ဒီနေ့တော့ ကျနော့်ရဲ့ FPL Team လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဘောလုံးပွဲတွေ ကြည့်ဖြစ်တယ် ဆိုပေမယ့် အရင်လောက် မကြည့်ဖြစ်တော့ ဘယ်ကစားသမားက ဘယ်လိုဆိုတာ မသိနေပါဘူး။ ဘယ်သူက first lineup ရနိုင်မယ်။ ဘယ်သူကတော့ ပုံမှန် ခြေစွမ်း ပြနိုင်မယ် အစရှိသဖြင့် ရွေးချယ်နိုင်ဖို့က လွယ်မရောင်နဲ့ ခက်လှပါတယ်။ တသင်းထဲ သိလို့ မရတော့ဘဲ အသင်း အားလုံးနီးပါးရဲ့ အကြောင်း သိဖို့ လိုလာခဲ့ပါပြီ။ အားလုံး မဟုတ်ခဲ့ရင်တောင် 5 သင်းကနေ 10 သင်းကြားလောက်က ကစားသမားတွေ အကြောင်းကို သိထားရင် အဆင်ပြေပါလိမ့်မယ်။
Auto pick နဲ့ အရင်ဆုံး ရွေးလိုက်ပါတယ်။ ပြီးမှ တချို့ကစားသမား နေရာတွေကို အစားထိုး အလဲအလှယ် ပြန်လုပ်ယူရပါတယ်။ ပေးထားတဲ့ 100 က ဘယ်တော့မှ မလောက်ပါဘူး။ ဒါက ထုံးစံကို ဖြစ်နေခဲ့ပါပြီ။ ဈေးများတဲ့ ကစားသမားမှ ကောင်းတယ်ရယ်လို့ မဟုတ်ပါဘူး။ ဈေးနည်းပေမယ့် ပုံမှန် ပွဲထွက်ခွင့်နဲ့ ခြေစွမ်းပြနိုင်နေတဲ့ ကစားသမားတွေလည်း အများကြီးပါပဲ။
မနှစ်က ဈေးမများဘဲ ခြေစွမ်းပြခဲ့တဲ့ Palmer ဆိုရင် ဒီနှစ်မှာ အတော်လေး ဈေးတက်သွားခဲ့ပါတယ်။ ဂိုးလာဒ်ရှိတဲ့ West Ham က Bowen ဆိုရင်လည်း ဒီနှစ်မှာ ဈေးတက်လာပါတယ်။ ဂိုးသွင်းသေချာမယ့် ကစားသမား၊ သေချာပေါက် lineup ရပြီး ခြေစွမ်းပြမယ့် ကစားသမားတွေကို ရွေးထားနိုင်မှ အဆင်ပြေမှာပါ။ ဒါကိုမှ အရွေးမှားသွားရင် သွားပြီ။ အရွေးမှန်ခဲ့ရဲ့သားနဲ့ ကစားသမားက ဒဏ်ရာရ သွားရင်လည်း အဆင်မပြေပြန်ဘူးရယ်။
ကစားသာ ကစားနေတာပါ ကိုယ်က အဲ့လောက်ထိလည်း မကျွမ်းနေပါဘူး။ အမှတ်တရာကျော်ကို တခါမှ မရဖူးဘူး။ Average ကို ကျော်လွန်ဖို့ထက် Average ကြားထဲ ဝင်အောင် မနည်းကောင်း လုပ်နေရတာပါ။ ဘာပဲ ပြောပြော အပျော်ပေါ့ဗျာ။ ဘောလုံးပွဲကြည့်ရတာ ပိုအရသာ ရှိတာပေါ့။
hivefpl မှာ join ထားရင် မနှစ်က နိုင်ရင် 1 HIVE သရေဆိုရင် 0.5 HIVE ပေးပါတယ်။ ဒီနှစ်တော့ မသိသေးပါဘူး။ ကျနော့်ကို mention ခေါ်ထားပုံအရတော့ Division 2 မှာ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ခုထိတော့ invitation code မျှဝေထားခြင်း မရှိသေးပါဘူး။ မကြာခင် မျှဝေချပြပေးမယ်လို့တော့ ပြောထားပါတယ်။
Edit
(ခုလေးတင် သူတို့ League code တင်ထားပေးပါတယ်)
Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
Check out our last posts: