနဲ့စလာပါတယ်... ဘုန်းကြီးကလည်း "ဘာလဲ အဲဒါပြောတာပေါ့ဆိုတာက မင့်စကားက မရှင်းမရှင်းနဲ့ တရားပွဲကျင်းပခွင့် ရခဲ့တာလား မရတာလား ရှင်းရှင်းပြောစမ်း" လို့မိန့်တော့ ကပ္ပိယကြီးက ပြာပြာသလဲနဲ့ "မရခဲ့ပါဘူးဘုရား"ဆိုပြီး လျောက်ပါလေရော...

"ရခဲ့ဘူး ဟုတ်လား... ဘာပြောလိုက်သလဲ... ဘာ့ကြောင့်မရတာတဲ့လဲ"ဆိုပြီး ဆရာတော်က မေးခွန်းတွေမေးတော့တာပဲ... ကပ္ပိယကြီးက ဘာပြန်ပြောရမှန်းမသိဖြစ်နေတာပေါ့... "ဟဲ့ ကပ္ပိယ ဘာ့ကြောင့်တရားပွဲကျင်းပခွင့်မရတာလဲ သေချာပြောစမ်း"ဆိုတော့မှ ကပ္ပိယကြီးက "တပည့်တော်သေချာပြောပါတယ်ဘုရား... အဲဒါကြောင့်လည်း ကြာနေတာပါ... ထပ်ခါထပ်ခါ ပြောပေမယ့် သူတို့ကလည်း မရလို့ပါ ဆိုတာပဲ ပြောပါတယ်ဘုရား" "ဟ မင့်ဟာက ရှင်းနေတာကို ရှုပ်အောင်လုပ်နေတာပဲ... သူတို့ကလည်း မရလို့ပါလို့ပြောနေတာကို ပေးရင်ရမှာပေါ့ဟ"ဆိုပြီးမိန့်လိုက်တယ်...

ကပ္ပိယကြီးနဲ့ ကျုပ်လည်းမျက်စိလေး ကလယ် ကလယ်နဲ့ ဘုန်းဘုန်းဘာကိုဆိုလိုမှန်းမသိဘူးဖြစ်နေတုံး "ဟဲ့ ကပ္ပိယ မရလို့ပါလို့ ပြောတယ်ဆို ရရင်ပေးမှာပေါ့လို့ ထပ်မိန့်မှပဲ ကျုပ်နဲ့ ကပ္ပိယကြီးကသဘောပေါက်မိပါတော့တယ်... ကဲကဲမိတ်ဆွေများလည်း ရုံးပြင်ကန္နားများသွားရလို့ မရလို့ပါပြောရင် ပေးလိုက်ကြပါလို့ 😅 အဲသလိုဆိုရင် ရပါလိမ့်မယ်.... အားလုံးပေးခြင်းဖြင့် အဆင်ပြေနိုင်ကြပါစေ 😝....


အားလုံးကို လေးစားလျှက် -


@ansoe

Sort:  

ဩ ဖြစ်ရလေ !lol

What's the difference between a well-dressed man and a tired dog?
The man wears an entire suit, the dog just pants.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @golden.future

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(2/2)

အဖြစ်က မပြောင်းမလဲပါပဲ 😂 !LOLZ

What do you call moving from the west coast to the east coast?
A depression.

Credit: theabsolute
@golden.future, I sent you an $LOLZ on behalf of @ansoe

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)

🤣🤣🤣​ပေးရင် ရမှာ​ပေါ့
!PGM

ရရင် ပေးမှာပေါ့ 😁 !LUV

ပေးမှ ဟောလို့ရမဲ့ တရားတော့ မဟောပါနဲ့ ဘုရား... မပေးပဲ နာချင်သူတွေ အများကြီးပါလို့ !PIZZA

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@kachinhenry(3/10) tipped @ansoe (x1)

Learn more at https://hive.pizza.