ပြီးခဲ့သော ရက်ပိုင်းက ပိုစ့် နှစ်ရက် မတင်လိုက်ရပေ။ တရက်က အလုပ်ရှုပ်သွားလို့၊ တရက်က ပိုစ့် တင်လို့ မရတာ။ ထိုနေ့က အပြင်ရောက်နေခဲ့။ ရှေ့တရက်က မတင် ဖြစ်လို့ တင်မှ ဖြစ်မယ်ကွ ဆိုပြီး ပိုစ့်တင်နေကြ အချိန်မှာ တင်ဖို့ ကြိုးစား၏။ သို့ပေမယ့် ဘာကြောင့်ရယ် မသိ ပိုစ့် လုံးဝ တင်မရနေပေ။ Mobile data ကြောင့်များလားလို့ ပြောရအောင်လည်း တခြား website တွေ app တွေကြ သုံးလို့ ရနေ၏။ လိုင်းများ မကောင်းနေသလား ဆိုပြီး ထားထား ကြည့်လိုက်သေး၏။ မရနေပေ။ နာရီဝက်၊ တနာရီ လောက် ကြိုးစားကြည့်ပြီးနောက်မှာတော့ လက်လျော့ လိုက်၏။
နောက်မှ ပြန်စဉ်းစား ကြည့်မိတော့ တခါတလေ ecency ကနေ ပိုစ့်တင်လို့ မရတာမျိုး ဖြစ်တတ်၏။ ဥပမာ သူတို့ server ကို update လုပ်နေချိန် သို့မဟုတ် maintenance လုပ်နေချိန်မျိုးတွေပေါ့။ Hive blog ကနေ သို့မဟုတ် PeakD ကနေ တင်ကြည့်ဖို့ကို ခုထိ ထသတိရမိလေတော့၏။ မိုးလွန်မှ ထွန်ချ၊ သူခိုးပြေးမှ ထိုးကွင်းပြ ဖြစ်နေတော့၏။
ပထအ တရက် မတင် ဖြစ်တာက ရေးထားတာ မရှိလို့ ဖြစ်၏။ အမှန်တော့ ကြိုရေးထားတာလေးတွေတော့ ရှိပါ၏။ တပိုစ့်ထဲ အပြီးမဟုတ်ဘဲ အခန်းဆက်တွေနဲ့မို့ ထိုကြိုရေးလေးတွေကို မသုံးဖြစ်ခြင်း ဖြစ်၏။ ယခင်က နက်ဖြန် အတွက် ဒီနေ့ကတည်းက ကြိုရေးလေ့ ရှိပါ၏။ နို့ပေမယ့် အဆိုပါ အကျင့်က ပျက်သွားခဲ့၏။ ဒီနေ့ဟာ ဒီနေ့မှ ထရေးတော့၏။ စဦးတုန်းကတော့ ညနေတင်ဖို့ မနက် ကတည်းက ရေး၏။ နောက်တော့ နေ့လည်၊ ဟော အဲ့နောက်တော့ တင်ခါနီး နာရီပိုင်း အလိုမှ ထရေး ဖြစ်တော့၏။ ခုများကြတော့ အချိန်မှီအောင် မရေးထားလို့ မတင်ရပေ။
နှစ်ရက် ပိုစ့် မတင် ဖြစ်တာဆိုတော့ ခု Hive ဈေးနဲ့ တွက်ပါက တရက်ကို မြန်မာငွေ 3000 နဲ့ 5000 ကြားလောက် နစ်နာ သွားရ၏။ Hive ဈေး မကောင်းချိန် ပိုစ့် မတင်ဖြစ်တာက သိပ်ကိစ္စ မရှိပေမယ့် Hive ဈေး အထိုက်အလျောက် ရှိနေချိန် ပိုစ့် မတင် ဖြစ်က နစ်နာလှပေ၏။ နောက်နောင် ထိုသို့ ထပ်မဖြစ်ရလေအောင် သေချာသတိထားရပေလိမ့်မည်။
!hiqvote
တစ်ရက် သုံးထောင်လောက်ရ မဆိုဘူးဗျို့။
!LOLZ
!MEME
Credit: antisocialist
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
Mutton Honey.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ
တစ်ရက် သုံးထောင်လောက်ရ မဆိုးဘူးဗျို့။
!LOLZ
!MEME
Credit: tanzil2024
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
If you're not there, then I assume you're not a round.
Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi
(2/8)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP