Can United Did

in HIVE-MYANMAR11 days ago

EPL Round 18 ၏ အစောဆုံး ပွဲစဉ် အဖြစ် Man United vs New Castle တို့ နက်ဖြန် မနက် ၂ နာရီခွဲမှာ ကစားသွားဖို့ ရှိနေ၏။ United အတွက် နောက်ထပ် ခက်ခဲမယ့် ပွဲစဉ် ဖြစ်လေ၏။ ပြီးခဲ့သော တပတ်မှာ Aston Villa ကို 2-1 ဖြင့် ရှုံးနိမ့်ကာ အဆင့် 7 နေရာသို့ ဆင်းသွားခဲ့၏။ ရှုံးပွဲတွေ့ရသည့်အပြင် အသင်းခေါင်းဆောင် Fernandes ပါ ဒ‌ဏ်ရာရသွားခဲ့၏။ ထို့ကြောင့် New Castle နဲ့ ပွဲစဉ်ကို လွဲချော်မည် ဖြစ်၏။ အသင်း၏ ကွင်းလယ်ပိုင်းအတွက် စိုးရိမ်စရာပင်။ နည်းပြ Amorim အနေနဲ့ မည်သူတွေကို မည်သည့် ကစားကွက်ဖြင့် ပွဲထုတ်လာမလဲကတော့ စိတ်ဝင် စားသရာပင်။

Captain က ဒဏ်ရာ ရနေပါတယ်ဆို နောက်ထပ် ကွင်းလယ်ကစားသမား Mainoo ကပါ ဒဏ်ရာ ပြဿနာနှင့် ရင်ဆိုင်နေရ၏။ ကာလ ရှည်ကြာ မနားရတာဘဲ တော်သေးသည်ဟု ဆိုရပေလိမ့်မည်။ ယခင် နည်းပြ လက်ထက်မှာ နေရာ ရခဲ့ပေမယ့် Amorim လက်ထက်မှာ နေရာရဖို့ ရုန်းကန်နေရသည့် Mainoo တယောက် Napoli သို့ ပြောင်းမယ်ဟုလည်း အသံတွေ ထွက်နေ၏။ အသင်း အကယ်ဒမီထွက် ကစားသမားမို့ နှမြောမိပေမယ့် ကိုယ်တွေက ဘာများ တတ်နိုင်မည်နည်း။ နည်းပြနှင့် ဘုတ်အဖွဲ့၏ ဆုံးဖြတ်ချက် အတိုင်းပေါ့။

လက်ရှိ United မှာက World Class player ဆိုလို့ Fernandes တယောက်သာ ရှိမည်။ Casemiro က Real Madrid က Casemiro မဟုတ်တော့ပေ။ စိတ်ဓါတ်နှင့် ကစားအား ရှိနေသေးပေမယ့် Prime Time ကို ကျော်လွန်သွားခဲ့ပြီ။ United အကြောင်း တွေးမိတိုင်း ရင်လေးမိ၏။ Sir Alex နောက်ပိုင်း United အသင်းသည် ဖရိုဖရဲ ဖြစ်နေခဲ့၏။ နည်းပြ တ‌ယောက်ပြီး တယောက် ရောက်လာခဲ့ပေမယ့် အသင်း အနေအထားက ပိုပို၍သာ ဆိုးလို့ လာနေခဲ့၏။

United မှာ နေရာ မရ၊ အောင်မြင်မှု ကြီးကြီးမားမား မရခဲ့သည့် ကစားသမားတွေတောင် အသင်းသစ်မှာ ပုံမှန် ပွဲထွက်ခွင့်တွေရလို့ အောင်မြင်နေပြီ ဖြစ်၏။ အသင်းသာ ဒုံရင်း။ ၅ ပွဲဆက် နိုင်မှ ဆံပင်ညှပ်မည်ဆိုသည့် ပရိတ်သတ်လည်း ဒီအတိုင်းဆို ဟိမဝန္တာသွားပြီး ဆာဒူးကြီး လုပ်ဖို့သာ ရှိတော့၏။

New Castle နည်းပြကတော့ United အနေဖြင့် ယခင်ထက်စာရင် ပိုမို တိုးတက်လာသည်မို့ ပွဲကောင်းတပွဲ ဖြစ်လာမယ် ဆိုထား၏။ ဘယ်နား တိုးတက်လာသည်တော့ မသိပေ။ New Castle အနေဖြင့် ပြီးခဲ့သော တပတ်မှာ Chelsea နှင့် 2-2 သရေကျထားခဲ့၏။ လက်ရှိမှာ အမှတ်ပေး ဇယား အဆင့် 11 နေရာမှာ ရပ်တည်နေ၏။ United နှင့် 3 မှတ်သာ ကွာ၏။ United တို့ အမှတ် ထပ်လှူသွားမလားကတော့ စောင့်ကြည့်ကြရုံသာ။

(photos from Manchester United page)