Paper Flowers Basket

in HIVE-MYANMAR2 years ago

ဒီနေ့ပြုလုပ်ထားတာကစက္ကူပန်းခြင်းတစ်ခုပါ။ဒါကအလှထားလို့ရသလိုလိုအပ်တဲ့ပစ္စည်းအတိုအထွာလေးတွေလည်းထည့်လို့ရပါတယ်။ဒီတစ်ခုမှာပန်းပွင့်အရွက်များအပြင် sticker များဖြင့်လည်းအလှဆင်ထားပါတယ်။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ဖော်ပြထားသလိုစာလည်းရေးပြထားပါတယ်။လိုအပ်တာတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်ပါ။ဒီတစ်ခုအတွက်ပြုလုပ်ရန်လိုအပ်တာတွေကကတ်ထူဘူးခွံကိုရောင်စုံစက္ကူဖြင့်ကော်ကပ်ရမယ်။ပြီးနောက်လက်ကိုင်တစ်ခုပြုလုပ်ရမယ်။ပန်းပွင့်များနဲ့အရွက်များဖြတ်ရမှာပါ။

img_0.5561873745681892.jpg

img_0.17561764829476859.jpg

img_0.09877240048641811.jpg

ပထမအဆင့်မှာစက်ဝိုင်းပုံကတ်ထူဘူးခွံကိုပန်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။ထို့နောက်လက်ကိုင်တစ်ခုပြုလုပ်ပါတယ်။အစိမ်းရောင်စက္ကူကိုဖြတ်၍အလယ်မှခေါက်ချိုးပြီးကော်ကပ်ပါတယ်။ထိုစက္ကူမှာ washi tape ကပ်၍အလှဆင်ပါတယ်။ပြီးနောက်ထို box နဲ့ဆက်လိုက်ပါတယ်။နောက်တစ်ဆင့်မှာကတ်ထူကိုစက်ဝိုင်းပုံဖြတ်ပါတယ်။ထိုကတ်ထူကိုခြင်းရဲ့အရွယ်ထက်အနည်းငယ်ကြီး၍ဖြတ်ရမှာပါ။ပြီးနောက်ထိုကတ်ထူပေါ် စက်ဝိုင်းပုံ box ကိုထား၍ကော်ကပ်ပါတယ်။

img_0.3125946594888415.jpg

img_0.08153239133935254.jpg

ဒီအဆင့်မှာပန်းပွင့်များပြုလုပ်ပါတယ်။ပန်းပွင့်အတွက်အဝါရောင်စက္ကူကိုအလျားအနံတူညီစွာဖြတ်၍ပုံအတိုင်းအဆင့်ဆင့်ခေါက်ပါတယ်။ထိုအပေါ်မှာပန်းပွင့်ပုံရရန်ပုံဆွဲ၍ကတ်ကြေးဖြင့်ဖြတ်လိုက်ပါတယ်။ပြီးနောက်ပုံအတိုင်းလိုအပ်တဲ့နေရာတွေမှာခေါက်ချိုးပါတယ်။ထိုနည်းအတိုင်းပန်းပွင့်လေးပွင့်ပြုလုပ်ပါတယ်။အစိမ်းရောင်စက္ကူဖြင့်အရွက်များလည်းဖြတ်လိုက်ပါတယ်။ပန်းပွင့်အရွက်များဖြင့်အလှဆင်ပြီး၊ sticker ဖြင့်လည်းအလှဆင်လိုက်ပါတယ်။

img_0.13359489055223403.jpg

img_0.08202823573864212.jpg

img_0.13099451216261832.jpg

img_0.9272497292098602.jpg

img_0.7382936149142798.jpg
January 27 ,2022
Written by @asterkame
By my photos & made by me

Sort:  

Lovely paper basket!
!LUV !PIZZA

@princekham(2/3) gave you LUV. H-E tools | connect | <><

Yes. Thank you!
!LUV
!PIZZA

PIZZA! PIZZA!

PIZZA Holders sent $PIZZA tips in this post's comments:
princekham tipped asterkame (x1)
@asterkame(1/5) tipped @princekham (x1)

Learn more at https://hive.pizza.

လှတယ် အမရေ

ဟုတ်ကဲ့... ကျေးဇူးပါ...

လှပါတယ် အလုပ်တော့အတော်ရှုပ်တယ်

ဟုတ်တယ် ....မလွယ်ပါဘူး....ကျေးဇူးပါ...

Yay! 🤗
Your content has been boosted with Ecency Points, by @asterkame.
Use Ecency daily to boost your growth on platform!

Support Ecency
Vote for new Proposal
Delegate HP and earn more

Thank you so much.

!LOLZ

What do whales like to eat?
Fish and ships.

Credit: boboman
@asterkame, I sent you an $LOLZ on behalf of @hive.phyowinkoko
Use the !LOL or !LOLZ command to share a joke and an $LOLZ. (2/6)

!LOLZ

What do whales like to eat?
Fish and ships.

Credit: boboman
@hive.phyowinkoko, I sent you an $LOLZ on behalf of @asterkame
Use the !LOL or !LOLZ command to share a joke and an $LOLZ. (1/2)

လှလိုက်တဲ့ စက္ကူခြင်း​လေး

ဟုတ်ပါတယ် ကျေးဇူးပါ