Beautiful Paper Wall Decor

in HIVE-MYANMAR3 years ago

ဒီတစ်ခါတော့နံရံအလှဆင်လေးတစ်ခုပြုလုပ်ထားပါတယ်။သစ်ကိုင်းမှာငှက်လေးနှစ်ကောင်၊ပြီးတော့အသည်းပုံလေးများဖြင့်အလှဆင်ထားတဲ့နံရံအလှဆင်တစ်ခုပါ။ငှက်တွေကိုတော့စက္ကူခေါက်၍ပြုလုပ်ထားပါတယ်။ကတ်ထူဖြင့်သစ်ကိုင်းပုံစံတစ်ခုလိုအပ်ပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံနဲ့စာဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ကိုအသုံးပြု၍ပြုလုပ်ထားတာပါ။အဆင့်၁မှာကတ်ထူကိုသစ်ကိုင်းပုံဆွဲ၍ညှပ်ပြီး၊အနက်ရောင်ဆေးခြယ်ထားပါတယ်။ကတ်ထူကိုအပိုင်းငယ်သုံးခုဖြတ်၍အနက်ရောင်ဆေးခြယ်ပြီးပုံအတိုင်းသစ်ကိုင်းပုံနဲ့ဆက်ထားပါတယ်။ငှက်ပုံစက္ကူခေါက်နည်းကစာရွက်ကိုအလျားအနံတူညီစွာညှပ်၍ထောင့်ဖြတ်အတိုင်းခေါက်ချိုးမျဥ်းနှစ်ခု၊အလယ်မှတစ်ဝက်တိတိခေါက်ချိုးမျဥ်းနှစ်ခုဖြင့်ပုံအတိုင်းအတွင်းသို့ခေါက်ပါတယ်။ထိုစက္ကူခေါက်ရဲ့မျက်နှာပြင်နှစ်ဘက်ကိုအလယ်သို့ခေါက်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။အလယ်မှတစ်ဝက်ခေါက်ချိုး၍တောင်ပံနှစ်ဘက်၊ငှက်နုတ်သီးပုံပေါ်စေရန်ထပ်မံခေါက်ပါတယ်။မျက်လုံးပုံလေးတွေဆွဲပြီး၊သစ်ကိုင်းမှာကော်ကပ်ပါတယ်။အရောင်နှစ်မျိုးဖြင့်အသည်းပုံကတ်ထူသုံးခုညှပ်၍ထပ်မံကော်ကပ်အလှဆင်ပါတယ်။

img_0.65343522169595.jpg

img_0.9433057621735174.jpg

img_0.4237679504206323.jpg

img_0.28073678156139464.jpg

img_0.7061636853884898.jpg
Written by @asterkame
By my photos & made by me

Sort:  

အောက်ချင်းငှက်မောင်နှံများလား

အသစ်လေးလည်းဖြစ်အောင်ငှက်မောင်နှံပုံစံလေးပြုလုပ်ထားပါတယ်....

Yay! 🤗
Your content has been boosted with Ecency Points, by @asterkame.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more