My Paper Gift Box

in HIVE-MYANMAR4 years ago

ဒီတစ်ခုကတော့လက်ဆောင်ပစ္စည်းလေးတွေထည့်ပေးနိုင်တဲ့paper gift boxတစ်ခုပြုလုပ်ထားပါတယ်။စက္ကူခေါက်လေးတွေပထမဆုံးခေါက်ရမှာပါ။စက္ကူခေါက်နည်းကိုတော့ပုံများဖြင့်အဆင့်ဆင့်ပြထားပြီး၊စုစုပေါင်းစက္ကူခေါက်၁၆ခုလိုအပ်ပါတယ်။လိုအပ်တာတွေကရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။

FRAME_COLLAGE1590170914482.png

FRAME_COLLAGE1590170983536.png

IMG_20200509_165105.jpg

စက္ကူခေါက်များကိုရောင်စုံပြုလုပ်ထားပြီး၊အရွယ်တူစက္ကူခေါက်များခေါက်ပြီးရင်တစ်ခုနှင့်တစ်ခုဆက်ရမှာပါ။စက္ကူခေါက်များကိုဆက်ပြီးစက်ဝိုင်းပုံပြုလုပ်လိုက်ပါတယ်။တစ်ခုမှာစက္ကူခေါက်ရှစ်ခုလိုအပ်ပါတယ်။စက္ကူခေါက်များဆက်ပြီးလို့စက်ဝိုင်းပုံပေါ်လာရင်အပေါ်မျက်နှာပြင်မှစက္ကူထောင့်စွန်းများကိုပုံအတိုင်းခေါက်ချိုးလိုက်ပြီး၊ရောင်စုံဘူးအဖုံးပုံစံပြုလုပ်လိုက်ပါတယ်။

IMG_20200509_165129.jpg

IMG_20200509_165142.jpg
IMG_20200509_165158.jpg

IMG_20200509_165220.jpg

IMG_20200509_165220.jpg

IMG_20200509_165754.jpg

IMG_20200509_171327.jpg

ဒီအဆင့်မှာတော့အပြာရောင်စာရွက်ကိုပုံမှာမြင်ရတဲ့အတိုင်း၊တူညီတဲ့ခေါက်ချိုးမျဥ်းများခေါက်ကာ၊ခုနကပြုလုပ်ပြီးတဲ့အဖုံးနှစ်ခုအနက်တစ်ခုမှာ၊ထိုအပြာရောင်စာရွက်ဖြင့်ကော်ကပ်ပြီး၊boxပုံစံပြုလုပ်လိုက်ပါတယ်။ပြီးနောက်ကျန်အဖုံးတစ်ခုကိုboxရဲ့အဖုံးလုပ်လိုက်ပါတယ်။

FRAME_COLLAGE1590171170887.png

FRAME_COLLAGE1590171214652.png

Written by @asterkame
By my photos & made by me

Sort:  

အာလူးကြော်ထည့်ရောင်းရကောင်းမလား

ထည့်လို့ရပါတယ်...အာလူးကြော်ထုပ်ကအလေးချိန်လည်းမများပါဘူး...

မှာရဦးမယ်

ဟုတ်ကဲ့ပါ...😊