I Made Wall Decor with Flowers

in HIVE-MYANMAR4 years ago

ဒီတစ်ခုကတော့နံရံအလှဆင်တာဖြစ်ပြီး၊ပန်းပွင့်များအရွက်များဖြင့်လှပစွာပုံဖော်ထားပါတယ်။ပြုလုပ်ရမည့်အဆင့်တွေကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ခဲတံ၊ပေတံ၊ကတ်ကြေး၊ကော်စသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာသစ်ရွက်များပြုလုပ်လိုက်ပါတယ်။အစိမ်းရောင်စာရွက်ကိုသစ်ရွက်ပုံဖြတ်ပြီး၊တွန့်ခေါက်လိုက်ပါတယ်။ပန်းပွင့်များကိုလည်းလိမ္မော်ရောင်စာရွက်ကိုအလျားအနံတူညီစွာဖြတ်ပြီး၊ပုံအတိုင်းအဆင့်ဆင့်ခေါက်လိုက်ပါတယ်။ပြီးနောက်ပုံဆွဲထားတဲ့အတိုင်းဖြတ်ပြီး၊ပန်းပွင့်ရဲ့အနားတွေကိုပေတံဖြင့်ခေါက်ပါတယ်။အရွယ်တူလိမ္မော်ရောင်ပန်းပွင့်များပြုလုပ်ပြီးနောက်၊အရွယ်တူအနီရောင်ပန်းပွင့်များဖြတ်ရမှာပါ။

20200608_200203_1538095218.png

20200608_200029_1009439430.png

IMG_20200607_201445.jpg

IMG_20200607_201529.jpg

IMG_20200607_201545.jpg

ဒီအဆင့်မှာအနီရောင်စာရွက်ဖြင့်၊တူညီတဲ့ပန်းပွင့်များဆွဲပြီး၊ဖြတ်လိုက်ပါတယ်။ထို့နောက်သတင်းစာစက္ကူအဟောင်းများကိုလုံး၍စက္ကူအထုံးပြုလုပ်ပြီး၊ထိုအပေါ်မှအစိမ်းရောင်စက္ကူဖြင့်ထပ်မံကော်ကပ်၍၊ကျောဘက်မှာကတ်ထူတစ်ခုဖြင့်ကော်ကပ်ပါတယ်။ပြီးနောက်ထိုစက္ကူအထုံးပေါ်သစ်ရွက်လေးတွေကော်ကပ်ပါတယ်။

IMG_20200607_200539.jpg

IMG_20200607_195309.jpg

IMG_20200607_203220.jpg

ပြီးနောက်အစိမ်းရောင်စာရွက်အပိုင်းငါးခုကိုဖြတ်ပြီး၊ထိုစက္ကူအထုံးပေါ်ကော်ကပ်ကာ၊ထိုအပေါ်မှသစ်ရွက်များနှင့်လိမ္မော်ရောင်ပန်းပွင့်များကော်ကပ်ပါတယ်။လိမ္မော်ရောင်ပန်းပွင့်တွေမှာအနီရောင်ပန်းပွင့်လေးတွေထပ်မံကော်ကပ်ပါတယ်။စက္ကူအပိုင်းတွေမှာလည်းသစ်ရွက်များကော်ကပ်ပြီး၊အနီရောင်ပန်းပွင့်များဖြင့်ထပ်မံအလှဆင်ပါတယ်။

20200608_195841_1814350047.png

IMG_20200608_114818.jpg

Written by @asterkame
By my photos & made by me