Clicker is Back

in HIVE-MYANMAR19 days ago

ဒီနေ့တော့ ဝမ်းသာစရာလေး မျှဝေလို၏။ ဒီနေ့ ဆိုတာထက် 20 ရက်နေ့က အကြောင်းလေး ဖြစ်၏။ Man United အကြောင်း ရေးထားပြီးသား ဖြစ်သွားလို့သာ အဆိုပါ ကိစ္စရပ်ကို မပြောပြလိုက်ရခြင်း ဖြစ်၏။ မနေ့က ပြောမယ် လုပ်ထားပေမယ့် United က အိမ်ကွင်းမှာ Chelsea ကို နိုင်ပွဲရသွားလို့ အဆိုပါ ကိစ္စရပ်လေးကို မရေးလိုက်ရခြင်း ဖြစ်၏။ စနေ၊ တနင်္ဂနွေကတော့ EPL အကြောင်းပဲ ရေးဖြစ်တာ များ၏။ EPL မရှိမှသာ တခြား အကြောင်းအရာပေါ့။

အချိန်ရရင် ရသလို အားရင် အားသလို ကျနော် ကလစ်လေ့ ရှိကြောင်း Hive က မိတ်ဆွေတွေ သိရှိပြီး ဖြစ်ပေလိမ့်မယ်။ WOH အကြောင်း ယခင်က ကျနော် မကြာခဏ တင်လေ့ ရှိသည်ကိုး။ ကလစ် App, Web, Video တွေ အကုန်လုံး လိုက်မလုပ် ဖြစ်ပေမယ့် WOH တခုကိုတော့ စွဲစွဲမြဲမြဲ ကလစ် ဖြစ်၏။ Hive မှာ တရက် တပိုစ့် တင်သလိုပဲ WOH မှာလည်း Daily ကလစ်လေ့ ရှိ၏။ WOH မှာ ကြေငြာမတက်တာ အတော်လေး ကြာခဲ့ပြီ ဖြစ်၏။ ကျနော့် အထင် တပတ်ကျော် နှစ်ပတ်လောက် ရှိမည်။

ကြေငြာတွေ မတက်ခင် ရှေ့ရက်ပိုင်းတုန်းက App ထဲ ဝင်မရတာလည်း ဖြစ်ခဲ့သေး၏။ Home screen ကြီးမှာပဲ ရပ်နေပြီး ဘယ်မှ ဆက်သွားလို့ မရနေပေ။ နောက်မှ error ဖြစ်နေတာပါဟု ကိုတွက်က ပိုစ့်တင်ပြီး ပြောပြလေ၏။ နှစ်ရက်လောက်နေတော့ ပြန်အဆင်ပြေသွား၏။ ထိုကိစ္စ ဖြစ်ပြီး မကြာမီမှာ ခုလို ကြေငြာတွေ မတက်ခြင်း ဖြစ်၏။ ဝင်လို့က ရ၏။ ကြယ်အရေအတွက်တွေလည်း ကြည့်လို့ရ၏။ ဟိုဝင် ဒီစစ် အကုန် လုပ်လို့ရ၏။ ကြေငြာပဲ မတက်နေတာ။

ဒီတခါလည်း ကိုတွက်က ပိုစ့်တင်ပေးပြန်၏။ တချို့တွေ ကြေငြာတက်ပြီး တချို့ မတက် ဖြစ်နေမယ်တဲ့။ ပသို့ကြောင့်နည်း။ ပိုစ့်တင်ခြင်းကို မပျက်မကွက် လုပ်သလိုပဲ ကလစ်ခြင်းကိုလည်း မပျက်ကွက်ချင်ပေ။ ကိုယ် ကူနိုင်တာဆိုလို့ ဒါလေးပဲ ရှိသည် မဟုတ်လား။ ဘယ်တတ်နိုင်မလဲ စောင့်ရုံပေါ့။

ကြေငြာတက်နိုး ပေါ်နိုးနဲ့ နေ့စဉ် ဝင်ကြည့် ဖြစ်၏။ Daily login/ check-in လည်း ဝင်ပေးဦးမှ။ ဒါမှပဲ ရက်မှန်၊ လမှန်၊ နှစ်မှန်သူ အဖြစ် ဂုဏ်ပြုခံ ဂုဏ်ယူရမည် မလား။ ကြေငြာက မတက် Daily point လေး ယူပြီး မိနစ်ပိုင်းလောက်ထိ စောင့်၏။ ကြေငြာက လုံးက မတက်ပေ။

20 ရက်နေ့ နေ့လည်ဘက်လောက် ထုံးစံအတိုင်း အမေ့ကို မီးဖိုခန်းမှာ ချက်ပြုတ်ကူရင်း WOH ထဲ ဝင်လိုက်၏။ ကြေငြာလေးများ တက်မလားပေါ့။ တမိနစ်လောက်နေတော့ အစိမ်းရောင်လေး ပေါ်လာခဲ့၏။ ကြေငြာရပြီ၊ ကလစ်ရန် အဆင်သင့်၊ ထောက်ပို့မယ် ဆိုသည့် စာလေးတွေ အစိမ်းရောင် ပြောင်းသွားခဲ့၏။ ဒါလေး မမြင်ရတာကိုပဲ အတော်ကြာခဲ့ပြီ။ ပျော်သွား၏။ မကလစ်ရလို့ အားနာ၊ မလုံမလဲ ဖြစ်နေမှုတွေ ပျောက်ကွယ်လို့ သွား၏။

ပုံမှန် ပြန်ကလစ်လို့ ရပြီ ဖြစ်ကြောင်း ကျနော့် မိတ်ဆွေတွေကို မျှဝေလိုခြင်း ဖြစ်ပါ၏။ ပျော်စရာလေးကို အတူခံစားစေလိုခြင်း ဖြစ်ပါ၏။ ကဲ ရောင်နီနေ့သစ် အတွက် အတူ လျှောက်လှမ်း လိုက်ကြရအောင်။