El Nino Effect

in HIVE-MYANMAR26 days ago

ဘယ်သူ့ ဘယ်သူမှတော့ နေထိုင် မကောင်း ဖြစ်ချင်မည် မဟုတ်ပေ။ မဖြစ်မနေကို ဖျားနာရကြေးဆို နွေရာသီကြီးမှာတော့ မဖျား (နေမကောင်း) ချင်ပေ။ နွေရာသီကိုမှ အယ်နီညို ဖြစ်စဉ် အချိန်အခါဆို ပိုလို့တောင် ဆိုးသေး၏။ ကျန်းမာရေးကား မိမိ၏ အနေအထိုင် အပြုအမူ အလေ့အကျင့်များနှင့် သက်ဆိုင်သည် မဟုတ်လား။

ကျနော်က Futsal ကစားပြီးတိုင်း ရေချိုးလေ့ ရှိ၏။ ဘယ်အချိန် ကစားကစား၊ ဘယ်ကွင်းမှာ ကန်ကန် ရေချိုးကို ချိုးရမှ ဖြစ်၏။ တခါသား ပြိုင်ပွဲတခု ဝင်ရောက်ယှဉ်ပြိုင်တော့ ထိုကွင်းမှာက ရေချိုးလို့ မရပေ။ သို့နှင့် ကိုယ်တွေ ကန်နေကြ ကွင်းမှာ သွားပြီး ရေချိုး၏။ ပြိုင်ပွဲလုပ်သည့် ကွင်းနှင့် သိပ်ပြီး မဝေးလို့ တော်သေး၏။ အများအားဖြင့် ရေချိုးလို့မရသည့်ကွင်းမျိုးဆို သွားပြီး ကန်ဖြစ်လေ့ မရှိပေ။

Cygnus FC @wearecygnus ဆိုပြီး မဖွဲ့ဖြစ် ခင်ကတည်းက Futsal ကန်ပြီးတိုင်း ရေချိုး၏။ ဆောင်းတွင်း ညဘက်တွေမှာလည်း ချိုး၏။ ဘယ်လောက် အေးအေး ရေကတော့ ချိုးကို ချိုးလိုက်ရမှ ဖြစ်၏။ ပြိုင်ဘက် အသင်းက တချို့သူတွေတောင် ကျနော့်ကို မှတ်မိနေ၏။ ဟို ကန်ပြီးတိုင်း ရေချိုးသည့် အကိုကြီး ဆိုပြီးတော့။

တနေ့က ချိန်းပွဲ ကန်ပြီးတော့ ရေချိုး၏။ အရင်လည်း ချိုးနေကြကိုး။ တခုပဲ ချွေးမတိတ်ခင် ရေချိုးမိ၏။ ထို effect က နောက်နေ့ မနက်မှာ ထိတော့၏။ လူက နုံးသလို အားမရှိ သလိုလို ဖြစ်နေ၏။ မနက်ပိုင်း ၁၀ နာရီခွဲလောက်ကြ ဘုရားပန်း အဝယ်သွား၏။ နေပူ၊ နေပြင်းထဲ ပေါ့။ ညနေစောင်းရောက်တော့ လူက မဟန်တော့ပေ။ ဆေးသောက်မှ ရတော့မည်။

ချိန်းပွဲက သောကြာနေ့ ကစားခြင်း ဖြစ်၏။ တနင်္ဂနွေနေ့ မနက်မှာက အချင်းချင်းကစားနေကြ ကစားရက် ဖြစ်၏။ မသွားလို့က မဖြစ်၊ ဒါပေမယ့် ကိုယ်၌ကလည်း ကြံ့ခိုင်မှုမှ အဆင်မပြေနေဘဲကိုး။ စနေညက ဆေးသောက်အိပ်ပြီး မနက်မှ အခြေအနေကြည့်ပြီး သွားမယ် လုပ်လိုက်၏။ မနက်နိုးလာသည့်တိုင် လူက အဆင်မပြေနေပေ။ မသွားချင်ပေမယ့်လည်း အကြောင်း ကြောင်းကြောင့် သွားလိုက်၏။

မနက် ၁၁ နာရီလောက်မှတော့ အသိတယောက် မင်္ဂလာဆောင်ကို သွား၏။ ညောင်ရွှေမြို့မှာ လုပ်ခြင်း ဖြစ်၏။ ကားနဲ့ သွားကြပေမယ့် အပူက သိသာလွန်းလှ၏။ စသွား ကတည်းက လူက သိပ်အဆင်မပြေပေ။ ပြန်ချိန်ကြ ပိုလို့ ဆိုးသွားတော့၏။ ခေါင်းကို မထောင်ချင်တော့ပေ။ နားချင် လှဲချင် စိတ်သာ ရှိတော့၏။

အနှစ်ချုပ်ရသော် ထိုသို့သော အရာတွေ စုသွားပြီး လူလဲလေတော့၏။ ဖျားတာတော့ မဖျားပေ။ heat stroke ဖြစ်သွားသည့် သဘောမျိုး ဖြစ်မည်။ ဒီကြားထဲ futsal က ကန်လိုက်သေးတော့ ရေဓါတ်ပါ ဆုံးရှုံးသွားသည့် သဘော ဖြစ်၏။ ခံပေဦးတော့၊ ကိုယ့်အပြစ်နဲ့ ကိုယ်မလား။

Sort:  

လူငယ်ဆိုတော့ ခံနိုင်ရည်ရှိမှာပါ
အမြန် ပြန်ကောင်း
လာမှာပါ။
!LOLZ
!MEME

I was so mad when I found out I was cloned.
I was litteraly beside myself.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

ဟုတ်ဗျ။

ဂရုစိုက်ပါဗျို့ !LUV
!MEME

donjaun, golden.future sent you LUV. 🙂 (2/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

ဟုတ်