3 Points are Our

in HIVE-MYANMAR7 days ago

United အသင်း အနေနဲ့ ဒီရာသီ ဥရောပ ပွဲစဉ်များ မကစားရပေ။ ကောင်းလည်း ကောင်း၊ ကောင်းလည်း မကောင်း။ မကောင်းတာက အသင်းအတွက် အကျိုးအမြတ် ဆုံးရှုံးမှုတွေ ဖြစ်ရ၏။ ကောင်းတာက ကျနော်တို့ ပရိတ်သတ်တွေ အိပ်ရေး မပျက်တော့ဘူးပေါ့။ နို့ဆို ညလယ် သန်းခေါင်ကျော်တွေ ထကြည့်နေရဦးမှာ။ နိုင်ရင်က တော်သေး မနိုင်ရင်က စိတ်ညစ်ရဦးမယ်။

လက်ရှိ ပြသထားသည့် ခြေစွမ်းအရ ဥရောပပွဲတွေ ကန်နေရင်လည်း အရှက်ကွဲနေရဦးမှာပါပဲ။ ဖရိုဖရဲနဲ့ ပြိုလဲနေတဲ့ အသင်းကို မြင်နေရတာ တကယ်ကို ရင်နာရ၏။ ခုခြေစွမ်းနဲ့ဆို နောက်ရာသီ ဥရောပ ဝင်ခွင့်တောင် ရပါ့မလားပဲ။ အမျိုးသားအသင်းက မစွံပေမယ့် အမျိုးသမီးအသင်းကတော့ ဖြည်းဖြည်းမှန်မှန်လေး ခရီးဆက်နေခဲ့၏။

မနှစ်က WSL ရာသီအပိတ်မှာ အဆင့် ၃ နေရာဖြင့် Champion League play off ကစားခွင့်ကို ရခဲ့၏။ မနှစ်က ရာသီ နောက်ဆုံးပွဲ မတိုင်မီ Round 21 မှာ Man City women အသင်းကို သရေကစားပြီး play off ဝင်ခွင့်ကို သေချာစေခဲ့ခြင်း ဖြစ်၏။ အဆိုပါ ပွဲစဉ်မှာ City က ဦးဆောင်ဂိုး နှစ်ဂိုး အရင်သွင်းထားခြင်း ဖြစ်၏။ City အနေနဲ့ကလည်း အဆိုပါ ပွဲနိုင်ရင် play off ကစားခွင့်ရမည် ဖြစ်၏။ United နဲ့ City အပြိုင်လုနေရတာပေါ့။

ဒါကို United က နောက်ကနေ ချေပဂိုးတွေ သွင်းယူပြီး City တို့၏ play off ဝင်ခွင့်ကို အဆုံးသတ်ပေးခဲ့ခြင်း ဖြစ်၏။

မနေ့ညက မြန်မာစံတော်ချိန် ည ၁၁ နာရီ ၁၅ မိနစ်မှာ Atletico Madrid vs Man United ၏ Champion League ပွဲစဉ် ယှဉ်ပြိုင် ကစားကြ၏။ ၂၄ မိနစ်မှာ သွင်းယူထားသည့် တလုံးထဲသော ဂိုးဖြင့် United women အသင်း အနိုင်ရသွားခဲ့လေ၏။ ၃၇ မိနစ်မှာ United တို့ တယောက် ထုတ်ခံခဲ့ရ၏။ လက်ကျန် မိနစ်တွေမှာ တယောက်လျော့နှင့် ကစားခဲ့ရလေ၏။

တယောက်လျော့သွားပြီးနောက်မှာတော့ Atletico Madrid အသင်းက ပိုမို၍ ဖိအားပေး တိုက်စစ်ဆင် ကစား၏။ United အနေနဲ့ ခံစစ်ကိုသာ အသားပေးပြီး တန်ပြန် တိုက်စစ်ကနေ တချက်တချက် ပြန်လည် ထိုးဖောက်မှု လုပ်နိုင်ခဲ့၏။ ၇၄ မိနစ်မှာတော့ Atletico Madrid မှ ကစားသမား တယောက် ထုတ်ခံရသဖြင့် ၁၀ ယောက်စီ ကစားကြရလေ၏။

လက်ရှိမှာ ၂ ပွဲစီ ကစားထားကြပြီး ဖြစ်၏။ United women အသင်း အနေဖြင့် ၂ ပွဲလုံး အနိုင်ရရှိထား၏။ Women Champion League မှာ အအောင်မြင်ဆုံး အသင်းက ပြင်သစ် ကလပ် Ol Lyonnes ဖြစ်လေ၏။ ၇ ကြိမ် တိတိ ဗိုလ်စွဲထား၏။ ထို့ပြင် 2015/16 ကနေ 2019/20 ထိ 5 နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားသည့် တသင်းထဲသော အသင်း ဖြစ်လေ၏။

(photos from respective Facebook pages)

Sort:  

PIZZA!

$PIZZA slices delivered:
@phyowinkoko7(3/10) tipped @donjaun

Come get MOONed!