အေးချမ်းစေကြောင်း

in HIVE-MYANMAR14 days ago

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ကြည့်မယ် ဆိုပေမယ့် တကယ်တမ်းမှာ မကြည့် ဖြစ်ပေ။ မနက် 1 နာရီခွဲပေမယ့် ကြည့်မယ်ဆိုရင် ရ၏။ သို့ပေမယ့် မနေ့က အုတ်ကန်ဘေး ကြမ်းခင်း အကြမ်းလောင်း လိုက်တာ လူ ပင်ပန်းသွားပြီး အစော အိပ်ပျော်သွား၏။ မနက် နိုးလာတော့ တကိုယ်လုံး ကိုင်ရိုက်ထားသလိုပင်။ ဒါတောင် ညက ဆေးထပ်သောက်ပြီးမှ အိပ်ခြင်း ဖြစ်၏။

ညက ထူးထူးဆန်းဆန်း အ‌စော အိပ်ပျော်သွား၏။ ည 11 နာရီ ကတည်းက မျက်လုံးတွေ လေးလာပြီး အိပ်ချင် လာသဖြင့် အိပ်ရာ ဝင်လိုက်၏။ ဆေးကြောင့် တရေးထဲ အိပ်ပျော်သွား၏။ မနက်ခင်း တကြိမ် တန်းပြီး နိုးလေ၏။ မနက်မှာတော့ ညတုန်းကလောက် နာကျင် ကိုက်ခဲ တာမျိုး မရှိပေ။

မနက် အိပ်ရာ နိုးမှ result တွေ ကြည့်မိတော့ Barcelona က PSG ကို 1-4 ဂိုးဖြင့် ရှုံးပြီး Dortmund က Atletico Madrid ကို 4-2 ဂိုးဖြင့် အနိုင်ရသွား၏။ နှစ်ကျော့ပေါင်း Barcelona 4-6 PSG, PSG ဆီမီးဖိုင်နယ် တက်၊ Dortmund 5-4 Atletico Madrid, Dortmund ဆီမီးဖိုင်နယ် တက်သွားခဲ့၏။

နက်ဖြန် မြန်မာစံတော်ချိန် မနက် 1 နာရီခွဲမှာတော့ Bayern Munich vs Arsenal နှင့် Manchester City vs Real Madrid တို့၏ ဒုတိယကျော့ ပွဲစဉ် ကစားသွားဖို့ ရှိနေ၏။ 2-2, 3-3 သရေကျခဲ့သည့် ပထမကျော့ ပွဲစဉ်တွေကြောင့် ယခု ဒုတိယအကျော့က ပိုပြီး အကြိတ်အနယ် ရှိပေလိမ့်မည်။ Arsenal နှင့် Real Madrid တို့ အဝေးကွင်းမှာ အိမ်ရှင်တွေကို အနိုင်ယူပြီး နောက်တဆင့် တက်လှမ်းနိုင်မလားကတော့ ဆက်လက် စောင့်ကြည့်ရပေလိမ့်မည်။

ဒီနေ့က နှစ်သစ်ကူးသည့် နှစ်ဆန်း တရက်နေ့ ဖြစ်ချေ၏။ အမငယ်နှင့် ကလေးတွေ တရားစခန်း ဝင်နေကြသဖြင့် အမေနှင့် ကျနော်ပဲ ဘုန်းကြီးကျောင်း တက်ဖြစ်၏။ အများကြီး မဟုတ်ပါဘူး၊ 3 ကျောင်းလောက်ပါပဲ။ မနက်ခင်း တပိုင်းပေါ့။ ကျောင်းတက် သီလယူပြီး အလှူရှသ်တွေ လှူဒါန်းကျွေးမွေးသည့် စတုဒီသာ အအေး၊ မုန့်၊ ထမင်းတို့လည်း စားခဲ့ပါသေးတယ်။

နှစ်ဆန်း တရက်နေ့က စလို့ ကမ္ဘာကြီးကော၊ မြန်မာနိုင်ငံကော အမြန်ဆုံး ငြိမ်းချမ်း ပျော်ရွှင် ရပါစေ။

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIMP from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻