
ဒီနေ့ စိတ်လိုလက်ရ ရှိနေတာနဲ့ Ecency ထဲ ဝင်ပြီး Followers & Following list တွေ လိုက်ကြည့်နေမိ၏။ Steemit ကနေ Hive ပြောင်းလာပြီး ကတည်းက အဆိုပါ list ကို မစစ်ကြည့်ရသေးပေ။ Facebook လိုဆို unfriend လုပ်ဖို့ Active မဖြစ်တဲ့ account တွေ လိုက်စစ်တယ်ပေါ့။
Steemit တုန်းက လူအများစု Hive သို့ မရောက်လာခဲ့ကြပေ။ တချို့က ကျနော်တို့တွေ Hive ကို ရွှေ့သွားကြတာ မသိလို့၊ တချို့ကတော့ Steemit မှာ ကတည်းက active မဖြစ်တော့ပေ။ တချို့က Hive အထိတော့ လိုက်ကူးပြောင်းလာခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပိုစ့်လည်း မရေးဖြစ်ကြ၊ Comment, vote ဘာညာလည်း မပေး ဖြစ်ကြတော့ပေ။ တချို့ကတော့ power တွေပါ down ပစ်ပြီး အပြီးတိုင် စွန့်ခွာသွားကြလေ၏။

အကြောင်းကိစ္စ တခုခုကြောင့် ခဏတာ နားနေမယ့်သူများ အနေဖြင့် auto vote လေး ဘာလေး လုပ်ထားသင့်သည်ဟု ထင်မိ၏။ ကိုယ့် အတွက်ကော၊ ကိုယ့် သူငယ်ချင်းတွေ အတွက်ကော အကျိုးရှိသည် မဟုတ်လား။ ဒီအတိုင်းကြီး ထားထားမယ့် အတူ။ ဒါမှမဟုတ် reward တစုံတရာ ပြန်ပေးသည့် project တွေထံ မိမိ၏ power ကို delegate လုပ်ထားရင်လည်း ရသည် မဟုတ်လား။ နည်းနည်း များများ ဒါလည်း passive income တခုပင် မဟုတ်လား။
တချို့ account တွေများ power သိန်းချီတွေနဲ့။ နှစ်တွေ အတော်များများ active မဖြစ်တော့ပေ။ ကတောက် သူ့ account ကြီး ကိုယ့်သာ ငှားပေးခဲ့စမ်းပါလား ကိုယ့်မြန်မာက လူတွေကို ပတ် vote ပစ်လိုက်ချင်သေး၏။ Hive စွမ်းအား အရင်းအမြစ်တွေ အလကား ဖြစ်တာပေါ့။ နည်းလမ်း တခုခု သုံးပြီး အားလုံးအတွက် အကျိုးရှိအောင် လုပ်ထားရင် ကောင်းမှာပဲဟု တွေးနေမိ၏။
ကြည့်ရင်း စစ်ရင်း ကိုသက်ကိုဇော် account ကို မြင်တော့ လူက ခဏငြိမ်သက် သွား၏။ ကိုသက်ကြီးကို သတိရမိနေ၏။ သူ မရှိတော့ပေမယ့် ကိုယ့်စိတ်ထဲ သူ ရှိနေတုန်းပဲ မှတ်ယူထား၏။ Steemit မှာ ကတည်းက ကျနော်တို့တွေ အားလုံး ချစ်ခင်ကြရတဲ့ ကသက်ကြီး ခုနေ ဘယ်ဘုံဘဝ ရောက်နေသည် မသိပေ။ နတ်ပြည် နတ်နန်းဆိုရင် ကောင်းသပေါ့။ လူ့ပြည်ဆိုရင်လည်း မြန်မာနိုင်ငံကိုတော့ ပြန်မလာ စေချင်ပေ။ ဟင် အပယ်ဘုံကောလို့ ယောင်လို့တောင် မမေးနဲ့ ကသက်ရဲ့ စိတ်ရင်း စေတနာကြောင့် ဒီလူက ကောင်းရာ မြတ်ရာ ဘုံကိုပဲ ရောက်မှာ အသေအချာပင်။
ကသက်ကြီး account ကိုတော့ အလွမ်းပြေ ပြန်ဝင်ကြည့်ရန် unfollow မလုပ်ထားတော့ပေ။ ကျန် active မဖြစ်သည့် account တွေကိုတော့ unfollow လုပ်လိုက်၏။
ယမကာဘုံ ရောက်နေရှာရော့မယ်။
!LOLZ
!MEME
lolztoken.com
Cold turkey.
Credit: networkallstar
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
Credit: ybf
Earn Crypto for your Memes @ HiveMe.me!
အေးဗျာ။
ဘယ်နေရာ ရောက်ရောက် ဒီလူက ပျော်ပျော်နေရမှာပါလေ။