FA Cup Final Lists

in HIVE-MYANMAR28 days ago

တနင်္ဂနွေနေ့ ည ၈ နာရီခွဲမှာ FA Cup Semifinal ပွဲစဉ် အဖြစ် Chelsea vs Leeds တို့ ယှဉ်ပြိုင် ကစားခဲ့၏။ Chelsea က Leeds ကို ၁-၀ ဖြင့် အနိုင်ရသွားခဲ့လေ၏။ အပြန်အလှန် အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ကြခြင်း ဖြစ်၏။ ဂိုးသွင်းခွင့်တွေက Leeds အနေဖြင့် ပိုမို ရရှိခဲ့တာ မှန်ပေမဲ့ ကံကြမ္မာက Chelsea ကို ပို၍ မျက်နှာသာ ပေးခဲ့လေ၏။ ပထမပိုင်း ၂၃ မိနစ်မှာ သွင်းယူခဲ့သည့် ၁ လုံးထဲသော ဂိုးဖြင့် Chelsea တို့ ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့လေ၏။

စနေနေ့ညက Semifinal ပွဲစဉ်မှာလည်း City တို့ Southampton ကို ၂-၁ နဲ့ နိုင်ခဲ့သည် ဆိုပေမဲ့ လွယ်လွယ်ကူကူ ဖြတ်ကျော်နိုင်ခဲ့တာမျိုးတော့ မဟုတ်ပေ။ EFL က အသင်းပေမဲ့ EPL နဲ့ မစိမ်းသည့် Southampton တို့ City ကို ကောင်းကောင်းကြီး အခက်တွေ့စေခဲ့၏။ City တို့ ဘောလုံး ပိုင်ဆိုင်မှု အသာဖြင့် ဖိကစားထားပေမဲ့ ဦးဆောင်ဂိုးကိုတော့ Southampton တို့က အရင် သွင်းယူခဲ့ခြင်း ဖြစ်၏။ City အနေဖြင့် ချေပဂိုးနှင့် အနိုင်ဂိုးတွေကို နောက်ကနေ လိုက်လံ သွင်းယူခဲ့ခြင်း ဖြစ်၏။

May 16 မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ FA Cup final ပွဲစဉ် အဖြစ် City vs Chelsea တို့ ယှဉ်ပြိုင် ကစားကြပေလိမ့်မည်။ EFL Cup ရယူထားပြီး ဖြစ်သည့် City ကပဲ FA ဖလားကိုပါ ထပ်ယူသွားမလား။ ဒါမှမဟုတ် ဒီရာသီမှာ ရစရာဖလား ဒီတခုသာ ရှိသည့် Chelsea ကပဲ ရယူသွားမလားက စိတ်ဝင်စားစရာပင်။ နည်းပြ အပြောင်းအလဲ၊ ခြေစွမ်း မတည်ငြိမ်မှုတွေ EPL မှာ ရလဒ်ပိုင်း ဆိုးရွားမှုတွေကြားကနေ Chelsea တို့ final အထိ တက်လှမ်းလာခဲ့ပြီ မဟုတ်လား။ ချန်ပီယံ ဖြစ်ဖို့က City ကို ကျော်ဖြတ်နိုင်ရင် ရပြီ ဖြစ်၏။

City အနေဖြင့်ကလည်း ဘယ်ဖလား ရရ အကုန်ယူမယ့်သဘောမျိုး ဖြစ်၏။ EPL မှာလည်း ချန်ပီယံဖြစ်ဖို့ မျှော်လင့်ချက်တွေက ရှိနေသေးသည် ဆိုတော့ FA နဲ့ EPL ကြား အနည်းငယ် ဗြာများဖို့ ရှိနေ၏။ သို့ပေမဲ့ ဒီအချက်ကို City တို့ အကောင်းဆုံး ကိုင်တွယ်သွားနိုင်လောက်၏။ Chelsea အနေဖြင့်ကလည်း UCL ဝင်ခွင့် အတွက် FA Cup ကို အရယူနိုင်ဖို့ ကြိုးစားသွားဖွယ် ရှိနေ၏။ ဗိုလ်လုပွဲစဉ်က တကယ့်ကို အကြိတ်အနယ် ရှိမှာ အသေအချာပင်။

(photos from Emirates FA Cup page)

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the week.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP