Keep Moving

in HIVE-MYANMAR11 days ago

ဒီနေ့ မနက် မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ EPL ပွဲစဉ် တပွဲ ကစား၏။ Arsenal vs Chelsea တို့၏ ပွဲစဉ် ဖြစ်၏။ Round 29 ၏ ပွဲကျန် ပွဲစဉ် ဖြစ်၏။ Arsenal တို့ အိမ်ကွင်းမှာ Chelsea ကို ၅ ဂိုးပြတ်ဖြင့် အနိုင်ရသွားခဲ့၏။ 34 ပွဲ ကစားပြီး 77 မှတ်ဖြင့် အမှတ်ပေးဇယားကို Arsenal တို့ကပဲ ဆက်လက် ဦးဆောင်ထားခဲ့၏။

ယခု ပွဲစဉ်မှာ Chelsea အသင်း၏ အဓိက ကစားသမား Palmer ပါဝင် ကစားနိုင်ခြင်း မရှိခဲ့ပေ။ Palmer FC မဟုတ်ဘူး၊ Chelsea FC ကွဟု သက်သေပြမယ် ကြုံးဝါးထားပေမယ့် တကယ်တမ်းမှာတော့ Arsenal ကို ၅ ဂိုးပြတ်နဲ့ အရှက်တကွဲ အရှုံးပေးခဲ့ရ၏။ Palmer ၏ အရေးပါမှုက လက်မခံချင်လည်း လက်ခံပေးရပေလိမ့်မည်။ Drogba လက်သစ်ဟု တင်စားခံထားရသည့် Jackson ကတော့ ခုထိ သူ့ ခြေစွမ်းကို ထိန်းသိမ်းထား၏။ ဂိုးလည်း မသွင်းဘူး၊ အပိုင်ဂိုးလည်း ဘေးကန် ပစ်မယ်ဟု သန္နိဌာန်ချထားသည့် Jackson ပင်။

တချို့ Troller တွေကတော့ FA Cup ကနေ မိမိတို့ကို ထွက်အောင် လုပ်ခဲ့သည့် Man City ကို Chelsea တို့ Arsenal ကို ဂိုးပြတ် အရှုံးပေးပြီး လက်စားချေ နေပြီဟု troll နေကြ၏။ Chelsea ကလည်း Chelsea ပင်။ ကိုယ်တွေ United နဲ့ နင်လား ငါလားပင်။

မနက် ၁ နာရီခွဲမှာ Arsenal vs Chelsea ပွဲ နှင့်အတူ တပြိုင်ထဲ ကစားသည့် ပွဲစဉ် တခုလည်း ရှိသေး၏။ Leicester City vs Southampton တို့ Championship ပွဲစဉ် ဖြစ်၏။ Arsenal ကို အားကျလို့ထင်ပါရဲ့ Leicester တို့ကလည်း Southampton ကို ၅ ဂိုးပြတ်ဖြင့် အနိုင်ကစားသွားခဲ့၏။ 44 ပွဲ ကစားပြီး 94 မှတ်ဖြင့် Championship အမှတ်ပေး ဇယားကို Leicester City တို့ကပဲ ဆက်လက် ဦးဆောင်ထား၏။

နက်ဖြန် မနက် မြန်မာစံတော်ချိန် ၁ နာရီ ၁၅ မိနစ်နှင့် ၁ နာရီခွဲတွေမှာ EPL Round 29 ပွဲကျန် ၄ ပွဲ ဆက်လက် ကစားကြမည် ဖြစ်၏။ အသည်းကျော်လည်းဖြစ် စိတ်ဒုက္ခ အပေးဆုံးလည်း ဖြစ်သည့် Man United ၏ ပွဲစဉ်လည်း ရှိနေ၏။ United တို့ အိမ်ကွင်းမှာ Sheffield United ဖြင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်၏။ ချန်ပီယံလိဂ် ဝင်ခွင့် မဖြစ်နိုင်ခဲ့ရင်တောင် ယူရိုပါလိဂ် ဝင်ခွင့်လေးတော့ ရအောင် လုပ်သင့်သည် မဟုတ်လား။ အားပေးသူ ပရိတ်သတ်တွေ အတွက် ဒီလောက်လေးတော့ လုပ်ပေးသင့်သည် မဟုတ်လား။

Come on United လို့ပဲ ထပ်မံပြီး ဆက်လက်၍ အားပေးရုံပေါ့။

(Photos from Respective Teams Facebook page)

Sort:  

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻