It's Ok

in HIVE-MYANMAR • 18 days ago

Nations League ပွဲစဉ်များ ကစားကြ၏။ နို့ပေမဲ့ ဒီနေ့တော့ ဘောလုံး အကြောင်း မပြောတော့ပေ။ မနေ့က Futsal ကစားပြီး ပြန်လာခဲ့၏။ ထမင်း အနည်းငယ် စား၏။ ထို့နောက် phone သုံး၏။ Facebook သုံးနေရင်း Memory တက်လာ၏။ နားထောင်ခဲ့ဖူးတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီးတော့ပေါ့။ မနေ့က သီချင်း ၂ ပုဒ် နဲ့ ပတ်သက်လို့ Facebook မှာ Memory တက်လာခြင်း ဖြစ်၏။

Nightbirde ရဲ့ It's Ok နှင့် Julie Fowlis ရဲ့ Go Your Way ဖြစ်၏။ ပြီးခဲ့သော ၃ နှစ်က ဆိုပြီး တက်လာ၏။ ထိုထက်စောပြီး နားထောင်ဖြစ်ခဲ့ရင်လည်း ဖြစ်ပေလိမ့်မည်။ Facebook မှာ memory ဖြစ်စေတာကတော့ ပြီးခဲ့သော ၃ နှစ်က ဖြစ်၏။ Nightbirde ရဲ့ It's Ok သီချင်း အကြောင်း အရင် ပြောရအောင်။ အဆိုပါ သီချင်းကို သူမ AGT မှာ လာရောက် သီဆို ယှဉ်ပြိုင်၏။

သူမ၏ လက်ရှိ အခြေအနေကို ပြောပြရင်း သီဆို ဖျော်ဖြေခဲ့၏။ သီချင်းက သူမ လက်ရှိ ခံစားနေရတဲ့ ဝေဒနာ အခက်အခဲတွေကို ထင်ဟပ်စေ၏။ အခက်အခဲတွေထဲ လဲပြို မသွားဘဲ အကောင်းဆုံး ရှေ့ဆက်ဖို့၊ အဆင်ပြေသွားလိမ့်မယ် ဆိုတဲ့ အကြောင်းအရာတွေ ပါဝင်၏။

အဆိုပါ သီချင်းကို သူမ ကင်ဆာ ရောဂါ ခံစားနေရချိန်မှာ ရေးဖွဲ့ထားခြင်း ဖြစ်၏။ ကျနော် ပြောနေရင် မပြည့် မစုံနဲ့ ဖြစ်နေပေလိမ့်မယ်။ YouTube မှာ ရှာကြည့်နိုင်ပါ၏။ တခုခုတော့ ခံစား သိမြင်သွားမှာ အသေအချာပင်။ သူမ၏ ပင်ကိုရေး သီချင်းတွေထဲ ဒီတပုဒ်ကို ကျနော် အကြိုက်‌ဆုံး ဖြစ်၏။ ၂၀၂၂ မှာ သူမ ကွယ်လွန်သွားခဲ့၏။ သူမ မရှိတော့ပေမဲ့ အခက်အခဲ တစုံတရာနဲ့ ကြုံလာတိုင်း ကင်ဆာ ရောဂါကို အကောင်းဆုံး ခုခံ ခဲ့ပြီး အဆင်ပြေသွားပါလိမ့်မယ်ဆိုပြီး ပြောခဲ့တဲ့ သူမကို မေ့ကြမှာ မဟုတ်ပေ။

ခုတလော သီချင်း အေးအေးတွေ ပို၍ နားထောင် ဖြစ်၏။ စိတ်အားတက်စရာ ဘာညာတွေထက် နားထောင်လို့ အဆင်ပြေပြီး ကိုယ့်စိတ်ခံစားချက်၊ ကိုယ့်အကြိုက်နဲ့ ကိုက်ညီတဲ့ သီချင်းမျိုးတွေပေါ့။ သီချင်းတွေ ရှိနေလို့သာ ဘဝအမောတွေ ဖြေခွင့်ရနေသည် မဟုတ်ပါလား။

Sort:  

သီချင်းတွေကလည်း စိတ်ခံစားချက်ကို ပံ့ပိုးပေးတယ်။
!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
@htwegyi(1/10) tipped @donjaun

Please vote for pizza.witness!