တွေးရင်း တောရင်း ငေးရင်း မောရင်း

in HIVE-MYANMAR4 years ago

အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ...

Ecency ကနေ ပို့စ်တင်ရတာ Point တွေရနေပေမယ့် ရောင်းစားလို့လည်းမရသေးတော့ Post ကို Boost လုပ်ဖို့အတွက်ပဲ သုံးကြရပါတယ်... သို့ပေသော်ငြားလည်း ခုရက်ပိုင်းမှာ ရလာတဲ့ Point လေးတွေနဲ့ Boost လုပ်တိုင်း တစ်ခါမှ မရခဲ့ဘူးဖြစ်နေပါတယ်... အခြားသူတွေတော့ ဘယ်လိုရှိသလဲမသိပါဘူး... အတူတူပဲလို့ထင်ပါတယ်... Ecency ကို အသုံးပြုရတဲ့ အဓိကအကြောင်းရင်းက သုံးရတာ လွယ်ကူ အဆင်ပြေလို့ကတစ်ချက် သူပေးတဲ့ Point နဲ့ Vote တောင်းလို့ရတာတစ်ချက်ရယ်ကြောင့် သုံးဖြစ်တာပဲဖြစ်ပါတယ်... အခုလို ရလာတဲ့ Point တွေကို စုထားလို့ တချိန်ချိန်မှာ ရောင်းစားလို့ ရကြမယ်ဆိုရင်တော့ မဆိုးလှပေမယ့် လက်ရှိမှာတော့ အဆင်မပြေဘူးပေါ့ဗျာ...


Don't drive.png


ရလာတဲ့ Point ကို ဘယ်မှာသွားသုံးရမလဲဆိုတော့လည်း သုံးစရာနေရာမရှိသေးတော့ ခက်နေပြီပေါ့... ဒီတော့လည်း အခြားဘယ်ဆိုက်တွေက ဘာတွေများရနိုင်မလဲလို့ ရှာကြည့်ပေမယ့်လည်း Vote ကလည်း မမှန် ရတာကလည်း ပြားကဏန်းကမတက်ဆိုတော့ စိတ်တွေတောင် လေချင်ချင်ဖြစ်နေတယ်... Vote များများရဖို့ မျှော်လင့်နေရတဲ့အချိန်ကြကာမှ Vote တောင်းလို့မရဖြစ်နေတော့ ရွာလယ်ရုံတင်မကပဲ ကမ္ယာတောင် လယ်သွားတော့တာပဲ 😂 မည်သို့ပင်ဆိုစေကာမူ Vote များများရနိုင်မယ့် ဆိုက်တွေကို လိုက်ရှာရင်းနဲ့ပဲ ဗဟုသုတလေးတွေ တိုးလာရပါတယ်... ခက်တာက ဗဟုသုတရှာမှီးနေတာမဟုတ်ပဲ Hive ရှာနေတာဆိုတော့ Hive ရချင်တာလေ 😁

အခုလောလောဆယ်မှာတော့ ကျွန်တော့်အတွက် Vote များများရတာဆိုလို့ WOO အကြောင်းတင်လိုက်တဲ့ Post တွေကပဲရနေတော့ အချိန်တိုင်း WOO ချင်သော်လည်း မဖြစ်ပေဘူးဗျ... သူ့တို့ကလည်း အချိန်တိုင်းလာပြီး Vote နေမှာမဟုတ်တော့ တစ်ရက်ခြား နှစ်ရက်ခြား သုံးရက်ခြား Post တစ်ခုလောက်ပဲတင်နေရတယ်... ကိုယ်တွေမှာက ခုချိန်ထိ သူများတွေကို အားကိုးနေရတုံးအဆင့်ပဲရှိနေသေးတယ်... အရင်းမှ မစိုက်ချင်ပဲနဲ့ အလကားလိုက်တာကိုးလို့ အပြောတော့ ခံရအုံးမယ် 😅 တတ်နိုင်ဘူးလေ ရလာတာလေးနဲ့ လုံးချာပတ်ချာရိုက်နေရတာပဲ... သူ့အရိုးနဲ့ သူ့ပြန်ထိုးတယ်ဆိုတာ ဒါမျိုးကိုး 🤣

တနေ့တနေ့ Post နှစ်ခု သုံးခုတင်လည်းပဲ ပြားဂဏန်းပဲရတော့ သူများတွေက တစ်ပတ်လုံးနေမှ Post တစ်ခုလောက်တင်လည်း အနည်းဆုံးဆယ်ဂဏန်းလောက်ရနေတော့ စိတ်တောင်ပျက်မိပါသေးရဲ့... ကိုယ်တင်တဲ့ တစ်ပတ်စာ Post ၁၄ ခုလောက်ပေါင်းတာတောင် တစ်ကျပ်ပြည့်ဖို့မနည်းဟဲနေရတာ... တစ်ကျပ်မပြည့်တဲ့အချိန်တွေကပဲများနေတယ်... မည်သို့ပင်ဆိုစေကာမူပေါ့ဗျာ... ဘာ Vote မှ မရခဲ့တဲ့အချိန်တွေကို ပြန်တွေးတောရင်းနဲ့ အားတင်းရှေ့ဆက်လျှောက်နေအုံးမှာပဲဖြစ်လို့ မိတ်ဆွေများလည်း အားတင်းထားဖို့လိုပါတယ်... သူများတွေပြောသလို ပြောရမယ်ဆိုရင်တော့ 5tin 🤣

ငယ်ငယ်က အမြဲလိုလို ကြားနေရတဲ့ ရေဒီယိုသီချင်းလေးကို ပြန်သတိရမိလို့ပါ... ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်ကြဖို့ နှိုးဆော် တိုက်တွန်းတဲ့ သီချင်းလေးဖြစ်ပါတယ်... အဲဒီသီချင်းနာမည်ကိုတော့ မသိတော့ပါဘူး... "တွေးရင်း တောရင်း ငေးရင်း မောရင်း မမောင်းနဲ့ဗျ... တွေးရင်း တောရင်း ငေးရင်း မောရင်း မမောင်းနဲ့ရှင့်" ဆိုတဲ့စာသားရယ် "မူးရင် မမောင်းနဲ့ မောင်းရင်မမူးနဲ့ဗျ" အဲစာသားပဲသတိရတော့တယ်... Hive Platform ပေါ်မှာတော့ "တွေးရင်း တောရင်း ငေးရင်း မောရင်း"နဲ့ မောင်းနေသလို တခါတခါမှာလည်းပဲ "မောင်းရင်းနဲ့မူးနေရသလို မူးရင်းနဲ့လည်း မောင်းနေတာပါပဲ"လို့


အားလုံးကို လေးစားလျှက် -


@ansoe

Sort:  

ဗုတ်တချက် မဗုတ်တချက် လုပ်လျက်ပါပဲ
!lol

I invented a new word today.
Plagiarism.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @tin.aung.soe

Are You Ready for some $FUN? Learn about LOLZ's new FUN tribe!
(1/2)

ဗုတ်မလာ ကြာတော့ ကုတ်ကာ ပြာပေါ့ ဆုတ်ကာ နာပြီပေါ့ဟာ 😂 !PGM

ကျမလည်း ကြုံဖူးတယ် ​ပိုလ့်​ခေါင်းစဥ်ကို eလို ဘာသာပြန်ပြီးတင်ကြည့်လိုက် ပြီး​တော့ Game post​တွေ မvoteဘူး ကျမဆီ​တော့
!PGM

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 15 SBT - 0.1 THG - tokens to @suhlaing

remaining commands 0

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


ဘာပို့မှကို မလာဘူးဖစ်နေတာဗျို့ !LUV

splinterlands game challenge post လေးတွေ တင်ရင်တော့ vote များများ ရတယ်။ splinterlands account မှာ တစ်ပတ် နှစ်ပုဒ် ေလာက်တော့ တင်လို့ ရတယ်။
!hiqvote
!LOLZ

What do you get when you cross a lamb with a beehive?
Mutton Honey.

Credit: reddit
@ansoe, I sent you an $LOLZ on behalf of @myothuzar

Use the !LOL or !LOLZ command to share a joke and an $LOLZ
(1/6)

စပင်တာလည်း မလန့်နိုင် ရီးဇင်းလည်း မစတားနိုင် ဒီလည်း မခရော့နိုင်တော့ 🤔 ဘယ်လိုလုပ်ရဘ !LOL

I was going to tell a joke about hominy.
But it was too corny.

Credit: reddit
@myothuzar, I sent you an $LOLZ on behalf of @ansoe

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(1/4)

Loading...

PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
@hiq.smartbot(1/5) tipped @ansoe (x1)

Please vote for pizza.witness!