Congratulations Leverkusen

in HIVE-MYANMAR16 days ago

မနေ့က Super Sunday မှာ ပွဲစဉ်ကောင်းတွေ ထပ်မံ ကစားကြ၏။ EPL Round 33 လက်ကျန် ပွဲစဉ်တွေ ယှဉ်ပြိုင်ကစားကြ၏။ Liverpool vs Crystal Palace, West Ham vs Fulham, Arsenal vs Aston Villa အစရှိသည့် ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြ၏။ သရေ ရလဒ် မရှိဘဲ အနိုင်အရှုံး အဖြေပေါ်သည့် ပွဲစဉ်များ ဖြစ်ခဲ့၏။ ထူးဆန်းစွာဖြင့် ဧည့်သည် အသင်းများက အိမ်ရှင် အသင်းများကို အနိုင်ကစားသွားခဲ့ခြင်းပင်။

Liverpool က Crystal Palace ကို 0-1 ဖြင့် လည်းကောင်း၊ West Ham က Fulham ကို 0-2 ဖြင့် လည်းကောင်း Arsenal က Aston Villa ကို 0-2 ဂိုးဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ကြ၏။ ရှေ့ရက်က ပွဲမှာ Man City က Luton Town ကို 5-1 ဂိုးဖြင့် အနိုင်ရထား၏။ ထို့ကြောင့် Liverpool နှင့် Arsenal တို့ အနေဖြင့် ပြိုင်ဘက်တွေကို အနိုင်ယူထားနိုင်ဖို့ လို၏။ ကံမကောင်း အကြောင်းမလှစွာပင် Liverpool ကော Arsenal ကော ပြိုင်ဘက်တွေကို အရှုံးပေးလိုက်ရ၏။

လက်ရှိမှာ City က 73 မှတ်ဖြင့် အမှတ်ပေး ဇယားကို ဦးဆောင်ထား၏။ Arsenal နှင့် Liverpool တို့က 71 မှတ် စီဖြင့် အဆင့် 2 နှင့် 3 နေရာမှာ အသီးသီး ရပ်တည်နေကြ၏။ အရေးကြီးနေကာမှ ခြေခေါက်သလို ဖြစါရသည့် Arsenal နှင့် Liverpool တို့ပင်။

ဂျာမန် ဘွန်ဒက်လာဂီဂါ ဘက်မှာတော့ Leverkusen တို့ Werder Bremen ကို 5-0 ဖြင့် အနိုင်ယူပြီး ရာသီ မသိမ်းမှီမှာပင် ချန်ပီယံဆုကို အပိုင်သိမ်းသွားခဲ့ပြီ ဖြစ်၏။ ရာသီပြီးဆုံးဖို့ 5 ပွဲ ကျန်နေသေးပေမယ့် ဒုတိယ နေရာက Bayern Munich ကို 16 မှတ်ထိ ဖြတ်ထားနိုင်ပြီးပြီ မလို့ ခုလိုပဲ ချန်ပီယံဆုကို ကြိုတင်ပဲ ရယူသွားနိုင်ခဲ့တာပါ။ Bayern ၏ ကြီးစိုးနေမှုကို Leverkusen တို့ အဆုံးသတ်ပေးလိုက်ပြီ ဖြစ်၏။ လက်ရှိ ချိန်ထိ ရှုံးပွဲ မတွေ့သေးသည့် Leverkusen တို့ ထိုစံချိန်ကို လက်ကျန် 5 ပွဲထိ ထိန်းထား နိုင်မလားကတော့ တကယ့်ကို စိတ်ဝင်စားစရာပါ။

မနေ့က Manchester United အမျိုးသမီးအသင်းနဲ့ Chelsea အမျိုးသမီးအသင်းတို့ရဲ့ FA Cup ဆီမီးဖိုင်နယ် ပွဲစဉ်လည်း ကစားသွားခဲ့ပါသေးတယ်။ United အမျိုးသမီးအသင်းက 2-1 ဂိုးဖြင့် အနိုင်ရယူပြီး ဖိုင်နယ် အဆင့်ကို တက်လှမ်း သွားခဲ့ပါပြီ။ United အမျိုးသမီးအသင်း အနေဖြင့် ပြိုင်ပွဲ အစုံတွေ့ဆုံခဲ့မှုမှာ ပထမဆုံးအကြိမ်အဖြစ် Chelsea အမျိုးသမီးအသင်းကို အနိုင်ရဖူးခဲ့တာလည်း ဖြစ်ပါတယ်။ United အမျိုးသမီး အနေနဲ့ FA Cup ဗိုလ်လုပွဲ အဖြစ် Tottenham Hotspur အမျိုးသမီးအသင်းနဲ့ May လ 12 ရက်နေ့မှာ ယှဉ်ပြိုင် ကစားသွားရမှာပဲ ဖြစ်ပါတယ်။

(Photos from Manchester United Women and Leverkusen Facebook Page)

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

လေဗာကူဆင်နဲ့ ဇာဗိအလွန်ဆိုတို့က ရှယ်မိုက်နေတာ သဘောကျလွန်းလို့ ဂိမ်းထဲမှာတောင် နည်းပြဝယ်လိုက်ပြီဗျ

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

What's a three-season bed?
One without a spring.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of hiq.smartbot

(5/8)

PLAY & EARN $DOOM