Electricity is Back

in HIVE-MYANMARlast year

April 1 ရက်နေ့ ညမှာတော့ ကျနော်တို့ဆီမှာ လျှပ်စစ်မီး ပြန်ရ၏။ ပြန်ရသည် ဆိုပေမယ့်လည်း အရင်လို အလှည့်ကျနဲ့ ပြန်ရခြင်း ဖြစ်၏။ မလာလိုက် ပျက်လိုက်တုန်းကလိုပေါ့။ ဘာပဲ ပြောပြော ခုလိုလေး မီးပြန်လာတာကိုပဲ ကျေးဇူးတင်နေရတော့၏။ မီးမရသည့် ရက်ပိုင်းတွေမှာ အတော်လေး ကသီလင်တ နိုင်သွားသည် မဟုတ်လား။ ကိုယ်တွေမှာ မီးမရတာလေးကိုတောင် ဒီလောက် ခက်ခဲ ငြီးငြူနေကြတာ ငလျင်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရပြီး အသက် အိုးအိမ် စည်းစိမ် ထိခိုက်သွားသူတွေဆိုရင် ဘယ်လိုများ နေမည်နည်း။ နှိုင်းယှဉ်စရာကို မလိုသည့် အရာ ဖြစ်၏။ ကိုယ်ချင်းစာပေးခြင်းငှာ မလုံလောက်သော အခြေအနေ ဖြစ်၏။

ထို့ကြောင့်ပဲ လျှပ်စစ်မီးလောက်လေး မရတာကို ဘာဘာညာညာတွေ မပြောနေတော့ဘဲ ငလျင်ဒဏ်သင့် ဒေသက ပြည်သူတွေအတွက် ဆုတောင်း မေတ္တာ ပို့သနေမိ၏။ မီးပျက်နေသည့် ကာလအတွင်း မီးစက် ရှိသူတို့က အခြားသူများ အဆင်ပြေစေရန် Phone, Power bank, မီးသီး အစရှိသည့် ပစ္စည်းများ အားသွင်းလို့ ရအောင် ကူညီပေးကြ၏။ Mobile ရေမော်တာ ရှိသူက ရေတင်ဖို့ လိုအပ်နေသည့် အိမ်များ ရေတင်နိုင်စေရန် ကူညီပေး၏။ အဆိုးထဲက အကောင်း၊ ချစ်စရာကောင်းသည့် စိတ်ထားလေးတွေပင်။ ဒီလောက် ချစ်စရာ ကောင်းတဲ့သူတွေမှာမှ ဒီလို အဖြစ်ဆိုးတွေ ဘေးအန္တရာယ်တွေ ကြုံရတယ်လို့။

ငလျင်ကြောင့် ကျနော်တို့ မြို့မှာတော့ သိပ် ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမျိုး မရှိပေ။ အဆောက်အဦးဟောင်းတခု ပြိုသလိုလို ဖြစ်သွားတာတော့ ရှိ၏။ တောင်ပေါ်က ကျောက်တုံးကြီး လိမ့်ကျလာပြီး probox ကားလေးပေါ် ပိ၏။ ကျောက်တုံးလှိမ့်ဆင်းလာရာ လမ်းမှာ ရှိသည့် ဆိုင်ခန်းနဲ့ ကား ထိသွားသည်ပေါ့။ မြို့အထွက်ဘက်က ကားကြီးကွင်းမှာ ဖြစ်၏။ လူတော့ ထိခိုက်မှု မရှိပေ။

မြို့မှာ အလုံးအထည် အကြီးဆုံး အဆောက်အဦးဟု ပြောလို့ရသည့် Ocean Super Center တော့ နေရာတချို့မှာ အက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့၏။ ၃၊ ၄၊ ၅ ရက်တော့ ပိတ်ထားဦးမည် ပြော၏။ ဘေးကင်း လုံခြုံရေးက အရေးကြီးသည် မဟုတ်လား။ အဆိုပါ အဆောက်အဦး ဆောက်ထားသည့် နေရာက ယခင်က ရေကန်၊ ရေထွက် ဟောင်း ဖြစ်၏။ ထို အဆောက်အဦးကြီး ဆောက်ဖို့ Foundation တူးတော့ ရေတွေ ထွက်လာသည် ဆို၏။ ရေကြော တွေ့တယ်ပေါ့။ အနှီသူဌေးက ရေသန့် ထုတ်ဖို့တောင် စီစဉ်ထားသည်ဟု အရပ်စကားတွေ ကြားရ၏။

တကယ်သာ ထိုသို့ လုပ်ပြီး တချိန်မှာ အနှီရေတွေသာ ကုန်သွားခဲ့ရင် ခက်ပေလိမ့်မည်။ မြို့မှာ လူနေထူထပ်လာမှု နှင့်အတူ အိမ်တော်တော်များများမှာ သောက်သုံးရေအတွက် အဝီစိရေတွေးတွေ တူးလာကြ၏။ ပြီး အိမ် အများစုက မိမိတို့ ခြံဝန်းတွေကို အုတ်တမံသလင်း ခင်းထားလေ့ ရှိ၏။ မိုးရွာပါက မြေထဲသို့ မိုးရေစိမ့်ဝင်ခြင်း နည်းသွားခဲ့၏။ ထုတ်ယူတာ များပြီး ပြန်လည် ဖြည့်တင်းတာမျိုး မရှိရင် ကြာရင် မြေအောက်ရေ ကုန်ဆုံးပြီး ဂလိုင်ပေါက်တွေ ဖြစ်လာနိုင်၏။ ထိုအချိန်မျိုးမှာသာ ခုလို ငလျင်မျိုးနဲ့ ထပ်ကြုံရင် ကျနော်တို့မြို့လည်း ယခုထက်ပိုမိုပြီး ထိခိုက် ပျက်စီး ဆုံးရှုံးနိုင်၏။

မဖြစ်လို့သာ မဖြစ်သေးတာ မလား၊ ဖြစ်ပြီးသွားမှတော့ ဘာမှ မတက်နိုင်ပေ။ သဘာဝ ဘေးအန္တရာယ်ကို ဘယ်သူမှတော့ တားလို့ မရပေ။ သို့ပေမယ့် အထိအခိုက် အပျက်အစီး နည်းနိုင်သမျှ နည်းအောင်တော့ လုပ်နိုင်ပါ၏။ ကြိုတင် ကာကွယ်ခြင်းနဲ့ပေါ့။

Sort:  

!LOLZ. !MEME

Did you hear about the guy who threw his alarm clock while hosting a party?
He wanted to see if time flys while having fun.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of chanmin

(3/6)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

!hiqvote

သဘာဝဘေး ဆိုတော့
ကြိုတင်မှုက မရှိတော့
ဘာပြောကောင်းမလဲ ဆိုသလို။
!PIZZA
!MEME

ကြိုတင် ကာကွယ်မှု မရှိတော့ ပိုပြီး ထိခိုက်ပျက်စီး ရပြီပေါ့ဗျာ။

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun

Moon is coming