Origami Paper Leaf Envelope

in HIVE-MYANMAR3 years ago

ဒီတစ်ခုကစာအိတ်တစ်လုံးခေါက်ထားတာပါ။ရိုးရှင်းလွယ်ကူစွာပြုလုပ်နိုင်ပြီး၊စက္ကူခေါက်နည်းတစ်ဆင့်စီကိုပုံများဖြင့်ပြထားသလို၊စာရေး၍လည်းဖော်ပြထားပါတယ်။စာအိတ်တစ်ခုလုံးကိုလည်းစက္ကူခေါက်၍ပြုလုပ်ထားတာပါ။ရောင်စုံစက္ကူ၊ကော်၊ကတ်ကြေးကိုအသုံးပြုထားပါတယ်။ပထမအဆင့်မှာစာရွက်ကိုအလျားအနံတူညီစွာညှပ်ပြီး၊ထောင့်ဖြတ်အတိုင်းခေါက်ချိုးမျဥ်းနှစ်ကြောင်းယူပါတယ်။ပြီးနောက်တစ်ဘက်အစွန်းကိုအလယ်မှတ်သို့ခေါက်ပါတယ်။ထပ်မံ၍တစ်ဝက်ခေါက်ပြီး၊ပုံအတိုင်းထိုနေရာမှာတွန့်ခေါက်လိုက်ပါတယ်။ပြီးနောက်သစ်ရွက်ပုံပေါ်အောင်ခေါက်ချိုးပြီး၊တစ်ဘက်အနားစွန်းကိုအလယ်မှတ်သို့၊ထိုမှတစ်ဆင့်သစ်ရွက်နားအထိခေါက်၍အနားတွေမှာကော်ကပ်ပြီး၊သစ်ရွက်ပုံစံကိုအလယ်မှာထား၍ခေါက်ချိုးလိုက်ပါတယ်။အပေါ်ဘက်အနားစွန်းကိုခေါက်ချိူး၍အစွန်းတစ်ခုကိုအတွင်းသို့ခေါက်ပြီး၊ကျန်တစ်ခုကိုစာအိတ်အဖုံးပုံစံပြုလုပ်ပါတယ်။ပြီးနောက်တစ်နေ့ကပြုလုပ်ထားတဲ့သစ်ပင်ပုံပန်းအိုးကိုနောက်ခံထား၍ပုံလှလှလေးတွေရိုက်ပါတယ်။

img_0.7200296914739912.jpg

img_0.8048929825082626.jpg

img_0.5326274789955917.jpg

img_0.7895815479781036.jpg

img_0.4745289095863488.jpg
Written by @asterkame
By my photos & made by me

Sort:  

Yay! 🤗
Your content has been boosted with Ecency Points, by @asterkame.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for Proposal
Delegate HP and earn more

အရမ်းမိုက်တယ်ဗျို့

မိုက်မိုက်လေးပုံဖော်ထားတာ
ကျေးဇူးပါ

လက်မှုပညာကို အားပေးတယ်၊ အနုပညာဓါတ်ခံအား ကောင်းမှ ဖန်တီးနိုင်တဲ့ပညာရပ်ပါ။

ကျေးဇူးတင်ပါတယ်