Origami Paper Gift Bag

in HIVE-MYANMAR3 years ago

ဒီတစ်ခုကလက်ဆောင်ပစ္စည်းလေးတွေအတွက်အသုံးဝင်တဲ့ gift box တစ်ခုပါ။ပြုလုပ်နည်းကိုပုံတွေနဲ့ဖော်ပြထားသလိုစာရေး၍လည်းပြောပြထားပါတယ်။ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ဒီဘောက်စ်တစ်ခုလုံးကိုစက္ကူခေါက်ခြင်းဖြင့်ပြုလုပ်ထားပြီးဘိုးတစ်ပွင့်ဖြင့်လည်းအလှဆင်ထားပါတယ်။ပထမအဆင့်မှာစာရွက်ကိုအလျားအနံတူညီစွာညှပ်ပါတယ်။ပြီးနောက်ထောင့်ဖြတ်အတိုင်းခေါက်ချိုးပြီး၊ထောင့်စွန်းလေးခုကိုအလယ်သို့ခေါက်ပါတယ်။ထိုစက္ကူခေါက်ကိုအညီအမျှသုံးခေါက်ချိုးပြီး၊မျက်နှာချင်းဆိုင်အစွန်းနှစ်ခုကိုဖြန့်၍ရရှိထားတဲ့ခေါက်ချိုးမျဥ်းများအတိုင်းဘောက်စ်ပုံစံရအောင်ခေါက်ပါတယ်။ကျန်တစ်ဘက်ကိုခေါက်တဲ့အခါဘေးဘက်နှစ်ဘက်ကိုအလယ်မှခေါက်ချိုးပြီး၊အစွန်းကိုဘောက်စ်ရဲ့အဖုံးပုံစံဖြစ်အောင်ခေါက်ပါတယ်။လက်ကိုင်အတွက်စက္ကူအပိုင်းတစ်ခုကိုခေါက်၍ကော်ကပ်ပြီး၊ဘောက်စ်မှာကော်ကပ်ပါတယ်။ဘိုးပွင့်အတွက်အနီရောင်စက္ကူအပိုင်းမှာဘေးနှစ်ဘက်ကိုအလယ်သို့ခေါက်ပြီး၊အခြားအနီရောင်စက္ကူအပိုင်းတစ်ခုထပ်မံပြုလုပ်၍ဘိုးပွင့်ပြုလုပ်ကာဘောက်စ်မှာအလှဆင်ပါတယ်။

img_0.6246146411847981.jpg

img_0.09507954966435964.jpg

img_0.87989487546178.jpg

img_0.3588968283139747.jpg

img_0.31838635911493446.jpg

img_0.6538119916303848.jpg
‌Written by @asterkame
‌By my photos & made by me

Sort:  

ချစ်စရာလေးပ
!PIZZA

@asterkame! I sent you a slice of $PIZZA on behalf of @htwegyi.

Did you know you can earn $PIZZA daily by delegating HivePower to Hive.Pizza? (1/10)

ဟုတ်ကဲ့ ပါ
pizza အတွက်ကျေးဇူးပါ

အိတ်လေးက ချစ်စရာကောင်းပါဘိ !PIZZA

လက်ဆောင်အိတ်လေးပါ
thanks for pizza