Today I Made Paper Rainbow Box

in HIVE-MYANMAR4 years ago

ဒီတစ်ခုကတော့ခဲတံ၊ပေတံ၊ဘောလ်ပင်စတဲ့စာရေးကိရိယာတွေ၊အခြားမိမိနှစ်သက်သလိုအသုံးပြုလို့ရတဲ့paper boxတစ်ခုပြုလုပ်ထားပါတယ်။ဘောက်စ်ရဲ့ရှေ့ဘက်ကိုတော့ရောင်စုံသက်တန့်ပုံစံလေးပုံဖော်ထားပြီး၊နေလုံး၊တိမ်ပုံစံတွေ၊ပန်းပွင့်၊အရွက်များနှင့်ပုံဖော်ထားပါတယ်။ပထမအဆင့်မှာကတ်ထူကိုစက်ဝိုင်းခြမ်းပုံဖြတ်ထားပါတယ်။ဒီအပေါ်မှာထိုကတ်ထူရဲ့အနားအတိုင်းရောင်စုံစက္ကူကိုတစ်ခုစီဖြတ်၍ညီညာစွာကော်ကပ်ပြီး၊သက်တန့်ပုံဖော်လိုက်ပါတယ်။ပြီးနောက်အဝါရောင်စာရွက်ဖြင့်နေလုံးပုံဆွဲ၍ဖြတ်ပြီး၊အလယ်မှာလိမ္မော်ရောင်စာရွက်ကိုစက်ဝိုင်းပုံဖြတ်၍ကော်ကပ်ပါတယ်။ဆက်လက်ပြီးတိမ်ပုံစံပြုလုပ်မှာပါ။အဖြူရောင်စာရွက်ပေါ်တိမ်ပုံဆွဲ၍ဖြတ်ထားလိုက်ပါတယ်။ပြီးနောက်နေလုံးနှင့်တိမ်ပုံကိုကော်ကပ်လိုက်ပါတယ်။

20200621_142528_469612189.png

20200621_142400_1107112535.png

20200621_142728_2098585118.png

IMG_20200621_180204.jpg

IMG_20200621_121350.jpg

IMG_20200621_122042.jpg

ဒီအဆင့်မှာပန်းပွင့်များပြုလုပ်ရမှာပါ။အဖြူရောင်အရွယ်တူပန်းပွင့်နှစ်ပွင့်ကိုပုံဆွဲပြီးဖြတ်လိုက်ပါတယ်။ပြီးတော့အဝါရောင်စက်ဝိုင်းပုံနှစ်ခုဖြင့်ထပ်မံကော်ကပ်ပါတယ်။အစိမ်းရောင်စာရွက်ဖြင့်အရွက်များလည်းဖြတ်ပြီး၊ကတ်ထူနှင့်အစိမ်းရောင်စက္ကူကိုသုံး၍စက္ကူအပိုင်းနှစ်ခုထပ်မံဖြတ်ပြီး၊ပန်းပွင့်အရွက်များဖြင့်ဆက်၍ကော်ကပ်လိုက်ပါတယ်။ထိုစက်ဝိုင်းခြမ်းပုံစံအလျားနဲ့တူညီတဲ့ကတ်ထူဘူးခွံတစ်ခုကိုလိုအပ်သလိုဖြတ်၍လိမ္မော်ရောင်စာရွက်ဖြင့်ကော်ကပ်ထားပါတယ်။ထိုဘူးခွံရှေ့ဘက်မျက်နှာမှာခုနကပြုလုပ်ထားတဲ့စက်ဝိုင်းခြမ်းပုံကတ်ထူကိုကော်ကပ်လိုက်ပါတယ်။
ထိုboxအတွက်ကတော့ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံတို့ဖြင့်ပြုလုပ်နိုင်ပါတယ်။

IMG_20200621_123218.jpg

IMG_20200621_180233.jpg

20200621_142826_1395362283.png

Written by @asterkame
By my photos & made by me

Sort:  

Paper အလှလေးတွေက ငွေတွေရ

အသစ်လေးတွေနဲ့ဆက်ပုံဖော်ပါမယ်.ကျေးဇူးပါ